ရတာယူကြတာပေါ့

in #roadofrich7 years ago

tt.jpg

https://rorsteem.com

အခုချိန်မှာတော့ စတင်းရရှိရေးလမ်းကြောင်းကိုဘဲ ဦးတည်နေရပါတယ် စတင်းကလည်း ရှာရတာအလွန်ခက်သော်လည်း ဈေးကတော့ ပေါချက်က ပြန်ရောင်းရင် အတော်ကို ဈေးမရပါဘူး ဒါပေမယ့် သေချာတဲ့ လမ်းကြောင်းတစ်ခုအနေနဲ့တော့ ခုချိန်ထိ ပန်းပန်လျှက်ရှိနေပါတယ် ဒါကြောင့် နည်းသည် ဆိုစေဦးတော့ လုပ်ပျော်ရာ အလုပ်တစ်ခုဖြစ်နေတုန်းပါဘဲ
ဒီထက် ကောင်းမွန်တဲ့ နည်းလမ်းတွေ အလုပ်တွေ ရှိကောင်းရှိပါမယ် ရှိလည်းရှိပါတယ် ဒါပေမယ့်လည်း ကိုယ်နဲ့ အကြောင်းမတိုက်ဆိုင်တော့ မတွေ့ဖြစ် မလုပ်ဖြစ်ပါဘူး စတင်းကတော့ နှစ်ချီအောင် ကြာညောင်းလာတဲ့အထိ အတူရှိနေခဲ့တာဆိုတော့ အနည်းဆုံး နေ့စဉ် နီးပါး တွေ့ထိမှု သံယောဇာဉ်လေးနဲ့ လုပ်ဖြစ်နေပါတယ် ကာလတန်ဖိုးအရ နည်းပါတယ် ဒါပေမယ့် လုပ်ရတာ သေချာမှု ရှိတယ်
စတီးမစ်မှာတော့ စာရေးတာကနေ ရတဲ့ စတင်းက အလွယ်ကူဆုံးပါဘဲ အသေချာဆုံးဘဲ ကျန်တဲ့ လမ်းကြောင်းတွေက ရင်းနှီးမြှုပ်နှံရမှုတွေနဲ့ဆိုတော့ ဖရီးမှ အဆင်ပြေမယ့် ကိုယ်တွေအတွက် သိပ်လမ်းမတန်းပါဘူး ဒါကြောင့် စာကိုတော့ အသေအကြေ ရေးတင်ပါတယ်
အခုတလောမှာ အလုပ်တွေ များနေခဲ့တော့ စာရေးတာကို နပ်မှန်အောင် မလုပ်နိုင်ခဲ့ဘူး အဲ့ဒီအတွက် နောင်တတော့ရတယ် ကိုယ်မလုပ်တော့ ကိုယ်မရဘူးလေ လုပ်ရင် လုပ်သလောက် ရတော့ မလုပ်ဘဲ နေလိုက်ရတဲ့အချိန်တွေကို တကယ်နှမြောမိပါတယ်
အချိန်ကာလ တစ်ခုကို ဖြတ်ကျော်ပြီးတိုင်း ထင်သာမြင်သာရှိတဲ့ အကျိုးအမြတ်တွေက တကယ့်ကို ကျေနပ်စရာပါ
@bobokyaw

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.098
BTC 64799.28
ETH 1861.42
USDT 1.00
SBD 0.38