သစ္ပင္ေအာက္ကေကာင္မေလးsteemCreated with Sketch.

in #self7 years ago

Zawgyi
ေကာင္းကင္ႀကီးကမွင္ေတြလိုမဲေမွာင္ေနခ်ိန္
ေကာင္းကင္ေပၚကေနလဲမိုးစက္ေတြျပင္းထန္စြာက်ဆင္းေနတယ္။
မိုးစက္ေတြရဲ႕ျပင္းထန္လွတဲ့ဆူညံသံေတြ သဲသဲကြဲကြဲမျမင္ႏိုင္ေအာင္မိုးစက္ေလးေတြရဲ႕
ဖံုးလႊမ္းမႈေအာက္မွာ
ထီးမပါလာတ့ဲမိုးရြာမယ္လို႔မထင္ထားတဲ့
ေကာင္မေလးတစ္ေယာက္
မိုးေရေတြနဲ႔စိုရႊဲမွာကိုစိုးရိမ္ကာ
နီညိဳေရာင္အိပ္ေလးကိုကာၿပီး
အပြင့္ေလးေတြပြင့္ေနတဲ့ပိေတာက္ပင္ျကီးရဲ႕ ေအာက္ကို
ခပ္သြပ္သြပ္ေလးေျပးသြားလိုက္တယ္
ေျပးထားတာေၾကာင့္ေမာပန္းၿပီးႏွလံုးခုန္သံေတြျမန္ေနတဲ့
ေကာင္မေလးတစ္ေယာက္အဖို႔မွီခိုရမဲ့ေနရာေလးတစ္ခု
သူ႔ရသြား႐ွာတယ္။ဒီလိုနဲ႔မိုးသံေတြရပ္သြားမဲ့အခ်ိန္တစ္ခုကို
သူေစာင့္ေနတယ္။ခဏၾကာေတာ့မိုးစက္ေလးေတြရဲ႕အ႐ွိန္က
တျဖည္းျဖည္းေလ်ာ့နည္းလာတယ္။မိုးစက္ေလးေတြဖြဲလာတဲ့အခ်ိန္လဲေရာက္ေတာ့ေကာင္မေလးကသူလိုရာသြားဖို႔အတြက္ေျခလွမ္း
ေတြကိုစတင္ခဲ့တယ္။ပိေတာက္ပင္ႀကီးကေတာ့
ႏုတ္ေတာင္မဆက္ခဲ့ရပဲနဲ႔အထီးက်န္စြာေနရစ္ခဲ့ရတယ္။

အခုဒီစာပိုဒ္ထဲမွာဆိုရင္
ပိေတာက္ပင္းကသင္ျဖစ္ခ်င္လဲျဖစ္ႏိုင္သလို
ေကာင္းကင္ႀကီးကလဲသင္ျဖစ္ခ်င္လဲျဖစ္ႏိုင္တယ္
ကိုယ္ဘာျဖစ္ေနတာကိုေတာ့သိမွာမဟုတ္ပါဘူး
သင္သ ာပိေတာက္ပင္သာျဖစ္ခဲ့ရင္
ေကာင္းကင္ကေပးတဲ့ဒုကၡေၾကာင့္
သင့္အရိပ္ေအာက္မွာတခဏတာမ်ွေတာ့ခိုလွံုသြားၿပီး
ေကာင္းကင္အရိပ္ေအာက္ကိုသူျပန္ထြက္ခြာသြားမယ္
သင္သာေကာင္းကင္ႀကီးျဖစ္ခဲ့မယ္ဆိုရင္ေတာ့
သင့္အနားကထြက္ခြာသြားရင္ေတာင္ခဏပါပဲ
ေတြ႔တဲ့အပင္အရိပ္ေအာက္မွာေတာ့ခဏတာခိုေအာင္းပါလိမ့္မယ္
အပင္ေအာက္မွာပဲအျမဲေနသြားဖို႔ဆိုတာေတာ့မျဖစ္ႏိုင္ဘူးေလ
ဒါေၾကာင့္သင့္ဆီကိုျပန္ေတာ့ေရာက္လာမွာအမွန္ပါပဲ
သင္သာေကာင္းကင္မွန္ရင္ေပါ့
အခုအခ်ိန္မွာသင္ကပိေတာက္ပင္လား
ေကာင္းကင္လား
ေကာင္းကင္ရဲ႕ေပးဆပ္မႈ
ပိေတာက္္ပင္ရဲ႕ေပးဆပ္မႈ
ေကာင္းကင္ရဲ႕ၾကည္ႏူးေစမႉ
ကာကြယ္ေပးမႈ ေပ်ာ္ရႊင္မႈေတြနဲ႔
ပိေတာက္ပင္ရဲ႕ကာကြယ္ေပးႏိုင္မႈ ေတြနဲ႔ယွဥ္ရင္ေတာင္
ေပးဆပ္ႏိုင္မႈအနည္းအမ်ားေတာ့ကြာပါတယ္
ဒါေၾကာင့္သင့္ဆီခဏလာတြဲၿပီးအရင္ခ်စ္သူဆီျပန္ပါသြားတာလဲ
မဆန္းပါဘူး
သင္ကပိေတာက္ပင္ျဖစ္ေနလို႔ပါ
သင့္အေပၚမွာပဲခ်စ္ေစခ်င္ရင္ေတာ့
ေကာင္းကင္ႀကီးလိုျဖစ္ေအာင္က်ိဳးစားပါ
သင္သာသင့္ခ်စ္သူအေပၚစိတ္ဆင္းရဲမႈေတြေပးမိခဲ့ရင္
သူအတြက္လံုျခံဳႏိုင္မဲ့အရိပ္ေအာက္ထဲ႐ွာဝင္ၿပီေလ
သူခိုဝင္တဲ့အရိပ္ကေကာင္းကင္ႀကီးသာျဖစ္သြားရင္
သင္ကေတာ့အပင္သာသာပဲျဖစ္သြားမွာပါ

                                                       သူ႔ထက္ႏိူင္

Unicode

ကောင်းကင်ကြီးကမှင်တွေလိုမဲမှောင်နေချိန်
ကောင်းကင်ပေါ်ကနေလဲမိုးစက်တွေပြင်းထန်စွာကျဆင်းနေတယ်။
မိုးစက်တွေရဲ့ပြင်းထန်လှတဲ့ဆူညံသံတွေ သဲသဲကွဲကွဲမမြင်နိုင်အောင်မိုးစက်လေးတွေရဲ့
ဖုံးလွှမ်းမှုအောက်မှာ
ထီးမပါလာတ့ဲမိုးရွာမယ်လို့မထင်ထားတဲ့
ကောင်မလေးတစ်ယောက်
မိုးရေတွေနဲ့စိုရွှဲမှာကိုစိုးရိမ်ကာ
နီညိုရောင်အိပ်လေးကိုကာပြီး
အပွင့်လေးတွေပွင့်နေတဲ့ပိတောက်ပင်ကြီးရဲ့ အောက်ကို
ခပ်သွပ်သွပ်လေးပြေးသွားလိုက်တယ်
ပြေးထားတာကြောင့်မောပန်းပြီးနှလုံးခုန်သံတွေမြန်နေတဲ့
ကောင်မလေးတစ်ယောက်အဖို့မှီခိုရမဲ့နေရာလေးတစ်ခု
သူ့ရသွားရှာတယ်။ဒီလိုနဲ့မိုးသံတွေရပ်သွားမဲ့အချိန်တစ်ခုကို
သူစောင့်နေတယ်။ခဏကြာတော့မိုးစက်လေးတွေရဲ့အရှိန်က
တဖြည်းဖြည်းလျော့နည်းလာတယ်။မိုးစက်လေးတွေဖွဲလာတဲ့အချိန်လဲရောက်တော့ကောင်မလေးကသူလိုရာသွားဖို့အတွက်ခြေလှမ်း
တွေကိုစတင်ခဲ့တယ်။ပိတောက်ပင်ကြီးကတော့
နုတ်တောင်မဆက်ခဲ့ရပဲနဲ့အထီးကျန်စွာနေရစ်ခဲ့ရတယ်။

အခုဒီစာပိုဒ်ထဲမှာဆိုရင်
ပိတောက်ပင်းကသင်ဖြစ်ချင်လဲဖြစ်နိုင်သလို
ကောင်းကင်ကြီးကလဲသင်ဖြစ်ချင်လဲဖြစ်နိုင်တယ်
ကိုယ်ဘာဖြစ်နေတာကိုတော့သိမှာမဟုတ်ပါဘူး
သင်သ ာပိတောက်ပင်သာဖြစ်ခဲ့ရင်
ကောင်းကင်ကပေးတဲ့ဒုက္ခကြောင့်
သင့်အရိပ်အောက်မှာတခဏတာမျှတော့ခိုလှုံသွားပြီး
ကောင်းကင်အရိပ်အောက်ကိုသူပြန်ထွက်ခွာသွားမယ်
သင်သာကောင်းကင်ကြီးဖြစ်ခဲ့မယ်ဆိုရင်တော့
သင့်အနားကထွက်ခွာသွားရင်တောင်ခဏပါပဲ
တွေ့တဲ့အပင်အရိပ်အောက်မှာတော့ခဏတာခိုအောင်းပါလိမ့်မယ်
အပင်အောက်မှာပဲအမြဲနေသွားဖို့ဆိုတာတော့မဖြစ်နိုင်ဘူးလေ
ဒါကြောင့်သင့်ဆီကိုပြန်တော့ရောက်လာမှာအမှန်ပါပဲ
သင်သာကောင်းကင်မှန်ရင်ပေါ့
အခုအချိန်မှာသင်ကပိတောက်ပင်လား
ကောင်းကင်လား
ကောင်းကင်ရဲ့ပေးဆပ်မှု
ပိတောက််ပင်ရဲ့ပေးဆပ်မှု
ကောင်းကင်ရဲ့ကြည်နူးစေမှူ
ကာကွယ်ပေးမှု ပျော်ရွှင်မှုတွေနဲ့
ပိတောက်ပင်ရဲ့ကာကွယ်ပေးနိုင်မှု တွေနဲ့ယှဉ်ရင်တောင်
ပေးဆပ်နိုင်မှုအနည်းအများတော့ကွာပါတယ်
ဒါကြောင့်သင့်ဆီခဏလာတွဲပြီးအရင်ချစ်သူဆီပြန်ပါသွားတာလဲ
မဆန်းပါဘူး
သင်ကပိတောက်ပင်ဖြစ်နေလို့ပါ
သင့်အပေါ်မှာပဲချစ်စေချင်ရင်တော့
ကောင်းကင်ကြီးလိုဖြစ်အောင်ကျိုးစားပါ
သင်သာသင့်ချစ်သူအပေါ်စိတ်ဆင်းရဲမှုတွေပေးမိခဲ့ရင်
သူအတွက်လုံခြုံနိုင်မဲ့အရိပ်အောက်ထဲရှာဝင်ပြီလေ
သူခိုဝင်တဲ့အရိပ်ကကောင်းကင်ကြီးသာဖြစ်သွားရင်
သင်ကတော့အပင်သာသာပဲဖြစ်သွားမှာပါ

                                                       သူ့ထက်နိူင်

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.029
BTC 57452.21
ETH 3016.39
USDT 1.00
SBD 2.36