တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာ

in #school7 years ago

" တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာ "

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ
များ အနေဖြင့် မိမိဝါသနာပါရာ တက္ကသိုလ်သို့
တက်ရောက်ခွင့် ရရန် သြဂုတ်လ (၁)ရက်နေ့မှ
စတင်၍ လျှောက်ထားရတော့မည် ဖြစ်ပါသည်။

ကျောင်းသား/သူများ အနေဖြင့် မိမိစာမေးပွဲ
ဖြေဆိုခဲ့သော စာစစ်ဌာန ကြီးကြပ်ရေးမှုးများ
အခြေခံပညာ အထက်တန်းကျောင်းအုပ်ကြီးများ
ထံတွင် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ် နှင့်
အတူ တက္ကသိုလ်ဝင်ခွင့် သင်တန်းရွေးချယ်မှု့
ကတ်ပြားများကိုပါ တစ်ပါတည်းထုတ်ယူ နိုင်ပါ
သည်။

တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာကို မိမိတိုင်းဒေ
သကြီးနှင့် ပြည်နယ်ရှိ သတ်မှတ်တက္ကသိုလ်များ
တွင် လျှောက်ထားရမည်ဖြစ်ပါသည်။

ယခုနှစ်တွင် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာ
များကို ယခင်ကကဲ့သို့ "အဆင့်မြင့်ပညာဦးစီးဌာန
(ရန်ကုန်) "သို့လျှောက်ထားရန်မလိုဘဲ နီးစပ်ရာ
တက္ကသိုလ်များ၌ လျှောက်ခွင့်ပေးထားသည်ဟု
သိရပါသည်။

" ယဉ်ကျေးမှု တက္ကသိုလ် (ရန်ကုန်/မန္တလေး)
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် မွေးမြူရေး
တက္ကသိုလ်- အမျိုးသားစီမံခန့်ခွဲမှု ပညာ ဒီဂရီ
ကော်လိပ်- အစိုးရ စက်မှုသိပ္ပံ (AGTI) စသည့်
တက္ကသိုလ်များ၏ ဝင်ခွင့်ကို သတင်းစာမျာ၌
သီးခြားကြောငြာ ခေါ်ယူလေ့ရှိပြီး တက္ကသိုလ်သို့
တိုက်ရိုက်လျှောက်ထားရခြင်းဖြစ်သည်။

၎င်းတက္ကသိုလ် ဒီဂရီကော်လိပ်များ ၏ ဝင်ခွင့်
လျှောက်လွှာများကို စက်တင်ဘာ ခန့်တွင် ခေါ်ယူ
မည် ဖြစ်သည်။

ပညာရေးကော်လိပ်များ၏ ဝင်ခွင့်များကို သက်
ဆိုင်ရာ ပညာရေးကော်လိပ်များက သတင်းစာ
မှ တစ်ဆင့် ခေါ်ယူသွားမည်ဖြစ်ပြီး မြို့နယ်ပညာ
ရေးမှူးရုံးများမှ တစ်ဆင့် ဝင်ခွင့်လျှောက်ထား
တက်ရောက်ရမည် ဖြစ်သည်။

အသက်မွေးဝမ်းကျောင်းနှင့် ဝိဇ္ဇာ-သိပ္ပံ တက်္ကသိုလ် များမတက်ရောက်လိုပါက အဝေး
သင်တက္ကသိုလ်များသို့ ရွေးချယ်တက်ရောက်
နိုင်ပါသည်။

2017 ဒီဇင်ဘာတွင်စတင်ဖွင့်လှစ်မည့် ပထမ
နှစ်သင်တန်းများ၏ ဝင်ခွင့်ကို ယခင်နှစ်များ နည်း
တူ တက္ကသိုလ်ဝင်စာမေးပွဲ ရမှတ်ကိုသာ အဓိက
ထားရွေးချယ်မည်ဖြစ်ပြီး တက္ကသိုလ်ဝင်ခွင့်ရ
စာရင်းများကိုမူ သက်ဆိုင်ရာ တက္ကသိုလ်များ
အဆင်မြင့်ပညာ ဦးစီးဌာန (ရန်ကုန်ရုံးခွဲ) တို့တွင်
ဒီဇင်ဘာလ မတိုင်မီ ကြေငြာလေ့ရှိပါသည်။

ဝင်ခွင့်ရရှိသည့် အကြောင်းကြားစာများကို
ကျောင်းသား/သူများထံ ပေးပို့ပါသည်။

#S.S.Y.P#

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.032
BTC 61227.60
ETH 3022.96
USDT 1.00
SBD 3.88