အင်ဂျင်နီယာနှင့် နိုင်ငံတိုးတက်မှု

in #steem-help3 years ago

FB_IMG_1634187711973.jpg
credit

FB_IMG_1634187716882.jpg
credit

"Sciencetists dream about doing great things. Engineers do them…" ဟူသော James A Michener ရဲ့ စကားတစ်ခုမှတ်သားဖူးခဲ့သည်။မှန်ပေသည်။

အင်ဂျင်နီယာဟူသည် လူမှုစီးပွားဘ၀လိုအပ်ချက်နှင့် သိပ္ပံနည်းပညာ ဖွံ့ဖြိုး တိုးတက်မှု သုတပညာကြားက ပေါင်းကူးတံတားပင် ဖြစ်သည်။ အင်ဂျင်နီယာ၏ တာ၀န်၀တ္တရားတွင် နိုင်ငံနှင့် ပြည်သူလူထုအတွက် လူနေမှုဘ၀ မြင့်တက် လာစေရန်၊ နည်းပညာဆိုင်ရာ တိုးတက်မှုရှိစေရန်၊ စီးပွားဖူလုံရေး ရှိစေရန်၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရန်၊စွမ်းအင်လုံလောက်စွာရရှိရန် နှင့် ဘေးကင်းလုံခြုံမှု ရှိစေရန် တို့ ပါ၀င်ပေသည်။

ဖွံ့ဖြိုးဆဲတိုင်းပြည်တစ်ခုအတွက် နည်းပညာတတ်ကျွမ်းသော အင်ဂျင်နီယာလောကသည် အရေးပါလှသည်။ သူသည် ဆေးလောကနှင့် ဆက်စပ်ရမည်။ ဆေးဝါးသုတေသနဆိုင်ရာ ရောဂါရှာဖွေရေး ဆိုင်ရာ စမ်းသပ်ပစ္စည်း ထုတ်လုပ်မှုများ သူနှင့်ပေါင်းစပ်နိုင်သည်။ သူသည် ကုန်ပစ္စည်း ထုတ်လုပ်မှု လောက နှင့်ဆက်စပ်ရမည်။ ဘာကုန်ပစ္စည်းထုတ်မည်။ ဘယ်အချိန်ထုတ်ရမည်။ ဘယ်သူ့အတွက် ထုတ်ရ မည် ၊ ဘယ်လို အရည်အသွေး ထုတ်လုပ်ရမည်၊ စံချိန်စံညွှန်းသတ်မှတ်ချက်ဘယ်လိုရှိသည် က အစ သူ တွက်ချက်နိုင်သည်။ စစ်မှုနည်းပညာပိုင်းတွင် ရန်သူ (သို့)ရန်သူဖြစ်လာနိုင်သောနိုင်ငံ၏ လက်နက် စွမ်းပကားကို စဉ်ဆက်မပြတ်လေ့လာပြီး မိမိ၏လက်နက်စွမ်းပကားအတွက် တီထွင် ဝယ်ယူဖန်တီးမှုများ သူလုပ်နိုင်သည်။တိုင်းပြည်အတွက် လျှပ်စစ်စွမ်းအင် ၊ သတ္ထုပညာ၊ စိုက်ပျိုးရေး၊ ရေအရင်းအမြစ် ၊ သယ်ယူပို့ဆောင်ရေး၊ဆောက်လုပ်ရေး၊ အလှအပပြုပြင်ရေးနှင့် ကျန်းမာရေး စသည် စသည်အားလုံး သူနှင့် ပတ်သက်သည်။

မြန်မာနိုင်ငံတွင် လူပြောများသော သဘာဝသယံဇာတအပိုင်းကို ပထဝီနိုင်ငံရေးရှုထောင့်မှ ထုတ်နှုတ် လေ့လာကြည့်လျှင်ပင် ယခုကဲ့သို့တွေ့ရပေမည်။သဘာဝသယံဇာတပေါများတိုင်း တိုင်းပြည် ချမ်းသာသည်မဟုတ်ကြောင်း အာဖရိကမှ စိန်အပါအ၀င် သဘာဝ သယံဇာတ များစွာ ထွက်ပြီး ဆင်းရဲ နေ သော တိုင်းပြည်များကို ဉပမာပေးကြသည်။ အင်ဂျင်နီယာ (သို့မဟုတ်) နည်းပညာချို့တဲ့မှုကြောင့် ဖြစ်သည်။ သက်သေပြမှုတစ်ခုတွင် သယံဇာတမရှိ ၊ နည်းပညာသိသော စင်ကာပူကထင်ရှားသည်။ ထို့ကြောင့်လည်း ပထဝီနိုင်ငံရေးတွင် သတ်မှတ်ချက်ညီမျှခြင်းများထွက်ပေါ်လာရတော့သည်။

  1. Natural Resources +Technology + Regulations = Wealth State
  2. Natural Resources - Technology + Regulations = Failed State
  3. Natural Resources - Technology - Regulations = Failed State

အင်ဂျင်နီယာ၏ နေ့စဉ်ဘဝစဉ်းစားပုံမှာ အကြောင်းအကျိုး ၊ အကောင်းအဆိုး ၊ Cause & Reason များသာ ဖြစ်နေသောကြောင့် သူတို့ကို တိုင်းပြည်အတွက် စီးပွားရေးတိုးတက်မှုအပိုင်းတွင် တာဝန်ပေးမည်ဆိုပါလျှင် Quality Education၊ Production၊ Efficient Energy၊ Sophisticated Infrastructure ၊ Improved Social Amenities၊ Increasing Phase in GDP၊ Ability of Self-Production ၊ Information & Telecommunication၊ Good Economic Stability စသည့် အပိုင်း များတွင် တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော်ရန် အကျိုးအပြစ်ရှာ အားထုတ်ပေလိမ့်မည်။

အင်ဂျင်နီယာ၏ ပုံမှန်စဉ်းစားပုံကိုက Why နှင့်၊ How ကို Problem တွင်ဖြေရှင်းပြီး ဆင့်ပွားတိုးတက်မှုကို အမြဲအာရုံပြုထားသောကြောင့် သူ့ကို လွတ်လပ်စွာ ရူးသွပ်ခွင့်နှင့် ကျင့်ဝတ် စည်းမျဉ်းစည်းကမ်းကြားမှာ ထိန်းညှိနိုင်ရမည်။အသုံးချနိုင်မှု ဉပမာအားဖြင့် လူတစ်ယောက်ကို ငါးကြီးကြီး တစ်ကောင်ပေးလိုက်ပါက တစ်ရက်စာ ဝဝလင်လင် စားရပေမည်၊ အကယ်၍ သူ့ကို ငါးဖမ်းနည်း သင်ပေးပါက တစ်သက်စာ ကောင်းကောင်း စားရပေမည်။ ထို့ထက်ပို၍ ငါးကို စနစ် တကျ ထုပ်ပိုး နည်း၊ ကြာရှည်ခံအောင်ဆောင်ရွက်နည်း၊ ပြည်ပသို့ တင်ပို့ ရောင်းချ နည်း များပါ သင်ပေးပြီး လုပ်ကိုင် စေပါက တိုင်းပြည်စီးပွားရေးကိုပါ အထောက်အပံ့ ဖြစ်လာပေလိမ့်မည်။ ဤသည်မှာ အင်ဂျင်နီယာ၏ အလုပ်ပင် ဖြစ်သည်။တိုင်းပြည်အတွက် ထိုသို့စဉ်းစားအကောင် အထည် ဖော်နိုင်ရမည်။ထိုသည်ကပင် အင်ဂျင်နီယာ ပညာရေးဖြစ်သည်။ လုပ်ပိုင်ခွင့် များ ပေး ထားရမည်။

နိုင်ငံရေးလောကတွင် အင်ဂျင်နီယာများပါဝင်မှုသည်လည်း အရေးကြီးလှသည်။ မူဝါဒ ချမှတ်နိုင်သော အုပ်ချုပ်သူအဆင့်တွင် ရှိနေသော အင်ဂျင်နီယာသည် သူ၏ Professional knowledge ကိုနိုင်ငံ၏အင်ဂျင်နီယာနှင့်ဆိုင်သော လုပ်ငန်းကိစ္စ ၊ Project နှင့် တိုင်းပြည်၏ Problem Issue အသီးသီးတွင် အသုံးချပေလိမ့်မည်။ တိုင်းပြည် စီးပွားတိုးတက်ရေးအတွက် ထုတ်လုပ်သင့်သော ထုတ်ကုန် များကို သတ်မှတ်ညွှန်ကြား ထောက်ပံ့ပေလိမ့်မည်။ လိုနေသော ထစ်နေသောနေရာကို ဖြေရှင်းပေး လိမ့်မည်။ လုပ်ငန်းများအတွက် ပြီးစီးမှုရာခိုင်နှုန်းလိမ်ညာတင်ပြမှုများ ပြုလုပ်ရင်း အထက်လူကြီး အပြောင်း အရွှေ့ ကိုစောင့်မျှော်ကြသော အကျင့်ဆိုးများ ပျောက်ကွယ်သွားပြီး Work Together ၊Solve Together ဖြစ်လာပေလိမ့်မည်။တင်ပြပါအတွေးအခေါ်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံက တိတိကျကျ ကျင့်သုံးခဲ့ရာ အစိုးရ အဖွဲ့၏ Policy Maker ၁၅ ဉီးတွင် အင်ဂျင်နီယာ ၉ ဉီးအထိပါရှိဖွဲ့စည်းထားပေသည်။ ထို့ကြောင့်လည်း တရုတ်၏ ယနေ့ကမ္ဘာ့အင်အားကြီးနိုင်ငံအဖြစ်သို့ စစ်ရေး၊ စီးပွားရေး ထောင့်စုံ တက်လှမ်း မှုက အံ့ချီး ဖွယ်ဖြစ်လာရသည်။

နိုင်ဂျီးရီးယားနိုင်ငံ၏တိုးတက်မှုကိုလေ့လာရာတွင်လည်း အင်ဂျင်နီယာများသို့ သမ္မတက အမိန့် ၅ ခု ထုတ်ပြန်ခဲ့ရာ (၁) အင်ဂျင်နီယာအလုပ်များကို အဖြစ်သဘော မှတ်သားမိရုံ သတိပြုမိရုံမလုပ်ဘဲ ရလာဒ် ထွက်သည်အထိဆောင်ရွက်ရန်၊(၂)စက်မှုစီးပွားဖြင့်တိုင်းပြည်တိုးတက်ရေးဆောင်ရွက် ရန် (နိုင်ငံ့စီးပွားကိစ္စများတွင် အင်ဂျင်နီယာအဖွဲ့အစည်း ၆ ခုက ဉီးဆောင်ရမည်) ၊(၃)အင်ဂျင်နီယာ ပညာရေး တိုးတက်စေရန်၊ (၄)အင်ဂျင်နီယာများ ရိုးရာ သင်ကြားအကောင်အထည်ဖော်မှုမှခွဲထွက်ပြီး ဇီဝ ၊ ဓာတု၊ မိုးလေဝသ၊ စီးပွားရေး၊စီမံကိန်း၊ နိုင်ငံရေး၊ ကျင့်၀တ် နှင့် ဘာသာရေး၊ လူထုကြားဆက်သွယ်ရေး ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်ရေး တာဝန် ခန့်အပ်ရန်နှင့်(၅)တိုင်းပြည်စီးပွားရေးတိုးတက်မှုအတွက် အရေးကြီးသော ကုန်ကြမ်း ၊ ထုတ်လုပ်မှု၊ဖြန့်ချိမှု အပိုင်းများ၊စွမ်းအင်၊အခြေခံအဆောက်အဉီနှင့် သဘာဝ ပတ်၀န်းကျင်ဆိုင်ရာ စီမံမှုများတွင်လည်း အင်ဂျင်နီယာများ ဉီးဆောင်ဆောင်ရွက်ရန်ဟု ဖော်ပြထားသည်မှာ No Engineer- No Development ဟူသော စကားကို လက်ကိုင် ထားသည့်အလားထင်ရပေသည်။
Engineering ၏အရေးပါမှုကို အမေရိကန်နိုင်ငံ အသုံးချပုံမှာ ပုံစံတစ်မျိုး တစ်ဘာသာ ဖြစ်နေပြန်သည်။

Dr. Christopher K.Tucker ရေးသားသော Engineering as an Instrument of National Power ဆောင်းပါးတွင် အမေရိကန်အနေဖြင့် နိုင်ငံတကာဆက်ဆံရေး လုပ်ငန်းများ ပိုမိုကောင်းမွန်ရန်အတွက် အင်ဂျင်နီယာများထံမှ ဘက်စုံထောင့်စုံစဉ်းစားစစ်ဆေးနိုင်မည့် အချက် အလက်များကို အမွေဆက်ခံပြီး သံတမန်ရေးရာ(diplomacy) ၊အမျိုးသားလုံခြုံရေးရာ(national security) နှင့်စစ်ဘက်စွမ်းရည်(military capability) တို့တွင် အမြဲစောင့်ကြည့်စစ်ဆေးရန်အတွက် American Grand Strategy တွင် National Power Instrument များအဖြစ် သတ်မှတ်ပေးခဲ့ကြသည်။ Governance၊ Growth Hazard၊ Mitigation၊ Stability နှင့် Security တို့ကို စောင့်ကြည့်အကဲခတ်ထိန်းမတ်ရန် Engineering Instrument များကိုအသုံးပြုနေကြောင်း လေ့လာ သိရှိရပါသည်။

ထို့သို့သောအကြောင်းတရားများသည် ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုအတွက် အရေးပါသော ပြုပြင်ပြောင်းလဲစရာများဖြစ်လာရပါသည်။နိုင်ငံတစ်ခု၏ အင်အားကို Geopolitical Concept ဖြင့်ချဉ်းကပ်လျှင် လူဉီးရေ သည်လည်းအရေးပါနေပြန်သည်။ လူများတိုင်းကောင်းသည်မဟုတ်၊ တိုင်းပြည်အတွက် အကျိုးမပြုနိုင်သော လူအရေအတွက်များပါက သူတို့၏စားဝတ်နေရေးကို ဖြေရှင်းရန်ကိစ္စတစ်ခုကပင် ကြီးလေးသော ၀န်ထုတ်ဝန်ပိုးဖြစ်နေပေမည်။ထို့ကြောင့် Population၊ Workforce နှင့် Human Resource ကို ကွဲကွဲပြားပြားခွဲထုတ်ရပြန်သည်။ဤတွင် တိုင်းပြည်အတွင်းရှိ မွေးစမှ သေခါနီးလူသားအရေအတွက်သည် Population ၊အသက် ၁၆ နှစ်မှ ၆၅ နှစ်အထိ အလုပ်လုပ်နိုင်သူကို Workforce နှင့် တိုင်းပြည်တိုးတက်ရေးအတွက် ဉီးဏှောက်ကို အသုံးပြုကာ အလုပ်လုပ်သော ဉာဏလုပ်သား ၊ ကော်လံဖြူလုပ်သား (White Collar Worker) ကို လူ့စွမ်းအား အရင်းအမြစ် (Human Resource)ဟုသတ်မှတ်ကြောင်း တွေ့ရှိရသည်။ နိုင်ငံ တိုးတက်မှုအတွက် စနစ်တကျစီမံခန့်ခွဲတွက်ချက်ထောက်ပံ့ တာ၀န်ပေးရမည့်သူမှာ ကော်လံဖြူလုပ်သားပင်ဖြစ်သည်။

Mars သို့ တစ်ကြိမ်တည်းနှင့် ဂြိုလ်တုလွှတ်တင်နိုင်သော အိန္ဒိယ အင်ဂျင်နီယာတို့ကို အစိုးရ (သို့) အထက်အဖွဲ့အစည်း၏ ယုံကြည်မှုမျိုး တိုင်းပြည်တွင် လိုအပ်နေပေပြီ။ John Ruskin ၏ စကား " The Strength and Power of a country depends absolutely on the quantity of good men and women in it." အတိုင်း တိုင်းပြည်ကို တိုးတက်စေလိုသူမှန်သမျှဘက်ကလည်း မျိုးချစ်စိတ် ၊ နိုင်ငံ ချစ်စိတ်၊ ပြည်ထောင်စုစိတ်ဓာတ်အခြေခံကြြပီး အရည်အချင်းရှိသူများဖြစ်ကြ ရန်၊ အမြင်ကျယ်စွာကြိုးစားကြရန်၊ လူမှန် နေရာမှန်အားဖြင့် တာ၀န်ယူကြ၊ တာဝန်သိကြ၊ တာဝန်ရှိကြ၊ တာဝန်ခံကြ၊တာဝန်ကျေကြရန် လိုအပ်နေပြီ။ တိုင်းပြည်ချစ်သူတိုင်းသည် နေရာနှင့်အာဏာအတွက် အချိန်မဖြုန်းကြဘဲ Brighten The Corner, where you are ဆိုတဲ့စကားလို အရေးမကြီးသော တံခါးနောက်ကအခန်းထောင့်ကို ကြမ်းတိုက်ရလျှင်ပင် ပြောင်အောင်တိုက်မည်ဟူသော စိတ်များဖြင့် တက်ညီလက်ညီဆောင်ရွက်ကြလျှင်ဖြင့် ရွှေပြည်တော် ထင်သ လောက် မဝေးနိုင်ဟု တွေးနေရင်းသာ......။
သွေးသစ်ဝေ(ဧရာဝတီ)

ကိုးကား
၁။ The Role Of Engineers In National Economy Development , Mrs Funmi Akingbagbohun , Convenant University, Otta, 2018.
၂။ Routes of engineering for development of a sovereign nation , Fernando Alcoforado.
၃။ Engineering as an Instrument of National Power , Dr. Christopher K.Tucker
၄။ Geopolitics Lessons by GEOG

Coin Marketplace

STEEM 0.16
TRX 0.13
JST 0.027
BTC 60291.00
ETH 2583.81
USDT 1.00
SBD 2.55