ရေးနေဆဲ လွမ်းနေဆဲပါ
တစ်ညနေ သင်တန်းပြီးတော့ ထုံးစံအတိုင်းပဲ ကျွန်တော် အိုအေစစ် မှာ သွားထိုင်ပါတယ်။ ကော်ဖီခါးခါးတစ်ခွက်မှာပြီး ပါလာတဲ့စာအုပ်ကိုထိုင်ဖတ်နေလိုက်တယ်။ ကိုချမ်းအေး ထိုင်မယ်နော်ဆိုပြီး ငြိမ်း လာထိုင်ပါတယ်။ ကိုယ့်အိပ်ထဲမှာ ပိုက်ဆံ ပိုပိုလျှံလျှံလေးရှိနေချိန်ဆိုတော့ ငြိမ်းတခုခုသောက်ပါလားလို့ ပြောမိရဲ့။ ကိုချမ်းအေး ပိုက်ဆံပါလို့လားတဲ့။ စသေးတယ်။ သူလဲ ကော်ဖီတစ်ခွက်မှာပြီး ကျွန်တော့်ကို အရေးကြီးတာတိုင်ပင်ချင်လို့တဲ့။
”ပြောလေ ငြိမ်း ”ဆိုတော့
ကိုချမ်းအေး စိတ်မတိုရဘူးနော်တဲ့။ ခေါင်းပဲညိတ် ပြလိုက်တယ်။
” ကိုချမ်းအေး လျက်ဆားကို သိတယ်မို့လား။”
”ဟင့်အင်း မသိဘူး” ဆိုတော့ သူ့ဖာသာ ရယ်ပြီး ဟုတ်သားပဲ ငြိမ်းတို့ကသူ့ကို လျက်ဆားလို့ နာမည်ပေးထားတာတဲ့။
”ကိုချမ်းအေး ဘေးမှာထိုင်တဲ့တစ်ယောက်လေ ”
”အင်း ဘာဖြစ်လို့လဲ ”
”သူ တစ်နေ့က ငြိမ်းရဲ့အဆောင်ကို လိုက်လာတယ်။ ငြိမ်းကို သူချစ်တဲ့အကြောင်းပြောတယ်။ ငြိမ်းသူ့ကို မချစ်ဘူး။ ”
”အင်း အဲဒီတော့ မချစ်နိုင်တဲ့အကြောင်းပြောလိုက်ပေါ့”
”ပြောတာပေါ့ ကိုချမ်းအေး ရဲ့။ ငြိမ်းက သူ့ကို မချစ်နိုင်ဘူးလို့ပြောတော့ သူက ကိုချမ်းအေး ကြောင့်လားတဲ့။ ဘာမှမဆိုင်ဘူး လို့ မဆိုင်တာမပြောနဲ့လေ လို့ ငြိမ်းပြောလိုက်တယ်။ အဲဒါသူက ကိုချမ်းအေး ကို မေးကြည့်ချင်လို့တဲ့။ သူက အဲဒီလို အလိုက်ကန်းဆိုး မသိတာ ငြိမ်းမကြိုက်ဘူး”
”အင်း သူက ဘာမေးချင်တာလဲ”
”ငြိမ်း နဲ့ ကိုချမ်းအေး ကို ချစ်သူတွေလို့ သူထင်နေတယ်။
ကိုချမ်းအေး ကို သူအဲဒါပဲမေးမယ်ထင်တယ်။ သူ့ကို စိုးရိမ်လို့ မဟုတ်ဘူးနော် သူဘာဖြစ်နေနေ ငြိမ်းမပူဘူး။ ကိုချမ်းအေး တခုခု ဖြစ်မှာပဲ ငြိမ်းပူတာ”
ကျွန်တော် ပြုံးမိတယ် ။ ငြိမ်းကတော့ ပြန်သွားပါပြီ။
ကျွန်တော်သာ တစ်ယောက်ထဲ ဆက်လွမ်းရင်း ဆက်ရေးရင်း ကျန်နေခဲ့တော့တယ်။
Quite an amazing picture you have there in your post. Upvoting you as my follower @ chanlay