ဒီအချိန်ဆို ဒီလိုဘဲ (KSZY)

in #steemit7 years ago

မိုးရာသီ ရောက်လာပြီဆိုရင် ဧရာဝတီမြစ်ရေများဟာလဲ အထက်ကနေဆင်းသက်လာလို့ ဟသာင်္တကို တဖြည်းဖြည်းစီးဆင်းဝင်ရောက်နေပြီဖြစ်ပါတယ်။တစ်နေ့ထက်တစ်နေ့ မြစ်ရေဟာတက်လာခဲ့သည်မှာကာရံထားတဲ့ တာရိုးများထိပ်တိုင်အောင်ပါဘဲ။တာဆိုတာဟာလဲ လူအရပ်လေးရပ်စာလောက်ရှိပါတယ်။

ဟသာင်္တဟာ တာများဖြင့်တည်ဆောက်ဝန်းရံထားတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။တာတွေရဲ့သက်တမ်းဟာလဲ နှစ်ပေါင်းများစွာကိုကြာမြင့်နေပြီဖြစ်ပါတယ်။သို့ပေမဲ့ တာများဟာ အလွန်ခိုင်ခံပါတယ်။ဒီနှစ်တော့ ဘယ်လိုလာဦးမလဲ မသိဘူး။အရင်နှစ်တွေကတော့ ရေပြည့်ပြီဆိုရင် လူတွေဟာလဲ ရင်တထိတ်ထိတ်နဲ့ပါ။ဘယ်အချိန်တာကျိုးမလဲဆိုတာ လန့်နေကြရတာပါ။မနှစ်ကတော့ ရွေစေတီတာကနေ ရေစိမ့်ပါတယ်။လူနိုင်သွားလို့တားနိုင်ခဲ့ပါတယ်။ရေပြည့်လာပြီဆိုရင်တော့ တာတစ်ခုခုကကျိုးကိုကျိုးပါတယ်။ဒါမှလဲရေကကျသွားမှာပါ။ရေတက်လာရင် မြစ်လယ်ကကျွန်းတွေ ဟိုဖက်ကမ်းကရွာတွေက ရေမြုပ်ပါတယ်။

ကျွန်တော်တို့ မြန်မာတွေဟာ အလှူအတန်းကို အင်မတန်မှဝါသနာပါကြပါတယ်။ရေကြီးတဲ့အချိန်ဆိုရင် အဖွဲ့အစည်းလိုက် သို့ သူငယ်တွေစုပြီး ရေဘေးဒုက္ခသည်များကို ရေတစ်တန် ကုန်းတစ်တန် သွားရောက်လှူဒါန်းကြပါတယ်။ဒါဟာလဲ တစ်မျိုးကြည်နူးစရာကောင်းလှပါတယ်။မြန်မာပြည်အရပ်ရပ်ကလူတွေက နေရာဒေသမရွေး သွားရောက်လှူဒါန်းကြပါတယ်။ဒါဟာမြန်မာတွေရဲ့ အင်မတန် မွန်မြတ်တဲ့စိတ်ဓာတ်တစ်ခုပါဘဲ။မြန်မာဆိုရင် ကမ္ဘာမှာ အလှူအတန်းအရက်ရောဆုံးနိုင်ငံအဖြစ် ရပ်တည်နေခဲ့တာကြာပါပြီ။ဘယ်တော့မှလဲ တကမ္ဘာလုံးမှာ အလှူအတန်းအရက်ရောဆုံးနိုင်ငံကနေ ဒုတိယအဆင့်ကိုရောက်မှာမဟုတ်ဘူးဆိုတာ ယုံကြည်ပါတယ်။

image
image
image

Writer- Kaung Set Zaya

Coin Marketplace

STEEM 0.31
TRX 0.12
JST 0.032
BTC 57810.33
ETH 2939.11
USDT 1.00
SBD 3.70