တဖန်ပြန်လည်မွေးဖွားခြင်း

in #steemhunt6 years ago (edited)

20180826_192615.jpg

တဖန်ပြန်လည်မွေးဖွားခြင်း

လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော် ၁၉၈၆ ခုနှစ်လောက်ကဖြစ်မယ်ထင်ပါတယ်။ ချောက်မှာ ဂျီတီအိုင်တက်ရင်း ပိတ်ရက်တစ်နေ့မှာ ချောက်မြို့ထဲစာပေဟောပြောပွဲရှိလို့ သွားပြီးနားထောင်ဖြစ်ခဲ့ပါတယ်။ စာရေးဆရာ သုံးဦးဟောပြောခဲ့ တာဖြစ်ပေမယ့်။ ခုချိန်အထိမှတ်မိနေတာကတော့ ဆရာလယ်တွင်းသားစောချစ်ပါ။ ဆရာကသူ့ဘဝကြောင်းလေးပါတဲ့။ သူဟာ ၁၀ တန်းကို ၆ နှစ်ဖြေခဲ့ရပါတယ်တဲ့။ ဆယ်တန်းကို ၆ နှစ်ဖြေရတယ်ဆိုတော့ ဒီဆရာတော်တော် ညံ့တာပဲလို့ ထင်မိမှာပေါ့။ တကယ်တော့ဆရာက စိတ်လေနေခဲ့တာပါ။ ဆရာ့အပြောအရတော့ သူ့သူငယ်ချင်းတွေဘွဲ့တွေရပြီးတာ တောင် သူက ၁၀ တန်းမအောင်သေးလို့ သူ့သူငယ်ချင်းထဲကတစ်ယောက်က ဆရာကြီးပီမိုးနင်းရေးတဲ့ စိတ်ဓာတ် တက်ကြွ စေတဲ့စာတွေပေးဖတ်တော့မှ သူ့စိတ်အဆင့်အတန်းက အဝီစီရောက်နေပါလားဆိုတာသတိထားမိသွားပြီး စိတ်ကိုပြုပြင်ခဲ့ တာ အဲဒီနှစ်မှာပဲ ဆရာက ၁၀ တန်းကို ဂုဏ်ထူး (၆)ဘာသာနဲ့အောင်ခဲ့ပါတယ်။

ဆရာလိုမျိုးနောက်တစ်ယောက်ကတော့ ဝီလီယံဂျိမ်းပါ။ သူ့မှာပြဿနာတွေရှိပါတယ်။ ဆရာလယ်တွင်းသား စောချစ်မှာ တောင်အဲ့ဒီလိုမျိုးပြဿနာတွေမရှိခဲ့ပါဘူး။ သူချမ်းသာကြွယ်ဝတဲ့မိသားစုကမွေးဖွားလာပေမယ်။ ကျန်းမာရေး ပြဿနာတွေကသောင်းခြောက်ထောင်ပါ။ မျက်စိကလည်းသိပ်မကောင်းချင်ဘူး။ အစာအိမ်ရောဂါလည်းရှိ ။အစားမှားတာ နဲ့ပြန်အံ့ထွက်တယ်။နားကလည်းနည်းနည်းလေးတယ်။တစ်ခါတစ်လေကျောရိုးအောင့်ပြီဆိုရင်ထိုင်လို့တောင်မရဘူ။

ကျန်းမာရေးပြဿနာတွေကြောင့် ဂျိမ်းတစ်ယောက် အိမ်မှာပဲ အနေများတယ်။အပေါင်းအသင်းကလည်းနည်းနည်း ရယ်။ ကျောင်းမှာလည်းစာသိပ်မတော်ဘူးလေ။ ဒါနဲ့အိမ်မှာပဲနေပြီးပန်းချီဆွဲနေတာများတယ်။ ပန်းချီဆွဲရတာတော့အကြိုက် သား။ သူ့ကိုယ်သူတော်တာဆိုလို့ပန်းချီဆွဲတာပဲရှိတယ်လို့တောင်ထင်ထားတာ။ ဒါပေမယ့်အခြားသူတွေကတော့ သူ့ကို ပန်းချီပန်းချီဆွဲတော်တယ်လို့မမြင်ပါဘူး။အသက်သာကြီးလာတယ်ဘယ်သူမှလည်းသူပန်းချီကားတွေကိုဝယ်တယ်လို့မတွေ့ရဘူး။ နှစ်တွေကြာလာတော့ သူ့အဖေစီးပွားရေးသမားကြီးက အပြစ်တင်တာတွေခံလာရတယ်။ပျင်းတယ်။ ဘယ်နေရာ မှသုံးစားမရတဲ့ကောင်ပေါ့။ နောက်တော့ သူ့အဖေဆူငေါက်တာတွေမခံနိုင်တော့ အမေဇုန်တောထဲကို လေ့လာရေးခရီး ထွက်မဲ့အဖွဲ့နဲ့ လိုက်ဖို့စာရင်းပေးလိုက်ပါလေရော ဂျိမ်းတစ်ယောက် အမေဇုန်တောထဲတော့ရောက်သွားတယ်။ ရောက်တော့ မှတကယ့် ပြဿနာကစတာ အလာခရီးမှာကသိပ်မဖြစ်ဘူး။ရောက်ပြီး လေ့လာရေးစထွက်တော့မှစတာ ဝက်သက်တွေ ပေါက်တာ သေတော့မလို့ပဲ။

ကျောအောင်တဲ့ ဒါဏ်ကလည်းပြန်ဖြစ်လာတယ်။လမ်းလျှောက်လို့မရတဲ့အထိ။ကိုယ်တွေပူ၊အဖျားတွေတက်၊ အစား တောင်မစားနိုင်တော့ဘူး။လေ့လာရေးအဖွဲ့ကလည်းသူ့ကိုဒီအတိုင်းထားခဲ့တယ်။တောင်အမေရိကတိုက်အလယ်ကောင်မှာ တစ်ယောက်တည်းပြန်လမ်းမသိ။

ဒါပေမယ်ကံအကြောင်းထောက်မစွာ ဂျိမ်းတစ်ယောက်အိမ်ပြန်ရောက်လာခဲ့ပါတယ်။ အလုပ်ကလည်းခုထိမရှိ။ လုပ် သမျှလည်းမအောင်မြင်၊ ကျန်းမာရေးကလည်းစုတ်ပြတ်နေ၊ကောင်းလာမယ့်ပုံလည်းမပေါ်။ ကြာတော့သူ့ဘဝမှာ ဒုက္ခတွေနဲ့ စိတ်ပျက်စရာတွေပဲရှိတယ်လို့ခံစားလာရပြီး သေကြောင်းကြံဖို့အထိတောင်စဉ်းစားလာခဲ့တာ။

ဒါပေမယ့် တစ်ညကျတော့ ဒဿနိကပညာရှင် ချားစ်ပိရာစ့်ရဲ့ စာအုပ်တစ်အုပ်ကိုဖတ်ရင်း ဂျိမ်းတစ်ယောက် အကြံတစ်ခုရသွားပါတယ်။ ဒီအကြံကိုစမ်းသပ်ကြည့်မယ်ပေါ့။ သူ့ဒိုင်ယာယီထဲမှာချရေးတယ်။ တစ်နှစ်တိတိဖြစ်သမျှ အကြောင်း ငါ့ကြောင့်ပဲဆိုပြီး တာဝန်ယူမယ် ဆိုပြီးဆုံးဖြတ်လိုက်တယ်။ ဒီတစ်နှစ်အတွင်းမှာသူတတ်နိုင်သလောက် ပြောင်းလဲဖို့ကြိုးစားမယ်။ဒါလည်းဘာမှဖြစ်မလာဘူးဆိုရင်တော့ သူ့မှာအစွမ်းအစမရှိတာသောချာသွားပြီ။ဒီလိုသေချာသွားရင်တော့ ကိုယ့်ကိုယ်ကိုယ်သတ်သေတော့မယ်လို့ဆုံး ဖြတ်လိုက် ပါတယ်။

ဒါနဲ့ ဇာတ်သိမ်းမှာတော့ ဝီလီယံဂျိမ်းဟာ အမေရိကန်(Psychology) စိတ်ပညာဗေဒလောကရဲ့ ဖခင်ကြီးဖြစ်လာ ပါတယ်။သူ့စာအုပ်တွေကိုမရေတွက်နိုင်အောင် ဘာသာပြန်တွေထုတ်ဝေပြီးပါပြီ။စိတ်ပညာပါဂူ၊ သမိုင်းဝင်ဥာဏ်ကြီးရှင် တစ်ယောက်ဖြစ်သွားပါတယ်။

အဆိုးနဲ့အကောင်းဆိုတာ ဗြောင်းပြန်လှန်လိုက်သလိုအပြောင်းလဲ ဖြစ်သွားနိုင်ပါကြောင်း ကျွန်တော်တင်ပြတဲ့ ဆရာလယ်တွင်းသားစေချစ်နဲ့ဝီလီယံဂျိမ်းတို့အဖြစ်ကို လက်တွေ့သိမြင်နိုင်ပါတယ်။ Steemit မိတ်ဆွေများ ကိုယ်ဟာဘာတစ်ခုမှအဆင်မပြေလို့ လူဖြစ်ရှုံးပါပြီ၊ထင်ပြီးစိတ်ညစ်နေသူရှိရှင်သည်စာလေးဖတ်ခိုင်းပြီး ဘဝကို အသစ်တစ်ဖန်ပြန်လည်မွေးဖွားခြင်းနိုင်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်။

မင်းစိုးနိုင်

MSC 010

Photo-Google

Sort:  

နှလုံးသားအာဟာရတစ်ခုပါ

ဖေမြင့်တော့မဟုတ်ဘူးနော်

ကောင်းလိုက်တဲ့အားပေးစကား

ကျေးဇူးမဝေရေ

အတုယူထိုက်သူနှစ်ဦးပါ

မှန်ပါတယ်ဗျာ

ဘဝမှာ အခက်အခဲတွေ ဘယ်လောက်ဘဲတွေ့တွေ့ မလျော့သောဇွဲလုံလနဲ့ ကြိုးစားသင့်တယ်ဆိုတာရယ် စာဖတ်ခြင်းဟာ စိတ်အဆင့်အတန်းကို မြင့်တင်ပေးလိုက်တယ်ဆိုတာရယ် messageလေး ပေးထားလို့ ဖတ်ရတာ အကျိုးရှိပါပေတယ် ဦးစိုးရေ

ကွက်တိပဲပြောချင်တာကအဲတာ

ကောင်းတယ်​ဗျာ ဒီလိုခွန်​အားတက်​​စေတဲ့စာများ များမျာ​ရေးပါဗျာ

ရေးနေတုန်းရေးနေဆဲပါပဲ

ဆရာ့postဖတ်‌ရတာ စိတ်‌ခွန်‌အား‌တွေတိုး‌စေတယ်‌။

ခုလိုမန့်တော့ကိုယ်လည်းအားတက်ရပါတယ်

အရမ်းကောင်းတဲ့စာတစ်ပုဒ်ပါပဲ့ဆရာ

ကျေးဇူးကို @kyawthuyein ရေ

ခုလိုခွန်​အားဖြစ်​​စေတဲ့စာများဖတ်​ရလို့​ကျေးဇူးပါ...

အပြန်အလှန်ကျေးဇူးပါ

Congratulations @minsoenaing! You have completed the following achievement on Steemit and have been rewarded with new badge(s) :

You published a post every day of the week

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do you like SteemitBoard's project? Then Vote for its witness and get one more award!

Yes i like it your stemitBoard project.

စိတ်ညစ်စရာ နဲ့ စိတ်ပျော်စရာ ကြိုက်တာယူဆိုတော့ကာ

ပျော်စရာလေးပဲ ရွေးပါရစေတော့ ဆာမင်းစိုးရေ

ဘဝဆိုတာရွေးချယ်မှုတွေပဲလေ

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63501.83
ETH 2650.23
USDT 1.00
SBD 2.81