We Can Do It.
တစ်စုံတစ်ယောက်
ချစ်ခြင်းမေတ္တာ ငတ်မွတ်နေတယ် ...
မင်းရဲ့မေတ္တာနှလုံးသားနဲ့ သူ နွေးထွေးပါစေ ... ။
တစ်စုံတစ်ယောက်
ဆာလောင်မွတ်သိပ်နေတယ် ...
မင်းရဲ့မျှဝေမှုနဲ့ သူ ခဏတာပြည့်ဝပါစေ ... ။
တစ်စုံတစ်ယောက်
ငိုကြွေးနေတယ် ...
မင်းရဲ့အားပေးမှုနဲ့ သူ
မျက်ရည်ခမ်းခြောက်ပါစေ ... ။
တစ်စုံတစ်ယောက်
ခိုကိုးရာ အကူညီမဲ့နေတယ် ...
မင်းရဲ့အသိဥာဏ်ပညာနဲ့ သူ ထွန်းလင်းပါစေ ... ။
တစ်စုံတစ်ယောက်
မှောင်နေတဲ့လမ်းကို စမ်းတဝါးဝါး လျှောက်နေတယ် ...
မင်းရဲ့အလင်းရောင်သော့ချက်နဲ့ သူ့ရဲ့ ဦးနှောက်တံခါး ပွင့်ပါစေ ... ။
Author - @eithinzaraung
RSM - 3
Photo Credit from google
ကဗျာကောင်းတယ်
ကျေးဇူးတင်ပါတယ် bro :)
အရမ်းကောင်းတယ် ညီမ အားပေးနေမယ်
ကြိုးစားထား
ဟုတ်ကဲ့ ကျေးဇူးပါရှင့်
ဆက်လက်အားပေးနေဆဲပါ
ဟုတ်ကဲ့ ကျေးဇူးပါ bro
လန်းလွန်းလို့ ဘယ်လိုပြောရမှန်းတောင်မသိတော့ဘူး nice
ဟုတ်ကဲ့ပါ အစ်ကိုရေ :D
ခံစားချက်တွေ😁😁
နည်းနည်းပါ bro ရ :-P