Steemit

in #steemit6 years ago

Steemit Platform ပေါ်တွင်ရင်းနှီးမြှပ်နှံခြင်း ( Henry Aung )

မင်္ဂလာပါ။ ဤဆောင်းပါးမှာ ဆရာတင်လှိုင် ဦးမှ ကျွန်တော့ အားမေးသော မေးခွန်း ဖြစ်သည့် Steemit Platform ပေါ်တွင် ရင်းနှီး မြှပ်နှံလျင် ဖြစ်ပေါ်လာနိုင်သော အကျိုး ဆက်များ အကြောင်းကို ဖေါ်ပြလိုရင်း ဖြစ်ပါသည်။ ဆရာ့ အား Chat Box မှ ဆွေးနွေး ရှင်း ပြနိုင်သော်လည်း အခြားသူများလည်း ဗဟုသုတ ရ နိုင်ရန် အလို့ငှာ ဆောင်းပါး အဖြစ်ရေးသား ဖေါ်ပြလိုက်ရခြင်း ဖြစ်ပါသည်။

ပထမ ဦးစွာ အနေဖြင့် ကျွန်တော်သည် ရင်းနှီး မြှပ်နှံမှုတွင် ကျွမ်းကျင်သော သူ မဟုတ်ကြောင်း ကို ကြိုတင်ပြောကြားထားလိုပါသည်။ ဤဆောင်းပါးတွင် ဖေါ်ပြထားသော တွက်ချက်ထားသော အကြောင်းအရာတို့မှာ မိမိ၏ ထင်မြင်ယူဆ ချက်သာဖြစ်၍ တဝေမတိမ်း လိုက်နာဆောင်ရွက် ရန် မဟုတ်ကြောင်း ကြိုတင်ပြောကြားထားလိုပါသည်။

ဤ ဆောင်းပါးမှာ တွက်ချက်မှုများ ထင်မြင်ယူဆချက်များ ဖေါ်ပြရမည် ဖြစ်သဖြင့် အနည်း ငယ်ရှည်လျားသော ဆောင်းပါး ဖြစ်သောကြောင့် သည်းခံ၍ ဖတ်ရှုစေလိုပါသည်။ ထို့အပြင် ဤဆောင်းပါးတွင်ပါဝင်သော တွက်ချက်မှုများမှ ယနေ့ Steem ပေါက်ဈေးဖြင့် တွက်ချက်ဖေါ်ပြမှု ဖြစ်ကြောင်းလည်း သတိထားမိစေလိုပါသည်။

Steem Platform ပေါ်တွင် ရင်းနှီးမြှပ်နှံရာတွင် အခြေခံအားဖြင့် သုံးမျိုးရှိပါသည်။ မိမိတို့မှာ Steemit ၏ Initial Coin offering ကို မှီလိုက်သူများ မဟုတ်ကြ၍ ဤ Steem coin များ ကို အများအပြား ပိုင်ဆိုင်နိုင်ရန် မဖြစ်နိုင်တော့ပါ။ ဆိုလိုသည်မှာ Steem ကို ဈေးပေါပေါဖြင့် မရနိုင်တော့ပါ။

ထို့ကြောင့် ဤ Steem ကို ရရှိနိုင်ရန် blogging လုပ်မည်လော ၊ ဝယ်ယူ ရင်းနှီး မည် လော ဟူ၍ ဖြစ်လာပါသည်။ blogging မှာ ယခု MSC မှ အကူအညီပေး ၍ လက်တွဲခေါ်နေကြသူများ ဖြစ်၍ blogger များအတွက်တော့ ထပ်မံမဖေါ်ပြတော့ပါ။ ဝယ်ယူ စုဆောင်း ရင်းနှီးလိုသူများအတွက် သာသီးသန့် ဖေါ်ပြပေးသွားပါမည်။

Steem 100- 500 အသေရင်းနှီးမြုပ်နှံခြင်း

ဤရင်းနှီး မြုပ်နှံခြင်းမှာ လက်ရှိပေါက်ဈေးတွင် ဝယ်ယူစုဆောင်းထားခြင်းသာဖြစ်၍ ထိုစုဆောင်းထားခြင်းမှ မိမိအတွက် ကာလတို အကျိုးအမြတ် မရရှိနိုင်သေးပါ။ အကျယ်ရှင်းပြပါမည်။ ဤ ယနေ့ Steem ပေါက်ဈေးမှာ 1 steem = 4.15 $ USD ဖြစ်ပါသည်။ ထို့ကြောင့် Steem 100 ဝယ်မည်ဆိုလျင် 415 $ ကုန်ကျမည်ဖြစ်ပါသည်။ မြန်မာငွေ ပေါက်ဈေး 1$USD = 1300 kyat ဖြင့် တွက်လျင် 539500 kyat ဖြစ်ပါသည်။ မြန်မာငွေ ငါးသိန်းကျော် ကုန်ကျပါမည်။ Steem 500 အတွက် ဆိုလျင် ယနေ့ ပေါက်ဈေးဖြင့်

500 x 4.15 = 2075$

2075 x 1300= 2,697,500 kyat

မြန်မာငွေ ၂၇ သိန်းခန့် ကုန်ကျမည် ဖြစ်ပါသည်။ ဤသည်မှာ ယနေ့ ပေါက်ဈေးဖြင့် တွက်ချက်ပြထားခြင်း ဖြစ်ပါသည်။ ဤတွင် ကာလတို အကျိုးအမြတ် မရှိနိုင်သေးပါ ဆိုခြင်းကို ရှင်းပြပါမည်။ Steem 500 ကို Power up လုပ်၍ အခြားသူငှာ များအား vote ပေးလျင် 0.14 သာရရှိနိုင်ပါသေးသည်။

ထို့ကြောင့် ဤ SP500 ဖြင့် vote ရောင်းစား၍ မရသေးပါ။ ထို့ကြောင့် ရင်နှီးမြုပ်နှံမှုသာလုပ်ထားရမည် မိမိအတွက် ကတော့ သူတပါးအား လိုက်လံ vote ပေးခြင်းဖြင့် cureation reward ယူယုံသာရှိပါသည်။ ဤသို့သော အသေရင်းနှီး မြုပ်နှံခြင်းမှာ မိမိသား အတွက် သို့ မဟုတ် မိမိ သမီး အတွက် SP500 ဝယ်ထားပေးမည်။

နှောင်ဆယ်နှစ်ခန့် တွင် ထုတ်ရောင်း၍ သူတို့ လုပ်ချင်သော စီးပွားရေး လုပ်ပါစေဟူ၍ အသေ ရင်းနှီး မြုပ်နှံထားပေးခြင်း ဖြစ်ပါသည်။ အကျိုးအမြတ်အနေဖြင့်တော့ သူတပါးအား vote ပေးခြင်းဖြင့် SP တဖြည်းဖြည်း များလာခြင်းသာရှိပါလိမ့်မည်။

Steem 1000- 10000 အကူအညီပေး ရင်းနှီး မြုပ်နှံခြင်း

ဤရင်းနှီး မြုပ်နှံခြင်းမှာ မိမိအတွက် ရေတို အကျိုးအမြတ်များစွာ မရှိသေးသော်လည်း မိမိအတွက် သာမက အခြားသူများအတွက်လည်း အလွန် အကျိုးများသော ရင်းနှီး မြုပ်နှံခြင်း ဖြစ်ပါသည်။ အကျယ် ရှင်းပြပါမည်။ ဤရင်းနှီး မြုပ်နှံခြင်း အတွက် Steem 1000 အတွက်

1000 x 4.15 = 4150$

4150 x 1300 = 5,395,000 kyat

မြန်မာငွေ သိန်း ၅၀ ကျော်လိုအပ်မည် ဖြစ်ပါသည်။ ထို့ အတူ Steem 10000 အတွက် မြန်မာငွေ သိန်း ၅၀၀ ကျော် လိုအပ်မည် ဖြစ်ပါသည်။ ဤရင်းနှီး မြုပ်နှံမှုတွင် မိမိ အတွက် ကာလတို အကျိုးအမြတ် များစွာ မရသေးသော်လည်း မိမိအတွက် သော်လည်းကောင်း အခြားသူငှာများ အတွက်သော်လည်းကောင်း Steem Power အလျင်အမြန်တိုးပွားစေပါသည်။

Steem Power 1000 နှင့် အထက် သည် မိမိ ကိုယ်တိုင်လည်း blogger လုပ်၍ ဆောင်းပါးများရေး အခြားသူများအတွက်လည်း voting များပေးနိုင်လျင် အလွန် အကျိုး များသော ရင်းနှီး မြုပ်နှံခြင်းဖြစ်၍ အကူအညီပေး ရင်းနှီးမြုပ်နှံခြင်း ဟု ခေါ်ဆိုရခြင်း ဖြစ်ပါသည်။

Steem 15000- နှင့်အထက် နေ့စဉ်အကျိုးအမြတ်ရသော ရင်းနှီး မြုပ်နှံခြင်း

ဤရင်းနှီး မြုပ်နှံခြင်း မှာ မြန်မာငွေ သိန်း ၈၀၀ နှင့် အထက် လိုအပ်မည် ဖြစ်ပါသည်။ ဤရင်းနှီး မြုပ်နှံခြင်းတွင် မိမိ ၏ Steem Power ဖြင့် voting များကို စတင် ရောင်းချ နိုင်ပြီ ဖြစ်ပါသည်။ SP 15000 ၏ ၁၀၀% voting အား မှာ လက် ရှိ Steem ပေါက်ဈေး 4.15$ တွင် တခါ Vote လျင် 4.31 $SBD ရရှိနိုင်ပါသည်။

ထို့ကြောင့် မိမိ ၏ 100% vote ကို လိုချင် လျင် မိမိ ထံသို့ 1 SBD လွဲခိုင်း၍ vote ရောင်းစားနိုင်ပါသည်။ ဤ အပိုင်းတွင် အနည်းငယ် စီးပွားရေး ဆန်လာပြီ ဖြစ်သဖြင့် အနည်းငယ်ထပ်မံရှင်းပြလိုပါသည်။ မိမိ အနေဖြင့် မြန်မာငွေ သိန်း ၈၀၀ ကျော် ရင်းထားရသဖြင့် နေ့စဉ် ငွေတိုး အနေဖြင့် vote ရောင်းစားခြင်းမှာ လက်ခံနိုင်စရာရှိပါသည်။

ဆိုခဲ့သည့် အတိုင်း မိမိ တခါ vote လိုက်လျင် voting power 2% ကျ သွားသဖြင့် 100% ပြန်ဖြစ်ရန် ၂ နာရီ စောင့် ရပါသည်။ ဤသို့ ၂ နာရီခြား တကြိမ် vote ရောင်းစားခြင်းဖြင့် တရက်လျင် အနည်း ဆုံး ဆယ်ကြိမ်ခန့် ရောင်းနိုင်ပါလိမ့်မည်။ ဆယ်ကြိမ် ဆိုသည်မှာ 10$ SBD ပင် ဖြစ်ပါသည်။

ဤ ယနေ့ SBD ပေါက်ဈေးဖြင့် တွက်လျင် 5.10$USD ဖြင့် တွက်လျင် 51$USD ရပါလိမ့်မည်။ မြန်မာငွေဖြင့် ၆၆,၃၀၀ ကျပ် ရရှိနိုင်ပါသည်။ ထို့ကြောင့် တရက်လျင် ၆ သောင်းကျော် ဖြင့် တလလျင် သိန်း ၂၀ ဝန်းကျင်ခန့် ခန့်မှန်ခြေရရှိနိုင်ပါသည်။ ပြင်ပတွင် သိန်၈၀၀ ငွေတိုးပေးထားလျင် တလ အတိုးမည်မျှ ရနိုင်သည်ကိုတော့ ကျွန်တော်မသိပါ။

ဤ ရင်းနှီး မြုပ်နှံမှုအတွက် တခုသတိထားရမည်မှာ မိမိတို့ vote ရောင်းစားသည်မှာ SBD ဖြင့် ရောင်းစားခြင်း ဖြစ်၍ ပြင်ပရှိ SBD ပေါက်ဈေးပေါ်မူတည်၍ မိမိ အကျိုးအမြတ် ကွဲပြားပါလိမ့်မည်။ ဤသို့ vote ရောင်းစားလျင် ဝယ်သူကော ရှိပါမည်လော မေးခွန်း ထွက်လာပါသည်။ ပူစရာမလိုပါ။

လက်ရှိ MSC တွင် Steem Power အကြောင်း နားလည်နေသူတို့အား SBD 1$ ပေးလျင် 5$ ရအောင် vote ပေးမယ်ဆိုလျင် အလုအယက် Voting ဝယ်ကြပါလိမ့်မည်။ တခုမကောင်းသည်မှာ စီးပွားရေး ဆန်သော voting ရောင်းစားခြင်း ဖြစ်၍ quality content ဖြစ်သော မဖြစ်သော copy post လောဟူ၍ ခွဲခြားနေမည် မဟုတ်ပါ။ ဝယ်သူရှိလျင် ရောင်းကြမည်သာ။

ဤသည် မှာ Steemit Platform ပေါ်တွင် မည်သို့ မြုပ်နှံလျင် မည်သို့ အကျိုးရှိသည်ကို အကျယ်ချဲ့၍ ယနေ့ Steem ပေါက်ဈေး များဖြင့် တွက်ချက် ပြသခဲ့ခြင်း ဖြစ်ပါသည်။ အကျိုးအမြတ်များအတွက်လည်း SBD ယနေ့ ပေါက်ဈေးဖြင့် တွက်ချက်ထားခြင်း ဖြစ်ပါသည်။ ဤတွင် ထိုကဲ့သို့ ရင်း နှီး မြုပ်နှံထား ခြင်းသည် ဘယ်အချိန်တွင် အကျိုးအမြတ် ထုတ်ယူ ကြမလဲ ဟူသော မေးခွန်း ထွက်လာပါသည်။

ကျွန်တော့ အမြင်ဖြင့် ပြောလျင် မိမိငွေ လိုအပ်သော အချိန်တွင်သာ ထုတ်ယူပါမည်။ နှောင် ၅ နှစ်ခန့် ထုတ်ယူစရာ မလိုအပ်သေးလျင် ဒီအတိုင်း ရင်းနှီး မြုပ်နှံထား၍ လိုအပ်ချိန်ကြလျင်သာ ထုတ်ယူပါမည်။ ဤကဲ့သို့ ရင်းနှီးမြုပ်နှံထားလျင် အကျိုး များပါမည်လော..? ဤ မေးခွန်း အတွက် သင်သည် Steemit Platform အား ၂၀၁၆ ခန့်တွင် သိ၍ Steem ဈေး ၁၀ ပြား ခန့်တွင် Steem Power ၅၀၀၀၀ ခန့် ဝယ်စုထားသူဖြစ်လျင် ယနေ့ ၂၀၁၈ တွင် သင်သည် တနေ့ ဝင်ငွေ ၃ သိန်းခန့် ပုံမှန်ဝင် နေသူ တယောက် ဖြစ်နေပါပြီ ဟုသာ ပြန်ဖြေပါမည်။

အကြောင်းမှာ SP 50000 ရှိသူ၏ ၁၀၀% vote မှာ 14.33$ ရရှိနိုင်၍ vote တခုလျင် အနည်းဆုံး 5$ SBD ဖြင့် သင်ရောင်းချနိုင်ပါသည်။ ယခုမှ စတင်၍ နေ့စဉ် vote ရောင်းစားနိုင်ဖို့ လိုအပ်သော အရင်း အနှီးမှာ မြန်မာငွေ သိန်း ၈၀၀ နှင့် အထက် ဖြစ်ပါသည်။ ဤသည်မှာ Steem ဈေး 4.15 $USD သာ ရှိပါသေးသည်။

အကယ်၍ Steem ဈေးသည် 10$USD အထက်သို့ ရောက်လာလျင် ဤသို့ နေ့စဉ် vote ရောင်းစားနိုင်ရန် မည်မျှ ရင်းနှီးရမည်ကို တွက်ချက်ကြည့်ပါ။ Steemit Platform ၏ အသက်သည် Steem Power ဖြစ်ပါသည်။ လူတိုင်း လူတိုင်း SP စုကြမည်သာဖြစ်၍ အပင်စိုက်စောသူတို့ ယခု အသီးခူးစားနေကြပါပြီ။ ယခုမှ အပင်စစိုက်လည်း နောက်မကျ သေးပါဟူ၍ တိုက်တွန်းလိုပါသည်။

ဤတွင် Steemit Platform တွင်ရင်းနှီး မြုပ်နှံခြင်း အတွက် အားလုံး အကောင်းချည်းသာလော ဟူသော မေးခွန်း အတွက် မိမိ အကောင့် passwords မပျောက်အောင် ထိန်းထား နိုင်သရွေ့ Steemit Platform ၏ ဆိုးကျိုးကို ရှာမတွေ့သေးပါ။ Steemit Platform သည် beta version သာ ရှိသေးသည် မှန်ပါသည်။

သို့သော် ဤ beta version တွင် အောင်မြင်နေပြီ ဖြစ်သော Platform ဖြစ်ပါသည်။ Steemit Platform သည် တရားဝင် လွင့်တင်ခြင်း မရှိသေးသလို တရားဝင် ကြေညာခြင်း ( Steemit Platform ၏ အသုံးဝင်ပုံ များကို အခြား Media များတွင် တရားဝင်ကြေညာခြင်း ) များမရှိသေးပါ။ Steemit marketing team များ တရားဝင် လုပ်ဆောင်ခြင်း မရှိသေးပါ။

လွန်ခဲ့သော ၈ နာရီခန့် က တင်လိုက်သော Steemit CEO @ned ၏ ၂၀၁၈ ခုနှစ် အတွက် Steemit Platform ရှေ့ဆက် သွားရမည့် လုပ်ငန်း ဆောင်တာများ အကြောင်း ဖတ်ကြည့် ရာတွင် Steemit Team မှ Software Engineer များ ၊ Desing Engineer များ ၊ Software architecture များ အခြားသော အရေးပါ နေရာရောက်သည့် နေရာတော်တော်များများ တွင် ကျွမ်းကျင်သူများ ခန့်ထား ၍ ဤ ၂၀၁၈ ခုနှစ် တွင် Steemit ၏ SMTs ( smart Media tokens ) projects များကို အလုံး အရင်း နှင့် လွှင့်တင်နိုင်ရန် ပြင်ဆင်နေကြပါသည်။

လာမည့် ငါးနှစ် အတွင် Steemit blockchain နည်းပညာတွင် အခြေခံမည့် social media များ နည်းပညာများ တစ်သိန်းကျော်ခန့် ရှိလာမည် ဖြစ်ကြောင်း လည်း ပြောကြားထားပါသည်။ အပြည့် အစုံကို အောက်ပါလင့် တွင် ဝင်ရောက်ကြည့် ရှုနိုင်ပါသည်။

https://steemit.com/steemit/@steemitblog/steemit-winter-update-2017-reflection-our-vision-statement-and-mission-and-a-look-forward

ထို့ကြောင့် ကျွန်တော် တဦးတည်း အမြင်ဖြင့် ပြောရလျင် Steemit Platform သည် cryptocurrency လောကတွင် သူ့လောက် ကောင်းမွန်သော blockchain မျိုး မရှိသေးသည် ကတော့ သေချာပါသည်။ ဤသည်မှာ ကျွန်တော့ အနေဖြင့် Steemit တွင်သာ တစိုက်မတ်မတ် လျှောက်လှမ်း နေ၍ အခြားသော blockchain များကို မလေ့လာမိသည် လည်း ဖြစ်နိုင်ပါသည်။

မည်သို့ပင် ဆိုစေ Steemit Platform ပေါ်တွင် ရင်းနှီး မြုပ်နှံမှု ပြုလုပ်ချင်သူများ သည် Steemit ၏ SMTs များတရားဝင် မကြေညာသေးခင် ဝင်ရောက် ရင်းနှီးထားသင့်သည်ဟု အကြံပေးလိုပါသည်။ အဘယ့်ကြောင့်ဆိုသော် SMTs များ ဝင်ရောက်လာလျင် Steem ဈေးမှာ မုချ ထိုးတက်သွားမည် ဖြစ်သောကြောင့် ဖြစ်ပါသည်။ ကျွန်တော်၏ လက်သုံးစကားဖြင့်သာ ထပ်မံသတိပေးလိုပါသည်။

" Steem ဈေးမတက်မှာ မပူပါနှင့် Steem ဈေးတက်လာသောအချိန်တွင်ကိုယ့်တွင် လုံလောက်သော SP မရှိမှာကိုသာ ပူပါ" ။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

Henry Aung ( Kachin )
MSC : 001 image

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 64364.24
ETH 3416.30
USDT 1.00
SBD 2.48