Have you know about your up vote? ! Vote အကြောင်း သိကောင်းစရာအထွေထွေ အပိုင်း (2)

in #steemit7 years ago (edited)

learn_istock_000017123843xsmall.jpg
ကျွန်တော်တို့ စတီးမစ် ပေါ်မှာ ငွေရှာရတာ အပြင်မှာ ငွေရှာရတာထက် အဆင်ပြေနေတာကို တွေ့ရပါတယ်။ ပြီးတော့ ကိုယ်ကရော ဘာတွေလုပ်ရလဲ ဘယ်လောက် အချိန်ပေးရလဲလို့ ပြန်တွေးကြည့်ပြန်တော့ ဘာမှ သိပ်မလုပ်ရပါဘူး။ စတီးမစ် ပလက်ဖောင်းပေါမှာ လုပ်ရတ်ာဆိုလို့ သေချာပြန်တွေးကြည့်ရင် ပိုစ့်တင်၊ ဘုတ်ပေး၊ ထင်မြင်ချက်ရေး၊ resteem ပြန်လုပ်။ ဒါလောက်ပါပဲ။ ဒါလေးလုပ်ရုံနဲ့ ဘယ်ဟာလုပ်လုပ် ကို့်အတွက် ပိုက်ဆံတွေ ရနေနိုင်ပါတယ်။ ဒါပေမယ့် လုပ်တတ်ဖို့ လိုတာပေါ့။ လုပ်တတ်ဖို့ ဆိုတာကလည်း အားလုံးကို ဂဂနန နားလည်းမှ သေချာအကျိုးရှိရှိ အသုံးချတတ်မယ်လို့ ထင်မိပါတယ်။

လုပ်စရာ များများ မရှိဘူး။ နည်းနည်းပဲ ရှိတယ်။ ဒီတော့ ရှိတဲ့နည်းနည်းလေးကို သေသေချာချာနားလည်ပြီး အကောင်းဆုံးလုပ်ဖို့ လိုအပ်ပါလိမ့်မယ်။ ဒါကြောင့် စတီမစ်ပေါ်ရောက်ရှိလာတဲ့ User အသစ် ကျွန်တော်ဟာ စတီးမစ်အကြောင်းကို ရူးရူးမူးမူး လေ့လာနေမိပါတယ်။
လေ့လာရသမျှကို မိတ်ဆွေများနဲ့ ဝေမျှရင်း စတီးမစ်အကြောင်း နေ့စဉ် တင်ဖြစ်ပါတယ်။ ဒီနေ့တော့ မနေ့က ရှင်းပြထားတဲ့ Voting နဲ့ ပါတ်သတ်တဲ့ မှတ်သားဖွယ်ရာလေးများကို ဆက်လက်ဝေမျှပါမယ်။

မနေ့က voting power နဲ့ curation reward အကြောင်းကို ရှင်းပီးဖြစ်လို့ ဒီနေ့ တော့ Steem Power နဲ့ အငှား SP အကြောင်း သိထားသင့်တာလေးတွေ ဆက်ရေးပါ့မယ်။

၃) Steem Power.
သင့်အကောင့်တစ်ခုလုံးမှာ တန်ဖိုးအကြီးဆုံးအရာကို ပြပါဆိုရင် Steem Power ကို သာ ညွှန်ပြရပါလိမ့်မယ်။ သင်သာ Steem Power မရှိဘူးဆိုလို့ရှိရင် ဘုတ် ပေးဖို့တောင် မဖြစ်နိုင်ပါဘူး။ ပါဝါမရှိတဲ့ သူတစ်ယောက်ကို ဘယ်သူမှလည်း အဖတ်လုပ်ချင်ကြမှာ မဟုတ်ပါဘူး။ ပါဝါများလေ သင့် ဘုတ်က တန်ဖိုးရှိလေ၊ သင့်ဘုတ်တန်ဖိုးရှိလေ ဘုတ်ဆုကြေး များလေပါပဲ။ ပါဝါတန်ဖိုးကြီးလေ များများ ဘုတ်ပေးနိုင်လေ ကိုယ့်ကို အဖတ်လုပ်သူ များလေပါပဲ၊
Steem Power နဲ့ ပါတ်သတ်လို့တော့ လူတော်များများ ရေးထားတာရှိပါတယ် ။ မြန်မာစာနဲ့ ဆိုရင်တော့ ကျွန်တော်ကိုယ်တိုင် ရေးခဲ့ဖူးတဲ့ ပိုစ့် မှာသော်လည်းကောင်း ၊ ဆရာ ဟင်နရီရေးတဲ့ ပိုစ့်မှာသော်လည်းကောင်း ဖတ်နိုင်ပါတယ်။ လင့်တွေချပေးထားပါတယ်။

https://steemit.com/steemit/@aikkhorn/tnpaoayawisaundefined-yangnwi-m-pnanmw-precious-long-term-investment-steem-power

SP နှင့် ပါတ်သတ်၍ သိချင်သည်များ ရှိပါက အောက်တွင် စာတိုချန်ထားနိုင်ပါသည်။ မသိပါက ကြိုးစားလေ့လာ အဖြေရှာ၍ ပြောပြပါမည်။

၎) အငှား Steem Power
ဒီတစ်ချက် သိပ်အရေးကြီးပါတယ်။
ကျွန်တော်တို့ အကောင့်အသစ် ဖွင့်ပီဆိုတာနဲ့ စတီးမစ် ကွန်မြူနတီကနေပီး သင်သုံးဖို့ Steem Power ကို အငှားပေးထားပါတယ်။ အဲဒီ ပါဝါရှိလို့ user အသစ်တွေက ပိုစ့်တွေမှာ ဘုတ်ပေးနိုင်ခြင်းဖြစ်ပါတယ်။ သို့သော် ထို ပါဝါများသည် သင့်ကိုယ်ပိုင်ဟာ မဟုတ်ပါ။ ထို့ကြောင့် အချိန်မရွေး ရုတ်သိမ်းခံရနိုင်ပါသည်။ ထိုအချိန်တွင် သံထံမှာ SP မရှိထားလျင် သင်သည် စတီးမစ်ပေါ်မှာ ရှင်လျက်နှင့် သေသူပင်ဖြစ်ပါလိမ့်မည်။

နော်တစ်ချက် အရေးကြီးသည်က အငှားပါဝါက အမြဲတမ်း အသုံးဝင်နေမယ်လို့ မဆိုနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် စတီးမစ် ငွေကြေးတန်ဖိုးမြင့်လာသည်နှင့်အမျှ ပါဝါတန်ဖိုးလည်း မြင့်လာ၍ ဖြစ်သည်။ ဥပမာ သင်သည် ယခု ပါဝါ 14 ခန့် အငှားရထားသည်ဆိုပါဆို့။ သင်က ပါဝါမတင်ပဲ ဒါလောက်နဲ့ပဲ ဆက်သွားနေမယ် ။ ရလာတဲ့ SBD အနည်းအကျဉ်းကို ထုတ်သုံးမယ်ဆိုရင် နောက်ထပ် ၂၀၁၉ ခုနှစ်လောက်မှာ စတီးမစ်ငွေကြေးတန်ဖိုးတွေတက်လာရင် သင့်ရဲ့ SP 20 ( တိုးလာမည့် SP အပါ) ခန့်ဟာ ဘုတ်ပေးဖို့ လုံလောက်ချင်မှ လုံလောက်ပါတော့မယ်။ ဒါကြောင့် SP ကို အငှားမဟုတ်ပဲ ကိုယ်ပိုင်ဖြစ်အောင် များသထက်များအောင် စုကြပါလို့ တိုက်တွန်းပါရစေခဗျာ။

အချိုသောအချက်အလက်များသည် သူတစ်ပါးပိုစ့်တွင် အနည်းအကျဉ်းဖော်ပြထားသည်ကို တွေ့ရသော်လည်း ပြန်ရှာ၍ မတွေ့သေးသဖြင့် မှတ်မိသလောက်သာ ရေးခြင်းဖြစ်ပါသည်။ စတီးမစ်အကြောင်းသည် လေ့လာ၍ မကုန်နိုင်ပါ။ လေ့လာသလောက်လဲ စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။ ဒါကြောင့် သင့်အားလပ်ချိန်လေးတွေမှာ စတီးမစ်နဲ့ ပါတ်သတ်တာတွေကို လေ့လားပြီး စတီးမစ်ပေါ်မှာ အကောင်းဆုံးရပ်တည်နိုင်အောင် ကြိုးစားကြပါစို့ ဗျာ ။။

ရေးသားသူ @aikkhorn
9 th, Dec, 2018

image source img

Sort:  

အဲ့လို ချေးပေးလို့ရတယ် ချေးပေးတဲ့သူကပဲ အဲ့ချေးပေးတာကိုပြန်သိမ်းချင်တဲ့အချိန်သိမ်းနိုင်တယ်။ ဒါပေမဲ့ တစ်ခုပဲ တစ်ပတ်စောင့်ရတယ် ပြန်သိမ်းတာ ကိုယ့်ဆီပြန်ရောက်ဖို့ကို

အင်း ... အဲအကြောင်းလေး ကျန်ခဲ့တယ်
ဖြည့်စွက်ပေးတာ ကျေးဇူး Bro!

ကျေးဇူးပါနောက်လဲတင်ပေးပါ

ဟုတ်ကဲ့ ခုလိုအားပေးတာ ကျေးဇူးတင်ပါတယ်။

bro​ရေးတာဖတ်​ရတာပညာ​တွေအများကြီးရပါတ်​ရှင်​။Good postပါ​နော်​။

ကျေးဇူးပါခင်ဗျ အခုလို အားပေးတာကို

ကျေးဇူးပါ ဘဒို

Sp စုကြတာပ

ဖုန်းပျောက်လို့ ပါသွားတဲ့ Account လေးကို
နှာမြောနေတာဗျာ

gmail ထဲက ဟာပြန်မရဘူးလား စိတ်မကောင်းပါဘူးဗျာ။ဒိပြင်ဆိုဒ်တွေလို support တင်လို့ရဘူးလေား

Nice post bro.

Coin Marketplace

STEEM 0.16
TRX 0.16
JST 0.031
BTC 59351.18
ETH 2529.39
USDT 1.00
SBD 2.42