မိုး

in #steemit6 years ago

ပန်းသတင်း လေညှင်းဆောင် ဟူသကဲ့သို့ ပန်းစံပယ်ရနံ့ များ လေထဲ တွင်လူးလာခေါက်တုံ လျှောက်နေကြသည်။ မိုးမင်းကြီးသည် အငြိုးနှင့် သည်းကြီးမည်းကြီး ရွာချလိုက်သော အခါတွင် ပန်းကလေးများသည်မြေပြင်သို့ ကြွေကျရှာသည်။ မြေပြင်ညိုညိုတွင် ရေမျောပန်းပွင့်ကလေးများကို တွေ့ ရသည်။ ထိုပန်းကလေးများသည် ဘယ်သောင် ဘယ်ကမ်း ဘယ်စခန်းဆိုက်ကပ်မည်မသိ မတွေးတော့တက်တော့ပေ။ မိုးတစ်ပြိုက်နှစ်ပြိုက်ရွာချလိုက်သည်နှင့် မြက်ပင်ရှည်ကြီးများသည် စိမ်းစိုထောင်လာတော့သည်။ ထိုမြက်ပင်ရိုင်းများသည် နတ်ကြိမ်လုံးနှင့် အတို့ ခံလိုက်ရသောသူပမာ ညှိုးရာမှရွှင်လာတော့သည်။ အရှင်မိုးနတ်မင်းကြီးကို မြေသားညှိုပေါ်မှ ဂါရဝပြုနေတော့သည်။ ကျေးဇူးသိတက်သော မြက်ပင်ရှည်ကြီးများပင်။

ရွာချလိုက်သောမိုးဖွဲနှင့် အတူ ဂျုန်းဂျုန်း ဂျိမ်းဂျိမ်းဆိုသော
မိုးခြိမ်းသံ လဲ ညံနေပါတော့သည်။ ကြောက်မက်ဖွယ်မိုးသံများကြားတွင် ထိတ်လန့်နေသဖြင့် နွေးထွေးသော အမေရင်ခွင်ထဲတိုးဝင်ခဲ့ဖူးသော ကလေးဘဝကို တမ်းတကာ လွမ်းဆွတ်လှပါသည်။
"မိုးရွာရင် မိုးရေချိုးမယ် မေမေလာရင်နို့ စို့ မယ် ဖေဖေလာရင်အုန်းသီးခွဲစားမယ်" ဟု ခုနှစ်သံချီကာ မိုးရေချိုးခဲ့သောအချိန် ထို့ မိုးနေ့များကို သတိရမိသည်။ အပူအပင်ကင်မဲ့သော ကလေးဘဝတွင် စက္ကူလှေလေးများ လွှတ်ခဲ့သည်မှာ အမှတ်ရစရာပင်။ မိုးတစ်နေ့ ၏ အမှတ်ရဖွယ် မိုးရာသီ၏ အမှတ်တရများအား ကွန်တော် နှလုံးအိမ်ထဲတွင် အမြစ်တွယ်နေပါသည်။

IMG_20180522_090128.jpg

မိုးလေးညှို့လာရင်လွမ်းမျက်ရည်လေးလယ် ဆိုတဲ့ သီချင်းလေးအတိုင်းပင်။
မိုး ရာသီတွင် ချစ်ကျွမ်းဝင်သူများအဖို့  မိုး ရွာခြင်း၏ အနှစ်သာရကို အပြည့် အဝခံစားမိကြမည်ဖြစ်သည်။

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.031
BTC 63310.58
ETH 2680.23
USDT 1.00
SBD 2.58