အထက်တန်း ကိုရီးယားအမျိုးသမီးတွေ ဝတ်ဆင်

in #steemit6 years ago

image

အထက်တန်း ကိုရီးယားအမျိုးသမီးတွေ ဝတ်ဆင်

ကိုရီးယားနန်းတွင်းဇာတ်လမ်းတွဲတွေကြည့်ရင် သူတို့ရဲ့ လှပတဲ့ချစ်စဖွယ်နန်းတွင်းဝတ်စုံလေးတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။
နန်းတွင်းသမားတော် ချန်ဂင်ဇာတ်ကား၊ ဂိုဂူလျောပြည်ကို တည်ထောင်သူ ဂျူမုံဇာတ်ကားစတဲ့ ဇာတ်ကားတွေဟာ ပြည်တွင်းမှာ ကြိုက်နှစ်သက်သူများပြားသလို ကိုရီးယားရှေးနန်းတွင်းရဲ့ ဓလေ့တွေကိုလည်း ကြည့်ရှုလေ့လာနိုင်တဲ့ ဇာတ်ကားတွေဖြစ်ခဲ့ပါတယ်။

image

ဒီတစ်ခါတင်ပြမှာကတော့ ရှေးကိုရီးယားနန်းတွင်းမှာ ဝတ်ဆင်လေ့ရှိတဲ့ နန်းတွင်းဝတ်စုံအကြောင်း ဖြစ်ပါတယ်။ အဲဒီ ဝတ်စုံအမည်ကတော့ Dangui ဖြစ်ပါတယ်။ Dangui ဆိုတာ ကိုရီးယားရိုးရာဝတ်စုံဖြစ်ပြီး အထက်တန်းစားအမျိုးသမီးတွေ ဝတ်ဆင်လေ့ရှိတဲ့ ဝတ်စုံဖြစ်ပါတယ်။ ဒီဝတ်စုံကို ဂျိုဆောင်မင်းဆက်စိုးစံစဉ်ကာလအတွင်း ဝတ်ဆင်ကြလေ့ရှိပြီး အထူးသဖြင့် ပွဲလမ်းအခမ်းအနားတွေမှာ ဝတ်ဆင်ကြလေ့ရှိပါတယ်။ Dangui ဝတ်စုံကို dang-jeogori၊ dang-jeoksam လို့လည်း ခေါ်ဝေါ်ကြပါတယ်။ ဒီဝတ်စုံဟာ ၅၇ ဘီစီကနေ ၆၆၈ အေဒီအတွင်းစိုးစံခဲ့တဲ့ မင်းဆက် ၃ ဆက်လက်ထက်ကနေ စတင်ပေါ်ပေါက်ခဲ့တယ်လို့ မှတ်တမ်းတွေက ဆိုပါတယ်။

image

တရုတ်နိုင်ငံရဲ့ ရိုးရာဝတ်စုံတွေကနေ ဆင်းသက်လာတယ်လို့လည်း ဆိုကြပါတယ်။ စာပေပညာရှင် Yi Jae ကတော့ သူရေးသားတဲ့ စာအုပ်ထဲမှာ Dangui ဝတ်စုံအပါအဝင် ကိုရီးယားလူမျိုးတွေရဲ့ ထုံးတမ်းဓလေ့တွေအကြောင်း ဖော်ပြထားပါတယ်။ Dangui ဝတ်စုံဟာ ဒူးဖုံးတဲ့အထိ အရှည်ရှိရသလို အင်္ကျီလက်တွေကတော့ ကျဉ်းမြောင်းတဲ့ပုံသဏ္ဍာန်ရှိပါတယ်။ ဒီဝတ်စုံဟာ ရှေးကိုရီးယားအမျိုးသမီးတွေ နေ့စဉ်ဝတ်ဆင်တဲ့ sangbok ဝတ်စုံနဲ့လည်း ဆင်တူပါတယ်။ ဒီဝတ်စုံကို ဘုရင့်မိဖုရားတွေ၊ အရာရှိအမျိုးသမီးတွေအပြင်၊ လူကုံထံစီးပွားရေးလုပ်ငန်းရှင်တွေလည်း ဝတ်ဆင်ကြလေ့ရှိပါတယ်။

Sort:  

Get a $13.00 Upvote and Your Post Resteemed to My 2 Accounts @a-0-0 and @a-a-a with 72,500+ Followers. Send 3 SBD with Your post URL in MEMO to @a-0-0

@resteemator is a new bot casting votes for its followers. Follow @resteemator and vote this comment to increase your chance to be voted in the future!

Coin Marketplace

STEEM 0.18
TRX 0.14
JST 0.029
BTC 57062.81
ETH 3068.42
USDT 1.00
SBD 2.43