Hinthada(my first writing)

in #steemit7 years ago (edited)

ကျွန်တော်က ကောင်းဆက်ဇေယျပါ။
image

ကျွန်တော်က ဟသာင်္တမြို့မှာနေပါတယ်။ဟသာင်္တဆိုတာ ဧရာဝတီတိုင်းရဲ့ ဒုတိယမြို့ပါ။ဟသာင်္တမြို့လို့ခေါ်တွင်ရတဲ့ အကြောင်းအရင်းတွေကတော့ သုံးမျိုးလို့ရှိပါတယ်။ဟသာင်္တမြို့ဟာဆိုရင် ဧရာဝတီမြစ်ရဲ့ ခွဲဖြာနေသော မြစ်လက်တက်ဘေးမှာတည်ရှိတဲ့ မြစ်ဝကျွန်းပေါ်ဒေသတစ်ခုဖြစ်ပါတယ်။မြို့၏ပတ်ပတ်လည်ကို တာများဖြင့်ဝန်းရံထားပြီးတည်ဆောက်ထားတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။
ဟသာင်္တမြို့ဟာ အခြားမြို့ကြီးများနဲ့ ကူးသန်းရောင်းဝယ်ရေးပြုလုပ်ဖို့အတွက် အချက်အခြာကြတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။။ဟသာင်္တမြို့ဟာဟင်္သာတမြို့မှာ ဦးပါရဲစေတီတော်၊ မြို့သူကြီးစေတီတော်၊ ကျောက်တော်ကြီးစေတီတော်၊ ငါးမျက်နှာစေတီတော်၊ ဆယ်ထပ်ကြီးစေတီတော်၊ ကျောက်ထီးသန္တုစေတီတော် စတဲ့တန်ခိုးကြီးစေတီတော်တွေရှိတဲ့အပြင် မြန်မာနိုင်ငံမှာ ဒုတိယအကြီးဆုံးလျောင်းတော်မူဖြစ်တဲ့ တိလောကဥသျောင် လျောင်းတော်မူဘုရားကိုလည်း ဟင်္သာတမြို့အနီး နတ်မော်ရွာမှာ ဖူးမျှော်နိုင်ပါတယ်။ ဒါအပြင် ဟင်္သာတမြို့အနားက သမိုင်းဝင် ဇလွန်ပြည်တော်ပြန် ဘုရားဟာ မြန်မာနိုင်ငံမှာ ထင်ရှားပါတယ်။ဘာသာတရား အလွန်ကိုင်းရှိုင်းတဲ့မြို့လေးတစ်မြို့ဖြစ်ပါတယ်။မနက် ၄နာရီဆို သံဃာတော်များကို ဆွမ်းလောင်းလှူတဲ့မြင်ကွင်းဟာ အလွန်ကျက်သေရေရှိလှပါတယ်။
မြို့၏ကြားထဲရှိ မြစ်လက်တက်အသေးလေးတွင် တံတားလေးပြုလုပ်ထားပြီး မြို့၏ဟိုဖက်ကမ်းတွင် ဓနိမိုးလေးများဖြင့် အပန်းဖြေစားသောက်ဆိုင်ငယ်လေးများလဲရှိပါတယ်။ဟသာင်္တမြို့တွင်ဆိပ်ကမ်းတစ်ခုရှိပြီး အခြားမြို့များမှ မော်တော်များဖြင့် ကုန်စည်များလာရောက်ဝယ်ယူကြပါတယ်။အခုအချိန်ဟာ ဧရာဝတီမြစ်ရဲ့ ရေတက်ချိန်ဖြစ်တဲ့အတွက် ကုန်စည်သဘောင်္များစွာလဲ လာရောက်ဆိုက်ကပ်နေပြပါတယ်။ကုန်သဘောင်္ကြီးဆိုက်ပြီဆိုရင် မြို့သူမြို့သားဟာ သဘောင်္ကြီးမှာ အထက်ပိုင်းကထွက်တဲ့ ကုန်ပစ္စည်းများကို လာရောက်ဝယ်ယူကြပါတယ်။
ဟသာင်္တမြို့ဟာ မြစ်၏နံဘေးမှာရှိတဲ့အတွက် ရာသီဥတုဟာ မျှတပါတယ်။ဘာသာတရားကိုင်းရှိုင်းတဲ့အတွက် မြို့လေးဟာ သဘာဝဘေးအန္တရာယ်ကြရောက်တဲ့အခါ တစ်ခါမှ ဆိုးဝါးစွာ ကျရောက်ခြင်းမရှိပါဘူး။အလွန်လုံခြုံတဲ့မြို့လေးတစ်မြို့ဖြစ်ပါတယ်။
မြို့တစ်မြို့လုံးနီးပါးဟာ ကွန်ကရစ်များဖြင်း လမ်းခင်းထားပြီး မြို့ပတ်လမ်းတည်ရှိပါတယ်။လမ်းပန်းဆက်သွယ်ရေးလဲ အလွန်ကောင်းမွန်တဲ့ မြို့တစ်ခုဖြစ်ပါတယ်။
ဟသာင်္တမြို့ဟာ စိုက်ပျိုးရေးထွက်ကုန်များထွက်ရှိရာမြို့လဲဖစ်ပါတယ်။ဟင်္သာတမြို့ဟာ ခရိုင်မြို့ကြီးတစ်မြို့ဖြစ်ပြီး ဒီခရိုင်ထဲမှာ ရှိတဲ့ မြို့နယ် ၆ ခုကတော့ အင်္ဂပူမြို့နယ်၊ ကြံခင်းမြို့နယ်၊ မြန်အောင်မြို့နယ်၊ ဇလွန်မြို့နယ်၊ လေးမျက်နှာမြို့နယ်နဲ့ ဟင်္သာတမြို့နယ်တို့ဖြစ်ပါတယ်။မြို့လယ်တွင် ဈေးကုန်တန်းကြီး နှင့် ဘောလုံးကွင်းကြီးဟာ ကပ်လျက်ရှိပါတယ်။မြို့တွင် အားကစားလုပ်ဖို့အတွက် သီးသန့်နေရာများလဲ ရှိပါတယ်။ဆောင်းရာသီမှာ လူတွေဟာ မိသားစုတွေနဲ့ လမ်းလျောက်ထွက်ကြပါတယ်။ယောဂကိုလဲ အုပ်စုလိုက် ဆော့ကြပါတယ်။ကလေးများအတွက် သီးသန့်ကစားကွင်းများလဲရှိပါတယ်။

ဟသာင်္တမြို့ဟာ အာဇာနည်များ၊ဂီတကညာရှင်များထွက်ရှိရာ မြို့တစ်မြို့လဲဖစ်ပါတယ်။။မြန်မာနိုင်ငံမှာ အောက်လင်းဓါတ်မီးပုံ အာဇာနည်ဗိမာန် ၃ခုသာရှိသည့်အနက် ဟင်္သာတ အာဇာနည်ဗိမာန်လည်း တစ်ခု အပါအဝင်ဖြစ်ပြီး ဟရောက်ရှိခဲ့ဖူးပြီးင်္သာတအာဇာနည်ဗိမာန်က ကျန်ဗိမာန် ၂ ခုနှင့်မတူဘဲ အောက်ခံအဆင့်များပါရှိကြောင်း သိရပါတယ်။မြန်မာနိုင်ငံရဲ့ တစ်ခုတည်းသော သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး သင်တန်းကျောင်းစတဲ့ ပညာရပ်တွေဖြန့်ဖြူးပေးရာ ပညာရေးရေခံမြေခံရှိတဲ့ မြို့ပါ။ ဟင်္သာတမြို့ရဲ့ နာမည်ကြီးတဲ့ အစားအစာကတော့ ဟင်္သာတမုန့်ဟင်းခါးဖြစ်ပြီး ဟင်္သာတမြို့ရောက်ရင် မလွတ်တမ်း စားသုံးသင့်ပါတယ်။ဟသာင်္တမြို့ဟာ စိုက်ပျိုးရေးမြို့ဖြစ်တဲ့အတွက် ဟင်းသီးဟင်းရွက်အလွန်ပေါများပါတယ်။ဟသာင်္တကိုအလည်လာသူတိုင်းဟာ အပြန်လက်ဆောင်အဖြစ် ဟင်းသီးဟင်းရွက်များကိုဝယ်သွားလေ့ရှိပါတယ်။ကျွန်တော့်ရဲ့ ပထမဆုံး ကိုယ်တိုင်ရေး ဟသာင်္တမြို့review လေးကို ဒီမှာတင်ရပ်နားပါရစေ။လာလည်ဖို့လဲဖိတ်ခေါ်ပါရစေ။

မြို့သူကြီးစေတီတော်

Writer-Kaung Set Zaya
Refလုပ်ထားတာသုံးကြောင်းလောက်တော့ပါပါတယ်
Ref-mizima

image
ဟသာင်္တမြို့ Drone ဖြင့်ရိုက်ကူးထားပုံ
image
ဟသာင်္တမြို့ Drone ဖြင့်ရိုက်ကူးထားပံ
image
ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထု နှင့် အာဇာနည်ကျောက်တိုင်
image

image
သာယာလှသောမြစ်ကမ်းဘေးမှအကြော်ဆိုင်
image
ဆွမ်းခံထွက်နေသောသံဃာတော်များ



image
image
image
တိလောကဥသျောင် လျောင်းတော်မူဘုရား

Sort:  

Congratulations @kaungsetzaya! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of posts published

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

Nice post ပါဗျာ

ကျေးဇူးပါ

ဒါမှ​ဇေယျ ဗျ
အား​ပေး​နေမယ်

ဟုတ်ကဲ့အကို ကျေးဇူးပါ😃

Nice post. Keep writing. We are ready to vote you

Thank you bro.I am trying.

ဟုတ်​ မင်္ဂလာပါ bro kaungsetzaya

မင်္ဂလာပါဗျ

Coin Marketplace

STEEM 0.18
TRX 0.12
JST 0.027
BTC 64595.89
ETH 3413.52
USDT 1.00
SBD 2.31