ddfhj
Pအလုံခြုံရဆုံး လေကြောင်းလိုင်းများ
လေကြောင်းသယ်ယူပို့ဆောင်ရေးဆိုတာ အချိန်ကုန်သက်သာပြီး သက်တောင့်သက်သာရှိစေတဲ့ သယ်ယူပို့ဆောင်ရေးတစ်ခုဖြစ်ပါတယ်။
ဒါပေမယ့် လေထုထဲ ပျံသန်းရတာဖြစ်တဲ့အတွက် လေယာဉ်ချို့ယွင်းတာ၊ မတော်တဆမှုတစ်စုံတစ်ရာဖြစ်ခဲ့ရင် ခရီးသည်တွေ အသက်ရှင်သန်နိုင်ဖို့ ရာခိုင်နှုန်းနည်းပါးပါတယ်။ ဒါပေမယ့်လည်း ခရီးတွင်နိုင်ရေးအတွက် လေကြောင်း သယ်ယူပို့ဆောင်ရေးကို အသုံးပြုနေရဆဲဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ကမ္ဘာပေါ်က အလုံခြုံရဆုံးလေကြောင်းလိုင်းတွေကို ဖော်ပြပေးပါမယ်။
၁။ Air New Zealand
စစ်တမ်းတွေအရ Air New Zealand လေကြောင်းလိုင်းဟာ လုံခြုံစိတ်ချရတဲ့ လေကြောင်းလိုင်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလေကြောင်းလိုင်းဟာ ဆယ်စုနှစ်နှစ်စုစာလောက်အတွင်းမှာ မတော်တဆဖြစ်စဉ်ဖြစ်ပွားမှု မရှိခဲ့တဲ့လေကြောင်းလိုင်းတစ်ခုဖြစ်တယ်လို့ သိရပါတယ်။