ဝီရှီးယား
အသင်းသစ်ရှာဖို့ ဝင်းဂါးကပြောခဲ့သေးတယ်လို့ ဝီလ်ရှီးယားဖွင့်ဟ
အာဆင်နယ်အသင်းကွင်းလယ်လူ ၀ီလ်ရှီးယားကသူ့ကိုအသင်းကနေထွက်ပြီးနောက်တစ်သင်းရှာဖို့ နည်းပြ၀င်းဂါးကပြောခဲ့ဘူးတယ်လို့ဖွင့်ဟလိုက်ပါတယ်။
ရာသီအစပိုင်းက အားကစားရုံထဲမှာ စက်ဘီးနင်းတဲ့လေ့ကျင့်ခန်းပြုလုပ်နေစဉ်မှာဝင်းဂါးလာပြောခဲ့တာဖြစ်တယ်လို့လည်းဝီလ်ရှီးယားကဆိုပါတယ်။ သူက"ကျွန်တော်စက်ဘီးနင်းတဲ့လေ့ကျင့်ခန်းလုပ်နေတုန်း ၀င်းဂါးကရောက်လာပြီး မင်းနဲ့ပတ်သက်လို့ပွင့်ပွင့်လင်းလင်းပြောရရင် အသင်းသစ်ရှာလို့ရရင်ရှာတော့လို့ လာပြောသွားပါတယ်။ ပုံမှန်နေရာရချင်ရင် တိုက်ပွဲဝင်ရမယ်ဆိုတာ သိထားတဲ့အတွက် ကျွန်တော့်ဘက်ကဘာမှပြန်မပြောခဲ့ပါဘူး။ ကျွန်တော်သာကြံခိုင်မှုပြည့်နေရင် အသင်းမှာ ပြန်ပါနိုင်မယ်ဆိုတာယုံကြည်တဲ့အတွက်ကြိုးစားခဲ့ပါတယ်"လို့ပြောသွားပါတယ်။ ၀ီလ်ရှီးယားဟာ နောက်ပိုင်းမှာခြေစွမ်းပြန်ပြလာတဲ့အတွက်အခုဆိုရင်စာချုပ်သစ်အတွက်ဆွေးနွေးမှုတွေကိုတောင်ပြုလုပ်နေပြီဖြစ်ပါတယ်။သူ့ရဲ့လက်ရှိစာချုပ်ဟာသက်တမ်း ၃ လဘဲကျန်တော့တယ်လို့သိရပါတယ်။
This post has received a 1.79 % upvote from @drotto thanks to: @zayarmin.