ဂြိုလ်သားများ အကြောင်း တွေးမိတွေးရာ ( အပိုင်း - ၂ )

in #steem7 years ago

ဟုတ်ကဲ့ ပိုင်း - ၁ မဖတ်ရသေးတဲ့မိတ်ဆွေများ
အောက်ကလင့်ကနေ ဝင်ဖတ်လို့ရပါတယ်ခင်ဗျာ။
https://steemit.com/steem/@kyawkyawnaing/yagi-lthaundefined-ae-kang-etymundefinedtyyaa-apong-1-2017820t194240208z

အပိုင်း ၂ မှာတော့ အပိုင်း - ၁ ရဲ့ မေးခွန်းတွေ
ကျွန်တော့် အမြင်နဲ့ ပြန်ရှင်းပြပါမယ်။
ပထဦးဆုံး မေးခွန်းလို လေ့လာချင်ရုံသက်သက်
ကမ္ဘာပေါ်ကိုလာတာလား ?
ကျွန်တော် အမြင် မဖြစ်နိုင်လောက်ပါဘူး။
ဘာလို့လဲဆိုတော့ ကျွန်တော်တို့ထက် သူတို့မှာနည်းပညာပိုင်းက
အများကြီးကိုတိုးတက်နေလို့ပါ။
သူတို့တွေ ဘယ်ကလာမှန်းတောင်
ကျွန်တော်တို့ခုလက်ရှိနည်းပညာအရ မသိနိုင်သေးတာကို
သူတို့တွေက ကမ္ဘာပေါ်ဆင်းသက်ဖို့အထိ
အောင်မြင်တဲ့ နည်းပညာတွေပိုင်ဆိုင်ထားနေပါပြီ။
အဲ့တာဆိုဒုတိယ မေးခွန်းလို လမ်းမှားပြီးရောက်လာဖို့ဆိုတာ
ပိုပြီးမှ မဖြစ်နိုင်တော့ပါဘူး။
ကမ္ဘာမြေပေါ်ကိုတောင် တိတ်တဆိတ်
သူတို့ယာဉ်ကို ဆင်းသက်နိုင်အောင်လုပ်နိုင်တာ
လမ်းမှားဖို့ဆိုရင် ပိုဝေးသွားပါပြီ။
image
နံပါတ် ၃ မေးခွန်းလို ကျွန်တော်တို့ အနာဂတ် ရင်ဆိုင်ရမဲ့
အန္တရာယ် တစ်ခုခုကို အကြောင်းကြားဖို့ရောက်လာတာလား?
ဒီအချက်တော့ ကျွန်တော့်တို့ ခုလက်ရှိကြုံတွေ့နေရတဲ့
ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှုတွေအရ
ကျွန်တော် အမြင်တော့ ဖြစ်နိုင်ပါတယ်။
ဒီနေရာမှာလဲ နောက်ထပ်မေးခွန်း ထွက်လာပါပြီ။
သူတို့တွေ လူသားမျိုးနွယ်ကို ကယ်ချင်တာလား ?
ဒါမှမဟုတ် ကမ္ဘာကြီးကို ကယ်ချင်တာလား ?
ကျွန်တော် အထင်တော့ ၂ ခုလုံးပါ။
ဂြိုလ်သားတွေက ကျွန်တော်လေ့လာမိသလောက်
ကျွန်တော်တို့ လူသားမျိုးနွယ်တွေနဲ့
ပတ်သက်မှုတော်တော်လေးရှိနေပါတယ်။
image
နောက် နံပါတ် ၆ မေးခွန်း။ သူတို့တွေ
ရုပ်ပိုင်းဆိုင်ရာဖွဲ့စည်းပုံ ဘာလို့တူနေရပါသလဲ။
ကျွန်တော် အထင်အရ သူတို့တွေက ကျွန်တော်တို့
လူသားမျိုးနွယ်နဲ့ ပတ်သက်နေပါတယ်။
အရင်က ကြည့်ဖူးတဲ့ကာတွန်းကားတစ်ကားထဲမှာ
သူတို့တွေ အရင်က ကမ္ဘာကြီးမှာ အန္တရာယ်ကြုံခဲ့လို့
အာကာသယာဉ်နဲ့ ကမ္ဘာမြေကို စွန့်ခွာသွားပြီး
ခုချိန် ကမ္ဘာကြီးအခြေအနေကို လာကြည့်ဖို့
အာကာသယာဉ်တွေနဲ့ ပြန်လာတယ်လို့ ဖော်ပြထားပါတယ်။
ဒါမဲ့ ကျွန်တော့် အမြင်အဲ့လိုမဟုတ်ပါဘူး။
image
ပြီးတော့ နံပါတ် ၅ မေးခွန်းလို ဘာလို့အာကာသထဲကလာပါသလဲ
ဒီမှာလဲ မေးခွန်းထပ်ထွက်လာပြန်ပြီ
နေကြတ်၊ လကြတ်၊ ကြယ်မိုးရွာတာတွေတောင်မှ
နက္ခပညာရှင်တွေ အတိအကျ သိနိုင်တာ။
ကမ္ဘာကြီးကို ချဉ်းကပ်လာတဲ့ အာကာသယာဉ်ကို
ဘာလို့မသိနိုင်ရတာလဲ။ ကျွန်တော်ခုထိတော့
အခြားသူတွေ ဒီမေးခွန်းမေးတဲ့သူ မတွေ့ဖူးသေးပါဘူး။
ဒီမေးခွန်းကိုမေးတဲ့သူရှိခဲ့ရင် သူတို့တွေ
ဘယ်လိုအကြောင်းပြလာမလဲသိချင်ပါတယ်။
ကျွန်တော်ရဲ့ ဖြေရှင်းချက်ကတော့
သူတို့တွေ အလင်းရဲ့ အမြန်နှုန်းနဲ့
ဒါမှမဟုတ် အလင်းထက်မြန်တဲ့နှုန်းနဲ့
ကမ္ဘာမြေပေါ်ဆင်းသက်ခဲ့လို့ပါ။
အဲ့တာကြောင့်လဲ ကျွန်တော်တို့ နက္ခပညာရှင်တွေ
တစ်ကမ္ဘာလုံးမှာရှိတဲ့ Radars တွေကနေ မမြင်ရတာပါ။

အပိုင်း ၂ ကို ဒီနေရာမှာနားပါရစေခင်ဗျာ။
ကျွန်တော် ပြောပြထားတာ မရှင်းရင်လဲ ပြန်မေးနိုင်ပါတယ်။

ရေးသားသူ Kyaw Kyaw Naing
Photos credit to Google Images

Sort:  

I really enjoyed your post, thank you for sharing with us. Enjoy the vote!

Thank you, friend.

ဂျိုသားတစ်ကောင်လောက်တွေ့ရင်ပြောပါအုံးနော် စိတ်ဝင်စားတယ်

Messenger ကနေလှမ်းပြောလတ်မေ :P

ဂြိုလ်သားတော့တိဝူး ဂြိုလ်ကားတဲ့ကောင်တွေတော့ မြင်ပူရယ်

i enjoy your post.

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63316.74
ETH 2581.53
USDT 1.00
SBD 2.79