မြတ်ဆရာ ၂

in #steemit8 years ago

လောကတွင် ဆရာတို့သည် မျိုးဆက်သစ် ကျောင်းသားလူငယ်တို့ကို ပညာသင်ပြ ကြရသည်။ အတွေးအခေါ်မှန်ကန်အောင် သင်ပြကြရသည်။ လိမ္မာ ယဉ်ကျေးအောင် ဆိုဆုံးမ ကြရသည်။ စည်းကမ်းရှိစွာ ပြုမူ ပြောဆို တက်အောင် ဆုံးမကြရသည်။ လူကောင်းလူတော် များဖြစ်လာအောင် သွန်သင် ပျိုးထောင်ကြရသည်။ ထို့ ကြောင့်လည်း အချို့ က ဆရာဟူသည်
ဥယျာဉ်မှူးကောင်းပင်ဖြစ်သည်ဟု တင်စားကြပါသည်။
ဥယျာဉ်မှူးကောင်းတို့သည် မိမိတို့ စိုက်ပျိုးထားသော ပန်းကလေးများကို ရှင်သန် ကြီးထွားစေရန် ပေါင်းသင် ရေလောင်းကာ မြေတောင်မြှောက်ပေးကြသည်။ ပန်းများကို ဝေဆာစေရန် ဥယျာဉ်မှူးပမာ ဆရာတို့ သည်လည်း အောင်မြင်မှု ပန်းများ ဝေဖြာစေရန် လေ့ ကျင့်ပျိုးထောင်ပေးနေသည့် လူသားဥယျာဉ်မှူးများဟုဆို နိုင်ပါသည်။

konlon. .1.jpg

အချို့ က ဆရာဟူသည် ဓားသွေးကျောက် ကဲ့သို့ တူညီမှု ရှိကြောင်းကို နှိုင်းယှဉ်ကြသည်။သွေးသောဓား ထက်လေလေ သွေးသောကျောက်မှာ ပါးလေလေဖြစ်သည်။
ဆိုလိုသည်မှာ ဆရာတို့ မှ အနစ်နာခံ၍ တပည့်များကို အဆင့်ဆင့် အောင်မြင် ကြီးပွားတိုးတက်သွားအောင် စွမ်းဆောင်သည့် သဘောပင်ဖြစ်သည်။ သို့ သော် ယနေ့  ခေတ်တွင် ဆရာတို့ သည် ဓားသွေးကျောက် မဟုတ်တော့ချေ။ ဓားထုတ်လုပ်သော ပန်းပဲဖိုသဖွယ် လိုချင်သည့် ဓားကို လိုချင့်သည့် ပုံစံရအောင် ထုတ်လုပ်နိုင်ပြီ ဖြစ်သည်။ အကြောင်းမှာ နည်းပညာခေတ် ဖြစ်၍ ဆရာတို့ သည် မိမိတို့ အရည်အချင်း တို့ကို လျော့မသွားအောင် တိုးတက်ဆောင် ရွက်နိုင်သောကြောင့်ပင်သည်။

konlon. .1.jpg

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.083
BTC 63903.56
ETH 1726.58
USDT 1.00
SBD 0.42