ရုပ်​ နာမ်

in #srl-zone6 years ago

• ရုပ် နာမ် သိရုံဖြင့် ပြီးရောလား … … ?
• ဝိပဿနာရှု့တဲ့ စိတ်တချက်၌ သစ္စာလေးပါး အကုန်ပါသလား …?

• ရုပ်နာမ်ကို သိရုံ မြင်ရုံ မျှဖြင့် ဝိပဿနာဥာဏ်သို့ မရောက်သေး ထို ရုပ် နာမ်တို့၏ ဖြစ်ပျက်သဘောကို ပိုင်ပိုင်နိုင်နိုင်သိသောဥာဏ်သို့ ရောက်ပါမှ ဝိပဿနာဥာဏ်သို့ ရောက်တော့သည် … ။

• ကိလေသာချုပ်ငြိမ်းရန် ရုပ် နာမ်ကို သိအောင် ရှေးဦးစွာ အားထုတ်ရမယ် ။ သိပြီးနောက် ရုပ် နာမ် ဖြစ်ပျက်ကို သိအောင် အားထုတ်ရမယ် ။ ရုပ် နာမ် ဖြစ်ပျက်ကို သိသောအခါ ရုပ်နာမ်အပေါ်မှီ၍ ဖြစ်သော ကိလေသာတို့ ခိုအောင်းစရာ မရှိတော့၍ ဖြစ်ခွင့်မရ တစ်စတစ်စ ချုပ်ငြိမ်းသွားတော့သည် မဂ်ရောက်လျှင် လုံးဝဖြစ်ခွင့်မရပဲ ချုပ်ငြိမ်းသွားတော့လေသည် … ။

• ဝိပဿနာရှု့တဲ့ စိတ်တချက်၌ သစ္စာလေးပါး ဖြစ်ပုံကတော့ …
၁ ။ ရှု့တိုင်းရှု့တိုင်း ပိုင်းခြားသိတာ ဒုက္ခသစ္စာ
၂ ။ သိလိုက်တဲ့ အာရုံ၌ တပ်မက်မှု့ကင်းတာက သမုဒယကို ပါယ်တာ
၃ ။ သိရတဲ့ အာရုံနဲ့စပ်၍ ကိလေသာကံ ဘဝသစ် မဖြစ်နိုင်တာက တဒင်္ဂနိရောဓသစ္စာ
၎ ။ ရှု့တိုင်းရှု့တိုင်း သဘောအမှန်ကို သိတာက မဂ္ဂသစ္စာ

လင်္ကာလေးကတော့ … … …
• ရှု့မှတ်သိရ ဒုက္ခသစ္စာ
• တပ်မက်ကင်းမှု့ သမုပယ်တာ
• ဝဋ်သုံးပါးချုပ် နိရုစ်သစ္စာ
• လောကီမဂ် မှတ်လျှက်သိမှု့ပါ … ။

( ကျေးဇူးတော်ရှင် ရွှေဥမင်ဆရာတော် ဘုရားကြီး၏ အဆုံးအမများအား ကိုးကား၍ ဖြေဆိုပါသည် )

( ဥပေက္ခာ … … )

image

kbkb

Coin Marketplace

STEEM 0.31
TRX 0.11
JST 0.033
BTC 64275.02
ETH 3139.81
USDT 1.00
SBD 4.14