khinpyay

in #sep8 years ago

၁။အောက်ပါတို့ကို မှန်လျှင် (မှန်) ၊ မှားလျှင် (မှား) ဟု ဖြေဆိုပါ။ (၅ မှတ်)
(က) ဧရာ၀တီမြစ် သည် မိုင် ပေါင်း ၁၃၂၈ မိုင် ရှည်လျား၍ မြန်မာနိုင်ငံအတွက်အသုံး၀င်ဆုံးမြစ်ဖြစ်သည်။
(ခ) ကမ္ဘာရေထု မျက်နှာပြင် နိမ့်ကျခြင်းကြွတက်ခြင်းကို ဒီရေဟုခေါ်သည်။
(ဂ) ဆူရ်မာမြစ်အောက်ပိုင်းကို မက်ဂနာမြစ်ဟုခေါ်သည်။
(ဃ) နေမှကမ္ဘာသို့ လာသောနေရှိန်အနက် ၄၅ ရာခိုင်နှုန်းသည်ကမ္ဘာသို့မရောက်မီ အာကာသတွင် ပျံ့လွင့်ပျောက်ပျက်သွားသည်။
(င) ကျေးလက်ဒေသနေထိုင်သူတို့၏အဓိကစီးပွားရေး လုပ်ငန်းမှာ ပထမဆင့်လုပ်ငန်းဖြစ်သည်။
၂။အောက်ပါကွက်များကို ဖြည့် ပါ။ (၅ မှတ်)
(က) နေမှကမ္ဘာသို့ လာသောနေရှိန်၏ _______ ရာခိုင်နှုန်းကိုသာ ကမ္ဘာ့လေထုက တိုက်ရိုက်စုပ်ယူသည်။
(ခ) ရေထကို ______ ဟုလည်း ခေါ်သည်။
(ဂ) ဧရာ၀တီမြတွင် _____ အနည်းငယ်တူးဖော်ရရှိသည်။
၃။အောက်ပါတို့ကို မှတ်စုရေးပါ။ (၁၅ မှတ်)
(က) သမုဒ္ဒရာ ရေငန်ခြင်းအခြေအနေ ကွဲပြားမှု
(ခ) ကျေးလက် လူနေထိုင်မှုပုံသဏ္ဌာန်
(ဂ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၏ ရာသီဥတု

Coin Marketplace

STEEM 0.05
TRX 0.32
JST 0.079
BTC 66099.15
ETH 1778.52
USDT 1.00
SBD 0.42