Please read complete

in #steemit7 years ago

shareပေးခြင်းဖြင့်ကူညီပါ :) :) :)
အမျိုးသား လူငယ်များ အလုပ်ရှာနေပါသလား ?
(လူဦးရေ နှင့် နေရာလပ် ကန့်သတ်မထားပါ။)
စရိတ်ငြိမ်း + လစာ ၁၂၀၀၀၀ မှ ၅၀၀၀၀၀ ထိ ရရှိနိုင် . . .
= = = = = = = = = = = = = = = = = = = = =

  • နေထိုင်ရေး နှင့် စားသောက်ရေး ကိစ္စ *

  • ရေ၊ မီး အစုံ နေထိုင်စရာ အိမ်ခန်းကအစ အခမဲ့ပေးပါမည်။

  • အပတ်စဉ်၊ လစဉ် ဆန်၊ ဆီ၊ ဆား၊ နှင့် . .
    အခြား ကုန်ခြောက် ပစ္စည်းများ အပြင် အသားငါး သီးနှံများ ထုတ်ပေးပါမည်။

  • မိမိ၏ ဇနီး သားသမီးများ အတွက်ပါ စားသောက်စရိတ် ထုတ်ပေးပါမည်။

  • ချက်ပြုတ်စားသောက်ရန် အိုးခွက် ပန်းကန်များကိုလည်း သက်သာသော နှုန်းဖြင့် အကြွေးစနစ် ရောင်းချပေးပါမည်။

  • ဝတ်စားဆင်ယင်မှုကိစ္စ *

  • ဖိနပ်မှအစ ဦးထုပ်အထိ ဝတ်စုံ အခမဲ့ ထုတ်ပေးပါမည်။

  • ဆောင်းတွင်းဝတ်ရန် အနွေးထည်၊ မိုးတွင်းဝတ်ရန်
    မိုးကာ အကျီ နှင့် နွေပိုင်း ဝတ်ဆင်ရန် ဘောင်းဘီ၊
    စွပ်ကျယ် ကအစ အခမဲ့ ထုတ်ပေးပါမည်။

  • အိပ်ရန် စောင်၊ ခြင်ထောင်၊ အိပ်ယာခင်း၊
    မွေ့ရာများလည်း အခမဲ့ ထုတ်ပေးပါမည်။

  • အသုံးအဆောင် အဝတ်အထည်များ ဟောင်းနွမ်း
    စုပ်ပြဲ ပါကလည်း သတ်မှတ်ကာလတွင် အခမဲ့ ပြန်လည်
    ထုတ်ပေး ပါမည်။

  • လူသုံးကုန် ပစ္စည်းများ ဖြစ်သော ဆပ်ပြာ၊
    သွားတိုက်ဆေး များကိုလည်း သက်သာသော နှုန်းထားဖြင့်
    အကြွေးစနစ် ရောင်းချ ပေးပါမည်။

  • ကျန်းမာရေးကိစ္စ *

  • သင်၏ ကျန်းမာရေးအပြင် မိဘဆွေမျိုး ဇနီး
    သားသမီးအထိ အခမဲ့ ကုသပေးပါမည်။

  • ဒေသ အလိုက် ရာသီဥတု အလိုက်
    တစ်ပတ်လျှင် တစ်ကြိမ် ကာကွယ်ဆေးများ ထိုးပေးပါမည်။

  • ကျန်းမာရေး မကောင်းပါက ဆေးခန်းသို့
    ချက်ချင်း ပြသ နိုင်ရန် ကျွမ်းကျင်သော ဆရာဝန်၊
    သူနာပြု များကိုယ်တိုင် အနီးကပ် ရှိနေပါမည်။

  • ထိခိုက်မှုများအတွက် အလုံးစုံ တာဝန်ယူပါမည်။

  • မိမိဇနီး ကလေးမီးဖွားခြင်းအတွက် ကုသ ကုန်ကျစရိတ်
    မယူဘဲ တာဝန်ယူ သည့်အပြင် မိခင်နှင့်ကလေး
    ကျန်းမာရေး အတွက် ဆေးရုံမှ အလုံးစုံ တာဝန်ယူပါမည်။

  • ပညာရေး ကိစ္စ *

  • မိမိ အနေဖြင့် အတန်းပညာများ ဆက်လက်
    ဆည်းပူးလို ပါက သတ်မှတ်သည့် အရည်အချင်းနှင့်အညီ
    ဆက်လက် ပညာသင်ခွင့် ပေးပါမည်။

  • ကျောင်းတက်နေစဉ်အတွင်း လစာ စရိတ်ငွေ
    မဖြတ်သည့် အပြင် ပညာသင် ထောက်ပံ့ကြေးပါ ရရှိပါမည်။

  • မိမိသားသမီးများ ပညာသင်ကြားလိုပါကလည်း
    ကျောင်းသို့ အသွား အပြန် ကားအခမဲ့ လိုက်ပါ
    ပို့ဆောင် ပေးပါမည်။

  • သားသမီးများ၏ ပညာသင် ထောက်ပံ့ကြေးလည်း
    ရရှိမည် ဖြစ်သည့် အပြင် ထူးချွန်သူများအား
    သီးခြား ဂုဏ်ပြုဆုများ ပေးအပ် ပါမည်။

  • အားကစားထူးချွန်သူများ သီးခြား မြှင့်တင် ပံ့ပိုးပေးပါမည်။

  • လစာကိစ္စ *

  • စတင် အလုပ်ဝင်ရောက်သည့် နေ့မှ စတင်၍
    လစာရရှိမည် ဖြစ်ပြီး ၂နှစ် တစ်ကြိမ် နှစ်တိုးလစာများ
    ခံစားနိုင်ပါမည်။

  • အလုပ်မှ အကြောင်းအမျိုးမျိုးဖြင့် တရားဝင်
    နှုတ်ထွက်ပါက ပင်စင် ခံစားခွင့်ပါ ရရှိပါမည်။

  • လုပ်ငန်းခွင်တွင် ကွယ်လွန်ပါက မှီခိုသူ ဇနီး
    သားသမီးများ အထိ ထောက်ပံ့ကြေး နစ်နာကြေးများ
    ခံစားခွင့် ရှိပါမည်။

  • ထိခိုက်ဒဏ်ရာရပါကလည်း တစ်သက်တာ
    ပြန်လည် ဆေးကုသခွင့် ရရှိစေရန် မှတ်တမ်းများဖြင့်
    စနစ်တကျ ဆောင်ရွက်ပေးပါမည်။

  • ရာထူး ကိစ္စ *

  • စတင်ဝင်ရောက်စဉ်အတွင်း သင်တန်း ၄ လ
    တက်ရောက်ရ မည်ဖြစ်ပါသည်။

  • ပညာအရည်အချင်း အလိုက် သင်တန်းများ
    ပို့ချ ပေးမည် ဖြစ်ပြီး နှစ်အလိုက် အရည်အချင်း အလိုက်
    ရာထူး တိုးပေး ပါမည်။

  • သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းနှင့်
    အကျုံးဝင်ပါက အရာရှိ သင်တန်းများသို့ တက်ရောက်နိုင်ပါသည်။

  • လိုအပ်သည့် စာရွက်စာတမ်းများ *

  • လျှောက်ထားသူသည် ကျန်းမာရေး ကောင်းမွန်းသူ
    အမျိုးသား ( အမျိုးသား )ဖြစ်ရပါမည်။
  • ပညာအရည်အချင်းအနေဖြင့် အဌမတန်းမှ ဘွဲ့ရ အထိ
    အမျိုးအစား မခွဲပါ။
  • အသက် ၁၈ နှစ်မှ ၂၅ နှစ် အတွင်း ဖြစ်ရပါမည်။
  • အိမ်ထောင်သည်၊ လူပျို မခွဲခြားပါ။
  • သက်ဆိုင်ရာ ရယက၊ ရဲစခန်း၏ ပြစ်မှု ကင်းရှင်းကြောင်း
    ထောက်ခံစာ
  • ပညာအရည်အချင်း ထောက်ခံချက်၊ ဘွဲ့
  • မှတ်ပုံတင်မူရင်း
  • ကျန်းမာရေး ကောင်းမွန်ကြောင်း ထောက်ခံစာ
  • ဆက်သွယ်ရန် *

မြို့နယ် အသီးသီးရှိ စစ်သားစုဆောင်းရေး ဌာနများ

လူငယ်များ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေလိုသူ

Thein Win Oo
via U Mya Weddy

image

Sort:  

Can't understand nothing, sorry

Sounds like a great experience! I guess you might call it traveling with style :P @aungphyothu

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.031
BTC 61083.24
ETH 2670.20
USDT 1.00
SBD 2.61