လောင်းကစားနိုင်စေသောမှော်နည်းလမ်း
လောင်းကစားပဲဖြစ်ဖြစ်၊ အခြားသူများနဲ့ယှဉ်ပြိုင်ကစားရာမှာပဲဖြစ်ဖြစ်
အစီအရင်လေးလုပ်ပြီးမှသွားမယ်ဆိုရင် နိုင်ချေရာနှုန်းက ပိုမြင့်သွားမှာ
အသေအချာပါ။ ဒါကြောင့်မို့ အပြိုင်အဆိုင်၊ လောင်းကစားများမပြုလုပ်
မီ စီရင်ရသော မှော်နည်းလမ်းကို ဖော်ပြပေးလိုက်ရပါတယ်။
ပထမဆုံးအနေနဲ့ အစီအရင်လုပ်မယ့်နေရာပတ်ပတ်လည်ကို ဆားများနဲ့စက်ဝိုင်းပုံသဏ္ဍာန်စည်းတားလိုက်ပါ။ ဒီလိုလုပ်ရတာဟာ သင်အစီအရင်လုပ်နေချိန်အတွင်း ဘယ်လိုအနှောင့်အယှက်အတားအဆီးမှ ရောက်မလာနိုင်အောင် ကာကွယ်ထားရခြင်းပဲဖြစ်ပါတယ်။
ဆားစက်ဝိုင်းတားပြီးသွားရင်တော့ ခွက်အကြီးတစ်လုံးထဲကို တရုတ်နံနံနဲ့ ငှက်ပျောသီးငါးလုံးခန့်ကို အခွံနွာပြီးထည့်ရပါမယ်။ အဲ့ဒီလိုထည့်ပြီးသွားရင်တော့ ခွက်ကိုကိုင်ကာ မိမိသွားမယ့်နေရာ၊ မိမိယှဉ်ပြိုင်မယ့်ပွဲပဲဖြစ်ဖြစ် ကျင်းပနေချိန်မှာ အနိုင်ရနေတယ်လို့စိတ်ထဲမှာမြင်ယောင်နေပါ။ သင်ဟာငွေထုပ်ကြီးကိုပိုက်ထားတယ်..။ ငွေစက္ကူတို့ကလည်း သင့်အပေါ်ကို သင့်အပေါ်ကိုတဖွဲဖွဲကျဆင်းနေတယ်လို့ စိတ်ထဲမှာတွေးထင်ထားပါ။
ပြီးနောက်မှာ ခွက်ကြီးထဲကိုပဲ တရုတ်ဇီးသီးများကို ကြဲပက်ထည့်ရင်းနဲ့ -
"ယခုအစားအသောက်များကို ကျွန်ုပ်ရဲ့ကံတရားနဲ့သက်ဆိုင်သော ပရလောကသားများအဖို့ လှူဒါန်းပါတယ် ..၊ လောင်းကစားအတွက် ကောင်းသောကံကိုပေးတော်မူပါ.”
လို့ရွတ်ဆိုပေးပါ။ ဆက်လက်ပြီး သံပရာသီးတစ်လုံးကိုလည်းပစ်ထည့်ပြီး ဆားရည်ကို အသီးအနှံများနစ်မြုပ်နေသည် အထိလောင်းထည့်ရပါမယ်။ လောင်းထည့်ပြီးနောက်မှာတော့
အောက်ပါအနောက်တိုင်းမန္တန်တစ်ပုဒ်ကို(၃)ကြိမ်တိတိရွတ်ဆိုပေးရမှာပဲဖြစ်ပါတယ်။
“Give me the victory I want, give me the luck I seek, give me the winnings I want, give me the success I need.”
ဒီလိုရွတ်ဆိုပြီးသွားရင်တော့ သင့်အစီအရင်
အထမြောက်အောင်မြင်ပြီဖြစ်ပြီး ဆားစက်ဝိုင်းကိုဖျက်
ခွက်ထဲမှပျော်ရည်ကို တစ်နေရာရာလွင့်ပစ်ကာ
လောင်းကစားပြုလုပ်မည့်နေရာ (မကြာမီသင့်အောင်မြေဖြစ်
လာတော့မည့်နေရာ) သို့ထွက်ခွာရမှာဖြစ်ပါကြောင်း
အသုံးလိုသူများအတွက် လက်တွေ့အသုံးတည့်နည်းလမ်း
ကိုဖော်ပြပေးလိုက်ရပါတယ်။
ကာရှိုင်း (ကြယ်စင်ချစ်သူ)
@aurokarshine
MSC-136
aurokarshine!! Thank you, your Post.