ပညာရေးစနစ်သစ် ပြဌာန်းလိုက်ပြီsteemCreated with Sketch.

in #school7 years ago

FB_IMG_1499943176433.jpg

ဒုတိယ တန်း နှင့် ရှစ်တန်း အထိကို လေးယောက်တစ်အုပ်စု စာမေးပွဲကို တိုင်ပင်နှီးနှောပြီးဖြေရမယ် ၊

လေးယောက်ပေါင်းကို Question တစ်ရွက် Answer paper တစ်ရွက်ပဲဖြေရပါမယ် တစ်ယောက်ကရေး သုံးယောက်က ဘေးကပြော၊

လေးယောက်ကို ရွေးချယ်ရာမှာလည်း အတော်ဆုံးတစ်ယောက် အသင့်တင့်နှစ်ယောက်လောက်နဲ့ အညံ့တစ်ယောက် စသည်ဖြင့် လေးယောက်ကို ဆရာ ဆရာမများမှ စီစစ်ရွေးချယ် ရမယ်၊

စာမေးပွဲ GRADE ကိုလည်း ကျောင်းသားနှင့်မိဘ မည်သူမှမသိအောင် လျို့ဝှက်ထားရပါမယ် တဲ့...... ။

ထပ်စုံစမ်းလို့သိရှိရသမျှကတော့

တစ်ယောက်ခြင်း နှစ်ကြိမ် လေးယောက်ပေါင်း နှစ်ကြိမ် စစ်ဆေးမှာ ဖြစ်ပြီး... ။ အကယ်၍ ကျောင်းသားတစ်ယောက်သည် လေးယောက်ပေါင်းစာမေးပွဲတွင်အောင်ပြီး တစ်ယောက်ခြင်းစာမေးပွဲတွင်ကျနေပါက အမှတ်ကို ကုစားပေးမည်ဖြစ်သည်.... ။

နောက်ဆုံးစာမေးပွဲတွင်မူ တစ်ယောက်ခြင်းသာဖြေရမည်ဖြစ်သည်.... ။

ပညာရေးစနစ်သစ်ပုံစံ သားသမီးးတွေ
တူ တူမလေးတွေပညာရေးအတွက် လေ့လာနိုင်ကြဖို့
copy ယူလာတာပါ

(၁)Group Work ဆိုတာဘာလဲ?
၎​ယောက်​ တစ်​အုပ်​စုတိုင်​ပင်​​ဆွေး​နွေး ​ဖြေဆိုရ​သော အရည်​အချင်းအကဲဖြတ်​နည်းဖြစ်​ပါတယ်​။

(၂)ဘယ်​အတန်း​တွေကိုဘယ်​လ​တွေမှာစစ်​မှာလဲ?
KG,ပထမတန်း စာ​မေးပွဲလုံဝမစစ်​ရပါ။
နဝမတန်းနဲ့ဒသမတန်း ကယခင်​နှစ်​အတိုင်းပါပဲ။
ဒုတိယတန်းမှ အဋ္ဌမတန်းထိ Group Work နဲ့စစ်
မှာပါ။(ဇူလိုင်​လနဲ့ဒီဇင်​ဘာလမှာစစ်​မှာပါ)

(၃)Group Work မှာပါတဲ့ ၄ ​ယောက်​ကိုဘယ်​လိုဖွဲ့မလဲ?
တော်​၊သင့်​၊ညံ့ အားလုံးပါ​အောင်​တွဲ​ပေးရမယ်​၊
ကျား(၂)+မ(၂) တွဲခိုင်း​ပေမယ့်​ အဆင်​​ပြေသလိုစီစဉ်​နိုင်​ပါတယ်​။

(၄) ​မေးခွန်းနဲ့​ဖြေဆိုတာက​ရော?
ပြဌာန်းစာအုပ်​ကိုကိုးကားထား​သော ဥာဏ်​စမ်း​မေး
ခွန်း၂၅မှတ်​ဖိုး​မေးရမည်​၊ဓမ္မဓိဌာန်​​မေးခွန်းမ​မေးရပါ။
အုပ်​စုအားလုံး​မေးခွန်းတူမှာဖြစ်​ပြီး တစ်​အုပ်​စုကို ​မေးခွန်းတစ်​ရွက်​ အ​ဖြေလွှာတစ်​အုပ်​ သာ​ပေးမှာပါ။
 ၄ ​ယောက်​စု​ပေါင်းတိုင်​ပင်​ပြီး တစ်​​ယောက်​ကသာ
အ​ဖြေလွှာ​ပေါ်မှာ​ရေးရမှာပါ။( ဇူလိုင်​ ​ရေး​သောသူ
သည်​ ဒီဇင်​ဘာတွင်​မ​ရေးရပါ)တိုင်​ပင်​​ဆွေး​နွေးမှုရှိ
မရှိသိရှိရန်​ အနည်းဆုံးဆရာမ ၂​ယောက်​ကြီးကြပ်​ရမည်
ရမှတ်​က ၄ ​ယောက်​အတူတူ ရမှာပါ။

(၅)​​ဖြေဆိုချိန်​၊​ပေးမှတ်​၊ ရမှတ်​နဲ့အဆင့်​...?
မူလတန်း ၄၀မိနစ်​၊အလယ်​တန်း ၄၅မိနစ်​၊ ​ပေးမှတ်
၂၅မှတ်​ကို ၂နဲ့​မြှောက်​မှာပါ။
၄၀ မှ ၅၀(A) ,၃၀ မှ ၃၉ (B),၂၀ မှ ၂၉ (C),သတ်​မှတ်​ပြီး
ဘာသာပြ မှ ​ကျောင်းအုပ်​ထံအပ်​ရမှာဖြစ်​ပြီး ​ကျောင်း
အုပ်​က အတန်းပိုင်​ကိုမ​ပေးရပါ။
ရမှတ်​ ၂၀​အောက်​က​လေးများကိုဖြည့်​ဆည်းသင်​ကြား
၍ ပြန်​လည်​ကုစား​ဖြေဆိုမှတ်​ကို (C) သာ​ပေးရပါမယ်​။

(၆) ​တော်​တဲ့က​လေးနစ်​နာ​နေပြီလား?
မစိုးရိမ်​ပါနဲ့၊တစ်​ဦးချင်းစီရဲ့အရည်​အချင်းကိုစစ်​တဲ့စာ
မေးပွဲကို ​အောက်​တိုဘာလမှာ ..ပထမနှစ်​ဝက်​စာ​မေးပွဲ၊
ဖေ​ဖော်​ဝါရီလမှာ.. အတန်းတင်​စာ​မေးပွဲ ပုံစံနဲ့ ၅၀မှတ်​ဖိုး
မေးမှာပါ၊

(၇)အတန်းတင်​စာ​မေးပွဲကျနိုင်​သလား?
အတန်းတင်​စာ​မေးပွဲကျရင်​ Group Work နှစ်​ကြိမ်
စစ်​၍ရထားတဲ့အမှတ်​နဲ့အတန်းတင်​​ပေးမှာပါ။
(၄တန်း ၈တန်းအစိုးရစစ်​လဲအတန်းတင်​​ပေးမှာပါ)

ညွှန်​ကြားချက်​မ​ရောက်​​သေး​သော​ကျောင်းမှဆရာမ
များကိုမျှ​ဝေချင်​၍ သိသ​လောက်​​ရေး​ပေးတာပါ၊
လိုအပ်​တာရှိရင်​ဖြည့်​​ပေးနိုင်​ပါတယ်​။

Source:      အ.ထ.က(၂)ဒဂုံ .မြို့မ​ကျောင်း

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.032
BTC 60345.08
ETH 2986.57
USDT 1.00
SBD 3.81