National

in #south-korea7 years ago (edited)

(SouthKorea)တောင်ကိုရီးယားနိုင်ငံရဲ့စိတ်ဝင်စားဖွယ် အကြောင်းအရာအချို့

ကိုရီးယားမှာတချို့အချက်တွေက နိုင်ငံခြားသားတွေအတွက် ထူးဆန်းနေတာမျိုးတွေ ရှိပါတယ်။ဘယ်လိုအချက်မျိုးတွေပါလိမ့်။

(၁)တောင်ကိုရီးယားနိုင်ငံဟာကမ္ဘာမှာအင်တာနက်အသုံးပြုမှုအများဆုံးနိုင်ငံဖြစ်သလို၊အင်တာနက်မြန်နှုန်းကမ္ဘာ့အမြင့်ဆုံးနိုင်ငံလည်းဖြစ်ပါတယ်။လူဦးရေရဲ့ ၉၂.၄ ရာခိုင်နှုန်းက အင်တာနက်အသုံးပြုကြပါတယ်။
IMG_20180212_181241.jpg

(၂)တောင်ကိုရီးယားရဲ့အလံကအဓိပ္ပာယ်ရှိပါတယ်။ အလယ်ကစက်ဝိုင်းက ယင်နဲ့ယန် (ဖို/မဓာတ်)ကို ကိုယ်စားပြုတာဖြစ်ပြီးဘေးမှာပါတဲ့မျဉ်းတန်း ၃ ခုပါ အတုံးလေးတုံးကတော့ ကောင်းကင်၊မြေကြီး၊ရေနဲ့ မီးကိုကိုယ်စားပြုတာ ဖြစ်ပါတယ်။
IMG_20180212_181209.jpg

(၃)ကိုရီးယားဟာကင်မ်ချီနဲ့နာမည်ကျော်လည်း
ကျော်ထိုက်ပါတယ်။ကိုရီးယားမှာကင်ချီအမျိုးပေါင်း ၂၅၀ လောက်ရှိတယ်လို့ သိရပါတယ်။
IMG_20180212_181313.jpg

(၄)တောင်ကိုရီးယားမှာကလေးတွေကို မွေးဖွားချိန်ကစပြီးအသက် တစ်နှစ်လို့သတ်မှတ်ပါတယ်။မွေးဖွားပြီးချိန်ကနေ ရက် ၁၀၀ ပြည့်ရင်လည်းအထိမ်းအမှတ်ပွဲကိုသေသေချာချာလုပ်ပေးလေ့ရှိပါတယ်။

(၅)နောက်တစ်ခုကတောင်ကိုရီးမှာအများပြည်သူ
ရှေ့ အရက်သောက်တာဟာတရားဝင်ပါတယ်။
IMG_20180212_181334.jpg

(၆)ကိုရီးယားမှာ နာမည်ကိုအနီနဲ့ရေးထားပြီဆိုရင်
တော့ သေချာပါတယ်၊အဲဒီလူဟာသေအံ့ဆဲဆဲဖြစ် နေတဲ့သူ၊ဒါမှမဟုတ်သေဆုံးပြီးသွားတဲ့သူကိုရည်ညွှန်းပါတယ်။

(၇)နောက်ထပ်ယုံကြည်တာတစ်ခုကပန်ကာကို
တစ်ညလုံးဖွင့်ပြီးအဲဒီပန်ကာအောက်မှာအိပ်ရင် လူသေတတ်တယ်ဆိုတာပါပဲ။

(၈)နောက်ထပ်ထူးခြားတာလေး ရှိသေးတယ်။ Apple ထုတ် iPhone ရဲ့ မိုက်ခရိုချစ်ပ် (microchip) ကို တောင်ကိုရီးယားကုမ္ပဏီဖြစ်တဲ့ Samsung က လုပ်ပေးတာပဲ ဖြစ်ပါတယ်။
IMG_20180212_181405.jpg

(၉)တောင်ကိုရီးယားဟာနိုင်ငံရဲ့ လူဦးရေနဲ့အချိုးကျ
ကြည့်ရင်ကမ္ဘာပေါ်မှာ ပလတ်စတစ်ဆာဂျရီလုပ်တဲ့သူ အများဆုံးနိုင်ငံဖြစ်ပါတယ်။တောင်ကိုရီးယားနိုင်ငံရဲ့နောက်မှာမှ အမေရိကန်၊ ဘရာဇီးနဲ့ ထိုင်းနိုင်ငံတို့က အစဉ်လိုက်ရပ်တည်နေကြပါတယ်။

(၁၀)ကိုရီးယားနိုင်ငံသားတွေဟာသူတို့မွေးနေ့မှာ
ရေညှိကိုစားလေ့ရှိကြပါတယ်။ရေညှိကကံကောင်း
ခြင်းတွေကိုယူဆောင်လာပေးတယ်လို့ ယုံကြည်ကြလို့ပါပဲ။။
IMG_20180212_181148.jpg

Written...@yehtetaung
HFS..A(11)
Photo..google

Sort:  

you always have the best content

စိတ်​ဝင်​စားစရာေ​တွပဲ

လေ့လာမိသလောက်လေးပါ

ဗဟုသုတတိုး ညဏ်ပြည့်ဖြိုးပါတယ်ဗျာလို့

ဟုတ် ကျေးဇူးပါဗျ

ဗဟုသုတလေွးေ

ဟုတ်ကျေးဇူးပါဗျ

good knowledge

ကျေးဇူးအမအိ.

Good place to eat !

ကျေးဇူးပါ

ဟုတ်ကိုသက်

Good knowledge
@shwebote
B15

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 56586.95
ETH 2389.49
USDT 1.00
SBD 2.34