The way of happy living in harmony with otherssteemCreated with Sketch.

in #steemit7 years ago

အခြားသူများနှင့်လိုက်လျောညီထွေအောင်နေထိုင်နည်း
The way of happy living in harmony with others
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

ပျော်ရွှင်တဲ့ဘဝတစ်ခုကို တည်ဆောက်ရာမှာ အရေးကြီးတဲ့အရာတစ်ခုက အခြားသူများနဲ့ လိုက်လျောညီထွေအောင် နေတတ်ထိုင်တတ်ခြင်းဖြစ်ပါတယ်-
အခြားသူတွေနဲ့လိုက်လျောညီထွေအောင် နေထိုင်ခြင်းဆိုတာ သဘာဝတရားနှင့် သဟဇာတဖြစ်အောင်နေခြင်းပါပဲ

An important ingredient to build a happy life is the ability to live in harmony with others.
Living in harmony with others means living in harmony with nature.

ဒီလိုနေတတ်ထိုင်တတ်ရန် တူညီတဲ့ပန်းတိုင်သို့ အရောက်သွားဖို့  လမ်းအမျိုးအမျိုးကို လူတွေရွေးချယ်တတ်ကြတယ်ဆိုတာ သဘောပေါက်နားလည်ရပါမယ်-

To achieve this, we must understand that there are many paths people can take to reach the same goals.

ဒါကြောင့် အခြားသူတွေက ကျွန်တော်တို့ နဲ့မတူတဲ့ သူတို့ကိုယ်ပိုင် ဓလေ့ထုံးစံတွေ- အမြင်တွေ- အတွေးခေါ်တွေကို စွဲကိုင်ထားလျင် အလွန့်အလွန် စိတ်မချမ်းမသာဖြစ်ပြီး ဆန့်ကျင်ဘက်အဖြစ် အပြစ်မတင်သင့်ပါဘူး-
မတူညီတဲ့ လူ့ အဖွဲ့ အစည်းတွေထဲက လူသားတွေကြားမှာ ကောင်းမွန်တဲ့ စံချိန်စံညွှန်းသတ်မှတ်ချက်တွေဟာ ခြားနားမှုရှိပါတယ်-

Therefore , we should not be unduly upset and blame as opposite of ours if other people hold to their own customs, views, thoughts which are different from ours.
The standards of good manners differ among people belonging to different societies.

နိုင်ငံတစ်ချို့ မှာ ညစာစားပွဲကျင်းပရင် ဧည့်သည်တွေ အတတ်နိုင်ဆုံး ဆူဆူညံညံ စားသောက်ကြမယ်လို့  မျှော်လင့်ကြပါတယ်-
ဧည့်သည်တွေက စားသောက်ပွဲပီးလို့  လေတက်အော့အံလျင် မယဉ်ကျေးတဲ့ အပြုမူအဖြစ် မသတ်မှတ်ပါဘူး-
သူတို့ ရဲ့  အစားသောက်တွေကို နှစ်နှစ်ခြိုက်ခြိုက် စားသောက်ကြတဲ့ လက္ခဏာပြတယ်လို့  အိမ်ရှင်က ယူဆတဲ့အတွက်ကြောင့်ပါပဲ--

In some countries, guests at dinner are expected to eat as noisily as possible.
It is also not considered impolite if the guests belch at the end of meal since this would indicate to the host that they had really enjoyed the meal.

ထမင်းဟင်းတွေကို လက်ချောင်းတွေနဲ့  ယူငင်စားသောက်ခြင်းကို တစ်ချို့ က အထင်မြင်သေးကြပါတယ်-
တစ်ချို့ လူတွေကတော့ ထမင်းဟင်းတွေကို ခရင်းဇွန်းတွေအသုံးပြုပြီးစားခြင်းဟာ ချစ်ကြင်နာတဲ့ ဆက်ဆံရေးကို သရုပ်ဖော်လုပ်ဆောင်တယ်လို့ ထင်ကြပါတယ်-

အခြားလူ့ အဖွဲ့ အစည်းမှာတော့ အဲဒီလို စားသောက်ပွဲ အပြုအမူကို ရိုင်းစိုင်းတယ် မကောင်းတဲ့အပြုအမူဖြစ်တယ်လို့  မှတ်ယူကြပါတယ်-

Eating rice and curries using the fingers is looked down upon by some people.
To some others, eating rice and curries using a fork and spoon is like carrying on a romantic relation through an interpreter.

Such table manners would be considered rude, ill-mannered in other societies.

နိုင်ငံတစ်ခုမှာ အကြောင်းတစ်ခုကြောင့် လက်ချောင်းကို ပါးစပ်ထဲ နှာခေါင်းထဲထည့်တာဟာ အလွန့် အလွန် ရိုင်းပြတယ်လို့  ယူဆပေမဲ့ အခြားနိုင်ငံတွေမှာတော့ ဘယ်လိုသဘောမှ မဆောင်ပါဘူး-

လူတစ်ချို့ က လူကြားသူကြားမှားမှာ ရှုးဖိနပ်နှင့် ရိုက်တာကို အရိုသေတန်တယ်လို့  ယူဆပြီး ကလေးတစ်ယောက်ကို ညှပ်ဖိနပ်အသုံးပြုပြီးသာ ဆုံးမသင့်တယ်လို့  မြင်ကြပါတယ်-

While in one country, putting one's finger in one's mouth or nose for any reason is considered most insulting , it may mean nothing in some other countries.

Some people think it is degrading to be struck by a shoes among other people, a slipper can be used for spanking a child.

မတူညီသော လူမျိုးတွေ- ရိုးရာအစဉ်လာတွေ- ဘာသာရေးတွေရှိနေတဲ့ ကမ္ဘာကြီးထဲမှာ အပြန်လှန် လေးစားတတ်ဖို့  များပြားလှတဲ့ ရှောင်ရန် ဆောင်ရန်တွေကို လေ့လာထားသင့်ပါတယ်-
ဒီလိုမှမဟုတ်လျင် ယဉ်ကျေးမှုနှင့်ပတ်သက်ပြီး ကိုယ်ချင်းမစာခြင်းကြောင့်ဖြစ်ပေါ်တဲ့ အန္တရာယ်စီ ဦးတည်သွားပါလိမ့်မယ်-

In this world with its diverse races, traditions and religions there are many do's and don't which we should learn to respect.
Otherwise we run the risk of appearing culturally insensitive.

နားလည်မှုရှိတဲ့ လူတွေကြားမှာတော့ အခြားသူတွေကိုရော ကိုယ့်ရဲ့  အကျင့်စရိုက်တွေကိုပါ လှောင်ပြောင်ရယ်မောနေနိုင်တာပေါ့-
အခြား လူ့ အဖွဲ့ အစည်းတွေကြားမှာ ပျံ့ နှံ့ ဖြစ်ပေါ်နေတဲ့ ထူးခြားကွဲပြားတဲ့ အပြုအမှုတွေနဲ့  ဓလေ့ထုံးစံတွေကို ခရီးသွားလာတဲ့အခါ သိသိသာသာ တွေ့ ရပါတယ်-

Of course among understanding people , we can laugh at others and our own practices.
We discover the peculiarities of the manners and customs prevailing in other societies most noticeably when traveling.

အပြုအမူတွေ ဓလေ့ထုံးစံတွေကို သင့်လျှော်တယ် မသင့်လျှော်ဘူးလို့  မလေ့လာဘဲ အလျင်အမြန် မဆုံးဖြတ်သင့်ပါဘူး-
ကျွန်တော်တို့ ရဲ့  ဆောင်ရွက်ပုံကို ရိုးရိုးရှင်းရှင်း ဖော်ပြတဲ့ အပြုအမူတွေကိုယ်တိုင်ကတော့ ကောင်းတယ် ဆိုးတယ်ဆိုတာ မရှိပါဘူး-

ဒါပေမဲ့ ဒီအပြုအမူတွေကနေ အခြားသူတွေအပေါ် အကောင်းမမြင်တဲ့ စိတ်ခံစားချက်တွေ ဖြစ်ပေါ်စေတဲ့အခါ မကောင်းတဲ့ အပြုအမူတွေအဖြစ် သတ်မှတ်ကြတာပါ-

We should not prejudge manners and customs too quickly as to what is proper and improper.
In themselves , manners which simply refer to how we behave are neither good nor bad.

But when they cause ill feelings in others, then this can be considered as bad manners.

ကျွန်တော်တို့ ဟာ ပြောင်းလဲနေတဲ့ လောကကြီးထဲမှာ နေထိုင်နေကြတာပါ-
ကျွန်တော်တို့ ဘိုးဘွားတွေ မျိုးရိုးစဉ်ဆက်တွေရဲ့  အစဉ်လာယုံကြည့်မှုတွေ ဓလေ့ရိုးရာတွေ ထုံးတမ်းစဉ်လာတွေ ဘာသာရေးကျင့်ဝတ်တွေကို မျက်စိစုံမှိတ်ပြီး ဖက်တွယ်မထားသင့်ပါဘူး-
သူတို့ ဟာ ထိုအချိန်က ဖြစ်ပေါ်နေတဲ့ သူတို့ ရဲ့  ယုံကြည်ချက်- နားလည်မှုစွမ်းရည်နဲ့  အဲဒီအကျင့်စရိုက်တွေကို ခံယူခဲ့ကြတာကြောင့် ဖြစ်ပါတယ်-

We living in an ever-changing world.
We should not cling blindly to the tradition, customs, manner, rites and rituals practiced by our forefathers and ancestors because they adopted these practices according to their beliefs and understanding capacity prevalent at that time.

ရာစုနှစ်တစ်ခုပြီးတစ်ခု အချိန်တွေပြောင်းလဲသလို အခြေနေတွေလည်း ပြောင်းလဲနေပါတယ်-
အချိန်အခါနဲ့  အခြေနေအပြောင်းလဲနှင့် လျော်ညီစွာ ကျွန်တော်တို့  လိုက်ပါရပါမယ်-

Time is changing and situations is also changing century by century.
We must follow according to the changing of time and situation.

ကျွန်တော်တို့  မျိုးရိုးစဉ်ဆက်တွေက လက်ဆင့်ကမ်းလာတဲ့ ဓလေ့ထုံးစံတွေ ရိုးရာအစဉ်လာတွေဆိုတာ ကောင်းတဲ့ဟာကောင်းပေမဲ့ အသုံးဝင်မှုနဲတာတွေလဲ ရှိနိုင်ပါတယ်-

ဒီအလေ့အကျင့်တွေဟာ မျက်မှောက်ခေတ်နဲ့  သဟဇာတဖြစ်သလား- သင့်လျော်သလား အရေးပါအရာရောက်သလားဆိုတာကို အမြင်ကျယ်ကျယ်နဲ့  စဉ်းစားသုံးသပ်ရပါမယ်-

Some customs and traditions handed down by our ancestors may be good, while others are less useful.
We should consider with an open mind whether these practices are congenial , fit and significant to the modern world.

ကာလမသုတ္တန်မှာ ဓလေ့ထုံးစံ- ရိုးရာအစဉ်လာ -ယုံကြည်မှု- အလေ့အကျင့်တွေနဲ့ ပတ်သက်ပီး မြတ်ဗုဒ္ဓက-
" ဒါတွေဟာ အပြစ်ရှိတယ်- မှားယွင်းတယ် - မိမိသူတစ်ပါးနှစ်ဦးသားအတွက် မကောင်းဘူးဆိုတာကို သိလျင် အဲဒါတွေကို စွန့် လွှတ်ပါ-
ဒါတွေကတော့ အပြစ်ကင်းတယ် မှန်ကန်တယ် မိမိသူတစ်ပါး နှစ်ဦးသားအတွက် ကောင်းမွန်တယ်လို့  သိလျင် လက်ခံပြီး လိုက်နာပါ" လို့  အကြံပြုခဲ့ပါတယ်--

In the Kalama Sutta , the Buddha has given this advice about customs , tradition, belief and practice:
" When you know yourself that certain things are unwholesome, wrong and bad for you and others, then give them up.
And when you know for yourself that certain things are wholesome, right and good for you and others , then accept them and follow them."

လူကြီးတစ်ချို့ ဟာ မျိုးဆက်သစ်လူငယ်တွေ ရှင်သန်နေတဲ့ ခေတ်ရဲ့  အတွေးအခေါ်တွေ- နည်းလမ်းတွေကို လက်ခံနိုင်စွမ်းမရှိပါဘူး-
သူတို့ ဘိုးဘွားအစဉ်ဆက်က ဆင်းသက်လာတဲ့  ဓလေ့ဟောင်းတွေ ရိုးရာအစဉ်လာဟောင်းတွေကိုပဲ ကလေးတွေက လိုက်နာကြဖို့  မျှော်လင့်ကြပါတယ်-

Some elderly people cannot tolerate the modern ideas and ways of living of the younger generation.
They expect their children to follow the same age old customs, and traditions of their forefathers.

အဲဒီလို သဘောထားမျိုး ခံယူမည့်အစား လူငယ်တွေရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေက မိမိသူတစ်ပါးနှစ်ဦးသားကို ထိခိုက်နစ်နာမှုမရှိလျင် အချိန်အခါနှင့်အညီ လှုပ်ရှားဆောင်ရွက်ခွင့်ပြုသင့်ပါတယ်-

လူကြီးတွေဟာ သူတို့ ငယ်စဉ်အချိန်က လူထုကြားမှာပျံ့ နှံ့ ကျော်ကြားတဲ့ စတိုင်တွေကို သူတို့  မိဘတွေကိုယ်တိုင်က ဘယ်လို ကန့် ကွက်တာ ခံခဲ့ရတယ်ဆိုတာကို ပြန်လည် အမှတ်ရသင့်ပါတယ်-

Instead of adopting such attitude, they should allow the young to move with time if the activities are harmless to themselves and others.

Elders should call to mind how their own parents had objected to certain popular modes of behavior prevalent at the time when they were young.

ရှေးရိုးစွဲအယူရှိတဲ့ မိဘတွေနဲ့  လူငယ်မျိုးဆက်သစ်တွေကြားက ဒီခြားနားချက်တွေဟာ ယနေ့  မိသားစုတွေကြားမှာဖြစ်ပေါ်နေတဲ့ ပြဿနာရဲ့  မြစ်ဖျားခံရာ ယေဘုယျအချက်ဖြစ်ပါတယ်-
ဒါဟာ မိဘတွေအနေနဲ့  မိမိတို့ သားသမီးတွေ တန်းဘိုးထားမှုလွဲမှားပြီး လမ်းလွဲရောက်သွားလျင် ဆုံးမလမ်းညွှန်မှုပေးဖို့  တွန့် ဆုတ်နေရမယ်လို့  ဆိုလိုတာ မဟုတ်ပါဘူး-

These differences in perception between the conservative parents and the younger generation are a common source of conflict within families of today.
This does not mean that parents should hesitate to counsel and guide their children if they have gone astray due to some misplaced values.

သူတို့ ကို ပြုပြင်ပေးတဲ့အခါ ကာကွယ်ခြင်းက အပြစ်ပေးခြင်းထက် ပိုကောင်းတယ်ဆိုတဲ့ အခြေခံသဘာတရားကို သတိပြုသင့်ပါတယ်-
ဒါ့အပြင် စံတန်ဘိုးတွေအပေါ် နှစ်သက်သဘောကျရခြင်းအကြောင်း သဘောမကျရခြင်း အကြောင်းကို ရှင်းရှင်းလင်းလင်း ပြောဆိုရှင်းပြရပါမယ်-

But when correcting them , they should obverse the principle that prevention is better than punishment.
Then, parents should also clearly explain to their children why they disapprove or approve of certain values.

" ငါက မင့် မိဘ , မင့်- ငါစကားနားထောင်ရမယ် " ဆိုတဲ့ ထိန်းသိမ်းကြပ်မတ်ခြင်းမျိုးဟာ ရာစုနှစ်အဟောင်းတွေမှာ ကျန်ခဲ့ပါပီ-

" I am your parents, you must obey me ", like this disciplining is left behind in old centuries.

လူတစ်ယောက်ဟာ တစ်ဦးတည်းနေလျင် မတူညီတဲ့ ထင်မြင်ယူဆချက်တွေနဲ့ ပတ်သက်လို့  ကြီးမားတဲ့ပြဿနာ မဟုတ်ပါဘူး-
လူ့ အဖွဲ့ အစည်းထဲမှာနေဖို့  ရွေးချယ်လျင်တော့ အခြားသူတွေနှင့် နေသားမကျသည့်တိုင်အောင် အဲဒီလူတွေရဲ့  အမြင်တွေ ခံယူချက်တွေကို လေးစားတတ်ဖို့  ဆက်ဆံတတ်ဖို့  လေ့လာရပါမယ်-

If a person lives alone then he or she will not have big problem with differing opinions.
But if we have chosen to live in a society, we must learn to respect and deal with views and opinions of others even though they are not confirmed with others.

ကျွန်တော်တို့  မြန်မာနိုင်ငံသား ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် က--
သူဟာ ရုံးမှာရှိတဲ့အခါ သူနဲ့ အတူလုပ်ဖော်ကိုင်ဘက်တွေအပေါ် ကိုယ်ရေးကိုယ်တာ ယုံကြည်ချက်တွေ ရိုးရာဓလေ့တွေနှင့် သာဓကပြ ပြောဆိုပီး တိုက်တွန်းတာတွေ မလုပ်မိအောင် အထူးဂရုစိုက်ခဲ့တယ်လို့  ပြောခဲ့ပါတယ်-

U Thant from our country the former Secretary General of United Nations said that when he was in office he took great care not to push his personal beliefs and traditional practices on those he worked with either by example or speech.

အိမ်မှာနေတဲ့အခါမှာတော့ ဗုဒ္ဓဘာသာကောင်းတစ်ယောက်ပီသစွာ ဘာသာစကား အစားအသောက် ဘာသာရေးနှင့်ပတ်သက်ပြီး မြန်မာ့ရိုးရာ အစဉ်အလာကို လိုက်နာခဲ့ပါတယ်-
သူရဲ့  အမြင်သဘောထားတွေကိုဖော်ပြရာမှာလည်း အခြားသူတွေအပေါ် ဖိအားဖြင့် သိမ်းသွင်းရန် ကြိုးစားခြင်းမျိုးမဟုတ်ဘဲ သိမ်မွေ့ ယဉ်ကျေးစွာ ဖော်ပြပါတယ်-

When he was at home however, he followed our Burmese traditions concerning language, food , and religion fully as a good Buddhist.
He expressed his views gently and politely without trying to impose views on others by force.

ဒါဟာ ကြီးကြယ်မြင့်မြတ်သူတစ်ယောက်အနေနဲ့  မိမိရဲ့  ကိုယ်ပိုင်ယုံကြည်ချက်နှင့် ဘဝပုံစံကို သူတစ်ပါးတွေလက်ခံစေရန် ဖိအားဖြင့် ပုဂ္ဂိုလ်ရေးလွှမ်းမိုးတာမျိုး ဘယ်တော့မှ အသုံးမပြုဘူးဆိုတာ ပြတာပါ-

This shows how at least one great noble man never used his personal influence to force others to accept his won belief and way of life.

ဦးသန့် ဟာ အခြားသူတွေနှင့် လိုက်လျောညီထွေရှိအောင် နေထိုင်းနည်းကို လက်တွေ့ ပြသွားတဲ့
ထူးခြားသည့် စံပြ ကမ္ဘာ့ခေါင်းဆောင်တစ်ယောက် ဖြစ်ပါတယ်-
ကျွန်တော်တို့ ဟာ သူ့ ရဲ့  မြင့်မြတ်တဲ့ သဘောထား- အပြုအမူတွေ - အခြားသူတွေနှင့်ဆက်ဆံပုံ အလေ့အကျင့်တွေကို အတုယူသင့်ပါတယ်-

U Thant was a special ideal world leader who showed how to live in harmony with others.
We should imitate his noble attitude, behaviours and practices dealing with others.

အခြားသူတွေနှင့် လိုက်လျောညီထွေ ဆက်ဆံတတ်တဲ့သူတွေဟာ ဘယ်နေရာရောက်ရောက် ဘာပဲလုပ်လုပ် သူတစ်ပါးတွေရဲ့  လေးစားမှုကိုခံရပြီး စိတ်ချမ်းသာမှုရပါတယ်-
လူတိုင်းလူတိုင်း လူ့ အဖွဲ့ အစည်းထဲမှာ ပျှော်ရွှင်ငြိမ်းချမ်းစွာ နေထိုင်နိုင်ကြပါစေ-

People who can live in harmony with others have great respect by others and happiness wherever they go and whatever they do.
Wish everyone to live in society happily and peacefully!

imagecredit;
အရှင်ကုမုဒ ( ဗောဓိတစ်ထောင် )
လန်ဒန် - အင်္ဂလန်

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.033
BTC 61959.02
ETH 3004.67
USDT 1.00
SBD 3.59