ကမ္ဘာတစ်ဝှမ်းလုံးမှာ ဗားရှင်းပေါင်း လေးထောင်အထိ တီးခတ်ခဲ့ကြတဲ့ တေးသွားတစ်ပုဒ်

in #song7 years ago (edited)

ကမ္ဘာတစ်ဝှမ်းလုံးမှာ နာမည်ကျော်ကြားခဲ့တဲ့ သီချင်းဖြစ်ပြီး
ဗားရှင်းပေါင်း လေးထောင်အထိ တီးခတ်ခဲ့ကြတဲ့ တေးသွားတစ်ပုဒ်


ဒီသံဇဉ်တေးသွားရဲ့ နာမည်က El Condor Pasa တဲ့။
ပီရူးဘာသာစကားဖြစ်ပြီး အဓိပ္ပာယ်ကတော့ အကယ်၍များ ငါသာတတ်နိုင်ခဲ့ရင်
လို့ အနက်ရတယ်။
.
ဒီသီချင်းဟာ နာမည်ကြီးပြီး ပေါက်လွန်းလို့ ပီရူးနိုင်ငံဟာ သူရဲ့ နိုင်ငံပိုင်
ရိုးရာအမွေအနှစ်တစ်ခုအဖြစ် ကြေညာခဲ့တဲ့အထိ သီချင်းဟာ သြဇာကြီးခဲ့တယ်။
.
ဒီသီချင်းကို ပြန်လည်သီဆိုတဲ့သူတိုင်း နာမည်ကြီးကြတယ်။
.
သီချင်းဟာ ပီရူးနိုင်ငံရဲ့ ကျေးလက်ဂီတဖြစ်တဲ့ ရိုးရာ အန်ဒီးယန်းဂီတသံဇဉ်ကို
အခြေခံပြီး ရေးစပ်ထားတာ ဖြစ်တယ်။
.
#ဂီတရှာပုံတော်
ဒီသီချင်းဖြစ်ပေါ်လာပုံကလည်း ထူးဆန်းတယ်။
ပီရူးသီချင်းရေးဆရာ ဒဲနီယဲလ်အယ်လိုမီယာရော့ဘ်လ်စ်ဟာ
ပီရူးတစ်ခွင် ခရီးသွားခဲ့တယ်။ အမေဇုံတောထဲနဲ့
ကမ္ဘာ့အရှည်ဆုံးတောင်တန်းတစ်ခုဖြစ်တဲ့ အန်ဒီးတောင်တန်းတွေကို
ဖြတ်ကျော်ပြီး တိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့နဲ့သံဇဉ်တွေကို
စူးစမ်းလေ့လာခဲ့တယ်။
.
ပီရူးနိုင်ငံရဲ့ ဝေးလံခေါင်သီတဲ့ ဒေသက သီချင်းဗားရှင်းအတော်များများကို
သူ ရရှိခဲ့တယ်။
.
1900ပြည့်နှစ်မှာ ပီရူးနိုင်ငံရဲ့ မြို့တော် လီမားကို ပြန်ရောက်တဲ့အချိန်
အယ်လိုမီယာဟာ မီးသတ်ဌာနမှာ ၀င်လုပ်တယ်။
.
သီချင်းလည်းရေးခဲ့ဖူးတဲ့ အယ်လိုမီယာဟာ သူခရီးထွက်တုန်းက
ရလာခဲ့တဲ့ သံဇဉ်နဲ့ ပေါင်းပြီး သီချင်းတစ်ပုဒ် ဖန်တီးလိုက်တယ်။
.
အဲဒီသီချင်းကို El Condor Pasa လို့ နာမည်ပေးပြီး
အော်ချက်စထရာမပါဘဲ တီးတယ်။
.

1933 ခုနှစ်ကျရော အယ်လိုမီယာဟာ ဒီသီချင်းကို
Edward B.Marks Music Corporation ဆီ မူပိုင်ခွင့် ရောင်းလိုက်တယ်။
.
သိပ်မကြာပါဘူး။ အဲဒီသီချင်းကို နာမည်ကြီး အော်ပရာအဆိုတော်
Yma Sumac က သီဆိုခဲ့တယ်။
Yma Sumac က ဟောလိဝုဒ်ကို ပထမဆုံးရောက်တဲ့ အဆိုတော်ပါ။
.
1960 ပြည့်နှစ်မှာ
.
အန်ဒီးအဆိုတော်အဖွဲ့တွေဟာ ဥေ၇ာပမှာ နာမည်ကြီးနေတဲ့အချိန်
Los Incas လို့ခေါ်တဲ့ အဖွဲ့ဟာ ဒီ El Condor Pasa သီချင်းကို
အန်ဒီးတူရိယာတွေနဲ့ တီးခတ်ပြီး ဖျော်ဖြေကြတယ်။
.
ပါရီမှာ သူတို့ တီးခတ်နေတာကို အဆိုတော် ပေါလ်ဆိုင်မွန်နဲ့ ဂါဖန်ကဲလ်တို့က
မြင်သွားတယ်။ သူတို့က အဲဒီသီချင်းမှာ စာသားထည့်ပြီး If I could နာမည်နဲ့
သီဆိုလိုက်တာ ဥရောပတစ်ခွင်လုံး ပေါက်သွားတော့တယ်။
.
အထူးသဖြင့် စပိန်၊ သြစတြေးလျ၊ ဘယ်လ်ဂျီယံနဲ့ နယ်သာလန်နိုင်ငံတွေမှာ
ပိုပေါက်တယ်။
.
ပေါလ်ဆိုင်မွန်ဟာ ဒီသီချင်းမှာ မူပိုင်ခွင့်ရှိတယ်ဆိုတာ သူမသိခဲ့ဘူး။
အဲဒီမှာတင် မူပိုင်ခွင့်အတွက် တရားစွဲဆိုလိုက်ကြတဲ့ကိစ္စဟာ
နောက်ဆုံးမှာတော့ ပီရူးနိုင်ငံပိုင် ဖြစ်သွားပါတော့တယ်။

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 64724.35
ETH 3436.21
USDT 1.00
SBD 2.55