ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ

in #steemit6 years ago

ယနေ့ တွေ့ဆုံပွဲ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့်ကိုယ်စားလှယ်များအား လက်ခံတွေ့ဆုံ
image
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ ကျင်းပရေးဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ တတိယအစည်းအဝေးသို့ တက်ရောက်လာကြ သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် ကိုယ်စား လှယ်များအား ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဗဟိုဌာန၌ လက်ခံတွေ့ဆုံသည်။
image

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် “၀” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSA) ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ဥက္ကဋ္ဌ ဦးဆေးထင်၊ မိုင်းလားအထူးဒေသ(၄)(NDAA) ဒုတိယဥက္ကဋ္ဌ ဦးစံပေ့နှင့် ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) ဒုတိယဥက္ကဋ္ဌ(၂) အက်စ်ဂွမ်မော်တို့အား ယနေ့ညနေ ၃ နာရီခွဲတွင်လည်းကောင်း၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)မှ တားခူးလန်း၊ မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော် -ကိုးကန့်တပ်ဖွဲ့ (MNDAA)မှ ဦးရန်ဝင်ကျုံး နှင့် ရက္ခိုင့် တပ်မတော်(AA)တို့မှ ဦးညိုထွန်းအောင်တို့အား ယနေ့ညနေ ၄ နာရီခွဲတွင်လည်းကောင်း သီးခြားစီလက်ခံ တွေ့ဆုံသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ အား တွေ့ဆုံစဉ် ပဋိပက္ခများလျော့ချနိုင်ရေး၊ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးနိုင်ရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲများ တွင် ပါဝင်နိုင်ရေးစသည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေး ကြသည်။

image

တွေ့ဆုံပွဲများသို့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ဒုတိယ၀န်ကြီးဦးမင်းသူ၊ ဦးခင်မောင်တင်နှင့် ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့ တက်ရောက်ကြသည်။

ပြနလည်မျှဝေပါသည်။
Cedit photo

Sort:  

ဝေမျှပေးတာကျေးဇူးပါ

Congratulations @chawchaww! You received a personal award!

1 Year on Steemit

Click here to view your Board of Honor

Support SteemitBoard's project! Vote for its witness and get one more award!

Congratulations @chawchaww! You received a personal award!

Happy Birthday! - You are on the Steem blockchain for 2 years!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 59604.53
ETH 2413.47
USDT 1.00
SBD 2.43