Panasonic P90
Panasonic က အခုအချိန်မှာ Budget စမတ်ဖုန်းအသစ်ကို ထုတ်ပေးလိုက်ပြီပဲဖြစ်ပါတယ်။ အခု ထုတ်လိုက်တဲ့ စမတ်ဖုနး်ကို Panasonic P90 လို့နာမည်ပေးထားပြီးတော့ ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၈၀ ပဲရှိမှာဖြစ်တဲ့အတွက် မြန်မာငွေ ၁ သိန်းဝန်းကျင်ပဲရှိမှာဖြစ်ပါတယ်။
Panasonic P90 စမတ်ဖုန်းကို Mediatek MTK 6737 Quad Core Processor ကို အသုံးပြုထားပြီးတော့ 5″ HD Display ကို အသုံးပြုထားတာဖြစ်ပါတယ်။ အခု Panasonic P90 စမတ်ဖုန်းက RAM 1GB နဲ့ Storage 16GB ပဲရှိနေမှာဖြစ်ပါတယ်။
Camera အနေနဲ့တော့ Front ရော Back Camera ၂ ခုလုံးကို 5MP တပ်ဆင်ပေးထားပြီးတော့ Android 7.0 Nougat နဲ့အတူ 2400mAh Battery တပ်ဆင်ထားမယ်လို့ သိရပါတယ်။
အခု Panasonic P90 စမတ်ဖုန်းကို Black ၊ Blue နဲဲ့ Gold အရောင်တွေ ဆိုပြီး ထုတ်ပေးထားမှာဖြစ်ပြီးတော့ ဈေးနှုန်းအနေနဲ့ကတော့ ဒေါ်လာ ၈၀ ပဲရှိမှာဖြစ်ပါတယ်။
source