** ဆာလောင်သံ **

in #steem3 years ago

** ဆာလောင်သံ **

ချွင် ချွင် ချွင် ချွင် တောင်တခွင်မှ
သံစဉ်ပျံဝဲ ရစ်ခိုတွဲသည်
ဆည်းလည်းသံတို့ ညံနေ၏။

ဆည်းလည်းသံမှာ ဝေဒနာကို
သေချာစိတ်စိုက် နားထောင်လိုက်သော်.............
စေတီရုပ်ပွား ရာထောင်များအောင်
တည်ထားပြီးနောက် လူမရောက်လေ
သောက်ရေမပေး ဆေးရေဝေး၍
ဆွမ်းဝေးပန်းပုပ် သင်္ကန်းစုတ်၏
ရုပ်ပွားခမျာ မသက်သာဘူး
ရေဆာဆွမ်းဆာ ဝေဒနာနှင့်
ဆာလောင်သံတို့ မြည်နေလျက်။

ချွင် ချွင် ချွင် ချွင် တောင်တခွင်မှ
သံစဉ်ပျံဝဲ ရစ်ခိုတွဲ၏
ဆည်းလည်းမမြည် ဆာလောင်မြည်သည်
စေတီရုပ်ပွား သနားဖွယ်။
ဆာလောင်သံတို့ ညံနေတယ်။
(၂၁-၄-၂၀၁၇)

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.094
BTC 62057.21
ETH 1736.41
USDT 1.00
SBD 0.39