ဆန်စပါး

in #steemit7 years ago (edited)

ဆန်စပါး

imageခတ်မှီိတိုးတက်နေတဲ့ ယနေ့ခေတ်ကြီးထဲမှာ ကျွန်တော်တို့တောင်သူလယ်သမားများပါ စက်မှု့လယ်ယာအသွင်ကို ကူးပြောင်းလာခဲ့ပါပြီ..။ကျွန်တော်တို့ အဖိုး အဖွားလက်ထက်ကဆိုရင် စပါးပင်ကနေ လူတိုင်းလူတိုင်းအခုစားသုံးနေကြတဲ့ ”ဆန်”ကို ရဖို့အတွက် တောင်သူလယ်သမားကြီးများပင် ချွေးဒီးဒီးကျရုံမျှမက၊ နွားသန်ကြီးများပင်လျှင် ပင်ပန်းပြီးလဲသွားသည်အထိ ကြိုးစားရုန်းကန်ကြရတယ်ဗျ..။

imageစပါးစပြီးစိုက်ပျိုးတော့မယ်ဆိုရင် ပျိုးထောင်ခြင်း ၊ကောက်စိုက် ခြင်း ကိုစလုပ်ရတယ်ဗျ...။ မိုးဦးကျတာနဲ့ တပြိုင်နက်ထဲ လယ်များကိုစထွန်ပြီးစပါးစိုက်ကြတယ်ပေါ့ဗျာ...။
စပါးစိုက်ပျိုးပြီး ၃လခွဲ ၄လကြာတဲ့အခါမှာတော့ စပါးတွေရိတ်သိမ်းဖို့ အချိန်ကျရောက်လာပြီပေါ့...။

imageဟိုးအရင်ကနေ အခုအချိန်ထိပေါ့ဗျာ စပါးကိုလူနဲ့ပဲရိတ်ကျတယ်ဗျ...။ကျွန်တော့တို့ရွာမှာဆိုရင် စပါးရိတ်တဲ့အဖွဲ့ မိန်းကလေးတွေရော ယောက်ျားလေးတွေရော ဆယ်ယောက်တဖွဲ့ ဆယ့်ငါးယောက်တဖွဲ့ ရှိကြတယ်ဗျ....။စပါးရိတ်တော့မယ်ဆိုရင် လယ်ရှင်ကြီးတွေက စပါးရိတ်သိမ်းတဲ့အဖွဲ့တွေကိုငှါးပြီး ရိတ်သိမ်းကြရတယ်ဗျ...။

ရိတ်သိမ်းတဲ့နေရာမှာ တစ်ဧကကို ဘယ်လောက် နှစ်ဧကဘယ်လောက် ဆိုပြီးပေးရတယ်ပေါ့ဗျာ...။ရိတ်သိမ်းမယ်ဆိုရင် စပါးရိတ်တဲ့အဖွဲရဲ့ နေ့လည်စာကို လယ်ရှင်ကြီးတွေက ကျွေးရတာပေါ့။အဲအချိန်ဆိုအလုပ်က တော်တော်ရှုပ်တာဗျ...။ရိတ်ပြီးသား စပါးတွေကို အထုံးတွေထုံးပြီးမှအိမ်သယ်ရတယ်ဗျ...။ကျွန်တော်တို့နယ်ဘက်ကတော့ အဲလိုထုံးပြီးသား အထုံးတွေကို ”ကောက်လှိုင်းထုံး” လို့ခေါ်ကြတယ်ဗျ..။

imageအဲကောက်လှိုင်းထုံးတွေကို အိမ်ကိုသယ်ဖို့ နွားလည်းငှါးရပြန်တယ်ဗျ..။ရှိရှိတမျှလယ်တွေအကုန်လုံးက ကောက်လှိုင်းတွေအိမ်ကိုသယ်ရတယ်ဆိုတော့ အချိန်တော်တော်ပေးရတာပေါ့ဗျာ..။တခါတလေကျတော့လည်း လှည်းငှါးကမရနဲ့ သိပ်အဆင်မပြေဘူးဗျ..။

အရင်ဆုံးကောက်လှိုင်းတွေသယ်တော့မယ်ဆိုရင် တလင်းလုပ်ရတယ်ဗျ...။တလင်းဆိုတာ ကောက်လှိုင်းတွေမြေကြီးပေါ်ချရင် စပါးစေ့တွေနဲ့ ဖုတ်မြေတွေနဲ့ရောကုန်မှာဆိုးလို့ ရေဖြန်းပြီးမြေသိပ်သွားအောင် လှည်းနဲ့ ကွေ့ပက်ပြီးမောင်းရတာပေါ့ဗျာ....။ကောက်လှိုင်းတွေအိမ်ရောက်ပြီဆိုရင်လည်း တလင်းထဲမှာ စီစီရီရီလေးဖြစ်ဖို့ ကောက်လှိုင်းဆိုင်တယ်ဆိုပြီးလုပ်ရပြန်ရော...။နေ့ကျတော့ ကောက်လှိုင်းတိုက် ညရောက်ရင် ကောက်လှိုင်းစီနဲ့ တော်တော်အလုပ်ရှုပ်သလို တော်တော်လဲပင်ပန်းတာပေါ့ဗျာ...။

ကောက်လှိုင်းတွေ အိမ်ရောက်ပြီဆိုရင် ကောက်လှိုင်းတွေကို နွားနဲ့နယ်ဖို့ ကောက်ပြန့်စီရတယ်ဗျ..။ကောက်ပြန့်ဆိုတာတော့ နွားနဲ့လှည့်ပတ်နယ်ဖို့အတွက် အပြန့်လေးဖြစ်အောင် နဲနဲချင်းဖြန့်ထားတာပေါ့ဗျာ...။အဲဒိကောက်ပြန်ကိုမှ နွား နှစ်ကောင်၊ သုံးကောင်၊ လေးကောင် နဲ့ နယ်ရတာဗျ...။ကောက်ပြန့်ကို မနက်စောစော လေးနာရီ လောက်ကတည်းက စပြီးနယ်မှ မနက်ဆယ်နာရီလောက်မှ ကျတယ်..။မနက်စောစော ချမ်းကချမ်းနဲ့ပေါ့ဗျာ...။ကောက်ပြန့်နယ်ပြီး ကျပြီဆိုတာနဲ့ အဲဒီကောက်ပြန့်ကို ဖြည်ပြီး နောက်တခါ နွားနဲ့ထပ်နယ်ရတယ်...။ကောက်ပြန့်ကျသွားပြီ စပါးတွေ လဲ ကုန်ပြီဆိုတာနဲ့ ကောက်ရိုးတခြား စပါးတခြားဖြစ်အောင် ကောက်ဆွလေးနဲ့ ကောက်ရိုးတွေကို သပ်ယူရတယ်ဗျ..။ကောက်ဆွဆိုတာကတော့ တလံလောက်ရှည်တဲ့ ဝါးလုံးသေးသေးကို သံချောင်းကွေးကွေးလေးတပ်ထားတာပေါ့...။

imageကောက်ရိုးတွေ ကုန်သွားပြီး စပါးတွေပဲကျန်နေခဲ့ပြီဆိုတော့မှ စပါးယပ်ခြင်းအလုပ်စလုပ်ရတယ်ဗျ..။စပါးယပ်တဲ့နေရာမှာတော့ လူများများနဲ့ စကောတစ်ချပ်ဆီကိုင်ပြီး တစ်ယောက်က စကောနဲ့ စပါးသယ်လာပြီးဖြန်ပေးလိုက် လှည့်ပတ်ပြီးယက်လိုက်နဲ့ပေါ့ဗျာ..။စပါးယက်လို့ပြီးရင်တော့ ခင်ဗျားတို့ကျွန်တော်တို့ အခါစားသုံးဖို့အတွက် ဆန်ကိုရရှိဖို့ အဆင်သင့်ဖြစ်သွားပါပြီခင်ဗျာ...။

ဟိုအရင်တုန်းကတော့ စပါးကိုရရှိဖို့ တောင်သူကြီးများမှာ အဲလိုပဲ ပင်ပန်းဆင်းရဲခံပြီးအဆင့်ဆင့် လုပ်ကြရတာပေါ့ဗျာ...။အခုအချိန်ထိလဲ အဲလိုလုပ်နေကြတဲ့သူတွေတော်တော်များများရှိနေကြပါသေးတယ်...။

imageအခု စက်မှု့လယ်ယာတွေတိုးတက်လာတဲ့ခေတ်ကြီးဟာ တောင်သူကြီးတွေအတွက် သိပ်ကိုအကျိုးသက်ရောက်စေပါတယ်...။ စပါးရိတ်ချိန်မှာဆို ဟိုးအရင်ကလို စပါးပင်ကနေ စပါးသန့်သန့်လေးရဖို့ အချိန် သုံးလ လေးလ ပေးပြီး အပင်ပန်းဆင်းရဲခံစရာမလိုတော့ဘူဗျ..။ရိတ်သိမ်းချွေလှေ့စက်ကြီး ကျွန်တော်တို့တောင်သူကြီးတွေလက်ထဲ ပေါက်ရောက်လာတာ သိပ်ကိုအဆင်ပြေတာပေါ့ဗျာ..။ imageဟိုအရင်ကလို အလုပ်သမားများများရှာစရာမလိုဘူး.၊အလုပ်သမားငှါးမရလို့လဲ စိတ်ညစ်စရာမလိုတော့ဘူးဗျ..။အချိန်ကုန်သက်သာတယ်..။လူပင်ပန်းသက်သာတယ်..။ငွေကုန်သက်သာလာတယ်..။စပါးကိုလဲ နာရီဝက်မကြာ လုပ်ဆောင်ပေးတယ်...။စပါးအိပ်တွေကို အိမ်တိုက်ဖို့အတွက်ပဲ လုပ်ရတော့တာဗျ...။တောင်သူကြီးတွေအတွက်တော့ သိပ်ကိုအဆင်ပြေစေတာပေါ့..။စက်မှု့လယ်ယာ အဖြစ်ကူးပြောင်းလာချင်းဟာ တောင်းသူကြီးတွေအတွက် သိပ်ကိုအဆင်ပြေသလို နောက်နောင်လဲ လယ်တွေ ယာတွေကို စိုက်ပျိုးဖို့အတွက် အားအင်တွေဖြစ်စေပါတယ်...။အခုလိုသာ နောက်နောင်လဲ စက်မှု့လယ်ယာပစ္စည်းတွေတီထွင်တိုးတက်ပြီး တောင်သူကြီးတွေအတွက်အဆင်ပြေနေရင် တောင်သူကြီးတွေဟာ တောင်သူကြီးတွေပဲ ဖြစ်နေမှာပါ ။ဘယ်တော့မှ သူတို့လယ်ယာလုပ်ငန်းကိုစွန့်သွားမှာမဟုတ်ပါဘူး....။

MSC:078
written by htetlinaungg

Sort:  

Congratulations @htetlinaungg! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of posts published

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

စပါးလုပ်ပုံ အဆင့်ဆင့်ကို သိခွင့်ရလို့ ကျေးဇူးပါ
တောင်သူဦးကြီးများကို စာနာမိပါတယ်

ဟုတ်ကဲ့ပါခင်ဗျာ

ဆန်တစ်စေ့ ရဲ့တန်ဖိုးက တောင်သူလယ်သမားတွေပဲ ပိုသိပါတယ်

ဟုတ်တာပေါ့ဗျာ

post​ကောင်းတစ်​ခုပါပဲ

အရမ်း​ကောင်းပါတယ်​ဗျာ

ဆန်တစေ့ ရဖို့ အတွက် တောင်သူတွေ ပမ်းပန်းခံပြီးကြိုးစားရတာ ။

ဟုတ်တာပေါ့ဗျာ အဲကြောင့်လဲကျေးဇူးရှင်တောင်သူဦးကြီးမျာ့းခေါ်ကြတာပေါ့

လက်မူ့လယ်ယာမှသည် စက်မူ့လယ်ယာဆီသို့😃😃

ငယ်ငယ်ကစပါးရိတ်ခဲ့ဖူးတယ်ဗျ
တိုးတက်ပြောင်းလဲလာသောဒို့နိုင်ငံအတွက်ဂုဏ်ယူစရာပါဗျာ။
အချိန်တိုတိုနဲ့လူမပင်ပန်းတော့ဘူးပေါ့ဗျာ
လက်နဲ့လုပ်ဆောင်ခဲ့တဲ့ခေတ်မှစက်နဲ့ရိတ်သိမ်းနိုင်စွမ်းရှိခဲ့ပြီလေ(သူရ)

တခါတည်းဆန်ထွက်လာတဲ့စင်ပေါ်လာရင်ပိုအဆင်ပြေမယ်ဗျ

လူတွေပျင်းရိကုန်လိမ့်မယ်…ဟ

ဗဟုသုတရတယ်​...​တောင်​သူကြီးများကိုလည်း​ကျေးဇူးတင်​မိတယ်​...ဒီပို့စ်​ဖတ်​ပြီး...

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 64741.88
ETH 3457.21
USDT 1.00
SBD 2.55