ဂြိုလ်​များ

in #science7 years ago

ဂြိုလ်များ

image

  အနောက်နိုင်ငံနက္ခတ္တဗေဒအလိုအရ ဂြိုလ်ဟူ

သည်မှာနေကိုဗဟိုပြု ၍ လှည့်ပတ်နေသောကောင်း
ကင်တန်ဆာ များဖြစ်လေသည်။ ဂြိုလ်သည်ကြယ်
နှင့် ကွာခြားသည်။ ဂြိုလ်၌ ကြယ်ကဲ့သို့ ကိုယ်ပိုင်
အလင်းရောင်မရှိ။ ဂြိုလ်မှ ထွက်သောအလင်းရောင်
သည်နေမှ ရသောအလင်းရောင်သာဖြစ်သည်။ ဂြိုလ်တို့သည်နေကို အမြန်နှုန်းအမျိုးမျိုးဖြင့်ပတ်ကြ
သည်။ ယင်းတို့၏ပတ်လမ်းမှာ တလမ်းစီဖြစ်ကြ
သည်။ လမ်းကြောင်းပုံသဏ္ဌာန်မှာ ဘဲဥပုံဖြစ်သည်။
နေကိုလှည့်ပတ်နေသောဂြိုလ်ကြီး၈လုံးသာရှိသည်။
ယင်းတို့အားအစဉ်လိုက်ဖော်ပြရသော်မာကျူု ရီဂြိုလ်
(ဗုဒ္ဓဟူး)ဂြိုလ် ဗီးနပ်ဂြိုလ်(သောကြာဂြိုလ်) ကမ္ဘာ
ဂြိုလ် မားစ်ဂြိုလ်(အင်္ဂါဂြိုလ်) ဂျူု ပီတာဂြိုလ်(ကြာသပ
တေးဂြိုလ်) ယူရေးနပ်ဂြိုလ် နပ်ပကျွန်းဂြိုလ်တို့ဖြစ်
သည်။ ဂြိုလ်များသည်အနောက်မှ အရှေ့သို့ပတ်ကြ
သည်။ မာကျု ရီဂြိုလ်နှင့် ဗီးနပ်ဂြိုလ်တို့သည် ကမ္ဘာ
ထက်မြန်၍ ကျန်ဂြိုလ်များမှာ ကမ္ဘာထက်နှေးသည်။
မားစ်ဂြိုလ်နှင့် ဂျု ပီတာကြားတွင်နေကိုလှည့်ပတ်နေ
သောဂြိုလ်ကလေးပေါင်းမြောက်မြားစွာရှိသည်။

မာကျူ ရီဂြိုလ်

    မာကျူ ရီသည်နေနှင့်အနီးဆုံးဂြိုလ်ဟုဆိုရ

သော်လည်း နေမှမိုင်ပေါင်း၃၆သိန်းဝေးသည်။ အချင်းမှာမိုင်ပေါင်း၃၀၀၀ဖြစ်သဖြင့် ကမ္ဘာထက်ငယ်
သည်။ ဂြိုလ်များအနက် နေကိုအမြန်ဆုံးပတ်သော
ဂြိုလ်ဖြစ်သည်။ ယင်းဂြိုလ်သည် ၈၈ရက်နှင့် နေကို
တစ်ပတ်ပြည့်အောင်လှည့်သည်။ ၎င်းဂြိုလ်၌ တစ်
နှစ်တွင် ၈၈ရက်သာရှိသည်။ ယင်းဂြိုလ်၌လေသို့
လေထုမရှိခြေ။ နေကိုလှည့်ပတ်စဉ် မိမိဝင်ရိုးပေါ်၌
တစ်ပတ်လည်သည်ကိုတွေ့ရသည်။ နေဖက်သို့
လှည့်နေသော အပိုင်း၏မျက်နှာပြင် အပူချိန်သည်
၆၅၀ဒီဂရီဖာရင်ဟိုက်ခန့်ရှိသည်။ ကျန်အပို်င်းမှာ အ
လွန်အေးသည်။

ဗီးနပ်ဂြိုလ်

ဗီးနပ်သည်အလွန်တရာတောက်ပသောကြောင့်

ယင်းကိုကောင်းကံယံတွင် တခြားဂြိုလ်များထက်
လွယ်ကူစွာတွေ့မြင်နိုင်သည်။ ပြည့်ဝန်းနေချိန်တွင်
ဗီးနပ်သည်ကမ္ဘာနှင့် အလွန်ဝေးသောကြောင့် အ
လွန်သေးငယ်စွာမြင်ရသည်။ ယင်းဂြိုလ်၏အချင်းမှာ
၇၅၇၅မိုင်ခန့်ရှိသဖြင့် အရွယ်အားဖြင့် ကျွန်ုပ်တို့
ကမ္ဘာနီးပါးမျှ ရှိသည်။ ဗီးနပ်ဂြိုလ်ကို တိမ်တောင်
တိမ်လိပ်များဖုံးနေသောကြောင့် ယင်းဂြိုလ်၌ လေရှိ
မည်မှာသေချာသည်။ သို့ရာတွင် လူတို့နေထိုင်ရန်
အတွက် အောက်စီဂျင် နိုက်ထရိုဂျင် ရေခိုးရေငွေ့ လုံလောက်စွာမရှိသည်ကို မည်သူမျှ သေချာစွာမ
ပြောနိုင်ချေ။

မားစ်ဂြိုလ်

မားစ်သည် အရွယ်အားဖြင့် ကမ္ဘာ၏တစ်ဝင်မျှ
သာရှိသည်။ အချို့အချက်များတွင် ကမ္ဘာနှင့်ဆင်တူ
သည်။ မားစ်သည်မိမိဝင်ရိုးပေါ်၌ လှည့်ပတ်ရာတွင်
ကမ္ဘာကဝင်ရိုးပေါ်၌ တစ်ပတ်လည်သလောက်ကြာ
သည်။ ကြာချိန်မှာ ၂၄နာရီ ၃၇မိနစ်ဖြစ်သည်။ ကမ္ဘာ
၏ဝင်ရိုးစောင်းသလို မားစ်၏ဝင်ရိုးလည်းစောင်း
သည်။ မားစ်ဂြိုလ်၏ မြေမျက်နှာပြင်သည် ကမ္ဘာ၏
မျက်နှာပြင်ထက်ပို၍ ပြေပြစ်သည်။ မားစ်၏ဝင်ရိုး
စွန်းအရပ်များ၌ဖြု နေခြင်းသည် နှင်းများဖုံးအုပ်ထား
သောကြောင့်ဖြစ်သည်။ မားစ်၏ဆွဲအားသည်ကမ္ဘာ
ဆွဲအားထက်ပို၍ မကောင်းပေ။ ကမ္ဘာပေါ်တွင်၆ပေ
ခုန်နိုင်သူသည် မားစ်ပေါ်တွင် ၁၆ပေခုန်နိုင်သည်။

ဂျု ပီတာဂြိုလ်

ယင်းဂြိုလ်သည် ဂြိုလ်သည် ဂြိုလ်များတွင်အကြီးဆုံး
ဖြစ်သည်။ ၎င်းဂြိုလ်သည်ကမ္ဘာမှ မိုင်ပေါင်းသန်း၆၀
ခန့်ဝေးကွာ၍ ကမ္ဘာထက်၁၃၀၀ရှိ၏။ သို့ရာတွင်အ
လေးချိန်မှာ ၃၁၇ဆသာရှိသည်။ ဝင်ရိုးစွန်းတစ်ခုမှ
တစ်ခုသို့ ၈၂၉၀၀မိုင် အီကွေတာ၌၈၈၇၀၀ရှိသည်။
ယင်းဂြိုလ်သည်နေကို ၁၂နှစ်ကြာမှ နေကိုတစ်ပတ်
ကြာအောင်လှည့်ပတ်သည်။ ဂျူပီတာဂြိုလ်ကိုမှန်
ပြောင်းဖြင့် ကြည့်သောအခါ တောက်ပြောင်သော
အမည်းစက်များရံဖန်ရံခါပေါ်လာတတ်၏။ ထိုအ
မည်းစက်များသည် ဂြိုလ်အတွင်းမှထွက်ပေါ်လာ
သော ဓာတ်ခိုးဓာတ်ငွေ့များဖြစ်သည်ဟု နက္ခတ္တဗေ
ဒပညာရှင်တို့က ခန့်မှန်းကြသည်။ နေမှဂျုပီတာအ
ကွာအဝေးသည် နေမှအကွာအဝေးထက်၅ဆမျှရှိ
သည်။ ထို့ကြောင့်အပူချိန်သည် ဖာရင်ဟိုက်ဒီဂရီ
သုညအောက်များစွာကျရောက်သည်။ ဖာရင်ဟိုက်
ဒီဂရီ-၂၀၀လောက်ရှိသည် ဟုခန့်မှန်းကြသည်။

စေတန်ဂြိုလ်

စေတန်ဂြိုလ်သည်ဒုတိယအကြီးဆုံးဂြိုလ်ဖြစ်သည်
၎င်းဂြိုလ်တွင်ကွင်းများပါရှိသောကြောင့် အလွန်ထူး
ဆန်းသည်။ ယင်းကွင်းများသည် အလွန်များပြား
သော ဥက္ကာများကဝန်းရံနေသောကြောင့် အဖြူ
ရောင်ကွင်းပုံစုံရှိသည်ဟုခန့်မှန်းကြသည်။ ယင်း
ဂြိုလ်၌ ကွင်း၃ကွင်းရှိသည်။ ထိုကွင်းတို့၏အဝန်း
သည်အလွန်ကြီးမား၍ အတွင်းဘက်အကျဆုံးကွင်း
၏အနားမှ အပြင်ဖက်အကျဆုံးအနားသို့ မိုင်ပေါင်း
၄၁၅၀၀မျှ ကျယ်သည်။ ကွင်းအထူမှာ၁၀မိုင်ခန့်ရှိ
သည်။ စေတန်ဂြိုလ်၏ ကွင်းများသည် ၁၅နှစ်ခန့်
တွင် တစ်ကြိမ် ကမ္ဘာဖက်သို့ ဒေါင်လိုက်တည့်တည့်
ကျသဖြင့် ကမ္ဘာမှ ထိုကွင်းများကို အလွန်အား
ကောင်းသော တယ်လီစကုပ်ဖြင့်ကြည့်သော်ငြား
လည်းမမြင်းရသလောက်ရှိသည်။

ယူရေးနပ်ဂြိုလ်နှင့် နပ်ပကျွန်းဂြိုလ်

ယင်းဂြိုလ်တို့၏အကြောင်းကိုအနည်းငယ်သာသိ
သေးသည်။ ဂျု ပီတာ စေတန်ဂြိုလ်တို့နှင့်နှိုင်းစာလျှင်
ယူရေးနပ်နှင့် နပ်ပကျွန်းတို့သည်သေးသော်လည်း
ကမ္ဘာနှင့် နှိုင်းစာလျှင် ကြီးမားသည်ဟု နက္ခတ္တဗေဒ
ပညာရှင်များကဆိုသည်။
မာကျူ ရီဂြိုလ်နှင့် ဗီးနပ်ဂြိုလ်တို့မှလွဲ၍ ကျန်ဂြိုလ်များ
၌အရံဂြိုလ်များရှိသည်။ ကမ္ဘာကိုလှည့်ပတ်နေသော
လသည် ကမ္ဘာ၏ အရံလဖြစ်သည်။ မားစ်၌အလွန်
ငယ်သော အရံဂြိုလ် ၂လုံး ဂျူ ပီတာ၌ ၁၁လုံး
စေတန်၌ ၉လုံး ယူရေးနပ်၌၅လုံး နပ်ပကျွန်း၌၁လုံး
အသီးသီးရှိကြသည်။ ယခင်ကဂြိုလ်၉လုံးရှိရာယခု
မှာ ဂြိုလ်၈လုံးသာရှိတော့သည်။ ယခင်ဂြိုလ်တစ်လုံး
မှာ ပလူတိုဂြိုလ်ဖြစ်သည်။ ပလူတိုသည်သေးငယ်
ခြင်း စသည်ဖြင့် ဂြိုလ်အဆင့်မှ ဂြိုလ်သိမ်ဂြိုလ်မွှားအဆင့်သို့လျှော့ချခံရသည်။

#Science_Knowledge

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.029
BTC 66109.31
ETH 3290.39
USDT 1.00
SBD 2.71