ဆွဲငင်အားအကြောင်း
ဆွဲငင်အားအကြောင်းတွေ တော်တော်လေး ခေါတ်စားနေလို့ ခေါတ်မှီအောင် ရွှီးပါဦးမယ်..
ဟုတ်ကဲ့ gravity ဆိုတာ မရှိပါဘူး...ကျတော်ပြောတာတော့ မဟုတ်ဘူး အိုင်းစတိုင်းပြောတာ...ဆွဲငင်အားဆိုတာ ကျတော်တို့ကို ကမ္မာကြီး က ဆွဲထားတဲ့အားလို့ သိထားကြပါတယ်...ကမ္မာဆွဲအားရဲ့ ဗဟိုချက်က ကမ္မာလုံးကြီးရဲ့ အလည် ဗဟိုမှာရှိတယ်လို့ယူဆရပါမယ်...အရာဝတ္ထုအားလုံးကို ကမ္မာကြီးက အလည်ဗဟိုကို ဆွဲချနေပါတယ်...ဒီထိကတော့ နူတန် နိယာမအတိုင်းပါပဲ...ကဲ ကျတော်တို့ ကမ္မာကြီးကိုနှစ်ခြမ်းခွဲ ကြည့်လိုက်မယ်..ဆွဲအင်အားဗဟိုချက်က ဘယ်မှာရှိမလဲ...ဒီပြသနာကို နူတန် နိယာမနဲ့ မဖြေရှင်းနိုင်တော့ပါ
ဘူး...အဲဒီမေးခွန်းရဲ့အဖြေကတော့ ခွဲခြမ်းလိုက်တဲ့ ကမ္မာနှစ်ခြမ်းစလုံး ရဲ့ အလည်ဗဟိုချက်ဆီမှာ ရှိပါမယ်...
အိုင်းစတိုင်းရဲ့ special relativity အရ ဆွဲငင်အားဆိုတာမရှိပါဘူး..ဆွဲငင်အားဆိုတာ space and time ကွေးကောက်မှု့ကြောင့် ဖြစ်ပေါ်လာရတာဖြစ်ပါတယ်...special relativity မှာ space ကို dimension တစ်ခုအနေနဲ့ယူဆပါတယ်...space တစ်ခုမှာ အလင်းတန်းဟာ မျည်းဖြောင့်အတိုင်းသွားပါတယ်...ဒြပ်ထုရှိတဲ့အရာဝတ္ထုတွေလဲ မျည်းဖြောင့်အတိုင်းသွားပါတယ်...အဲဒီspace ထဲမှာ ဒြပ်ထုတစ်ခုရှိလာရင် ဒြပ်ထုကိုspace ကနေရာဖယ်ပေးလိုက်ရတဲ့အတွက် ဒြပ်ထုပတ်ဝန်းကျင်မှာ space ကွေးကောက်မှုဖြစ်ပွားပါတယ်...space ကိုရေထုလို့ယူဆကြည့်ပါ ရေထုထဲ သံလုံးထည့်လိုက်ရင် သံလုံးဘေးပတ်ဝန်းကျင်မှာ space ဟာသိပ်သည်းလာပါတယ်...သိပ်သည်းသွားတဲ့space လမ်းကြောင်းအတိုင်း ဒြပ်ထုတစ်ခုဝင်လာရင် လမ်းကြောင်းကွေးကောက်သွားပါတယ်...black hole မှာ ထင်ထင်ရှားရှားမြင်နိုင်ပါတယ် Estain ring လို့ခေါ်ပါတယ်...အဲဒီspace ကွေးကောက်မှု့ကို ကျတော်တို့က gravity လို့ခေါ်နေကြပါတယ်...space ကွေးကောက်မှု့theory အရ ကမ္မာကြီးနှစ်ခြမ်းခွဲလိုက်ရင်လည်း တစ်ခြမ်းစီမှာ ဒြပ်ထုရှိလို့ တစ်ခြမ်းစီ တိုင်းမှာ space ကွေးကောက်မှု့ဖြစ်ပေါ်ပါတယ်...space ဆိုလို့ အဝေးကြီးလှမ်းကြည့် မနေပါနဲ့ ကျတော်တို့ ခန္တာကိုယ်တည်ဆောက်ထားတဲ့ atoms လေးတွေကိုယ်တိုင်က 90%ဟာ empty space ဖြစ်ပါတယ်..ဒါကြောင့် space ကွေးကောက်မှု့က ခန္တာကိုယ်ထဲက atom တစ်လုံးခြင်းစီထိသက်ရောက်လို့ ဆွဲငင်အားလို့ခံစားနေရတာဖြစ်ပါတယ်...

