ဂိမ်းတွေက အင်အားကြီးမားလာ

in #roadofrich7 years ago

h.jpg
https://rorsteem.com

အခုတလောဂိမ်းတွေရဲ့ အရေးပါ အရာရောက်မှုကို မြင်တွေ့လာရပါပြီ ဂိမ်းတွေက လူတွေကို စွဲလမ်းစေခဲ့ပါတယ် နောက်ပိုင်းမှာလည်း ဒီထက် ပိုလို့ စွဲလမ်းစေဦးမယ်ဆိုတာကို တွေ့မြင်လာရပါဦးမယ် ဂိမ်းကို အခြေခံပြီး ကွိုင်တွေလည်း ဈေးကွက် တင်လာကြပါတယ် အလွန်အထာကျသော ထိုးဖေါက်မှုတွေဖြစ်တယ်ဆိုတာ သေချာနေပါတယ် အခြားအရာတွေသာ လူတွေ စိတ်မ၀င်စားရှိမယ် ဂိမ်းဆိုရ်ငတော့ အနည်းနှင့်အများ ပါတ်သက်မိကြသည်ချည့်ဖြစ်ပါတယ်
ဂိမ်းတွေကို ကောင်းမွန်စွာ အသုံးချပြီး စတင်းပါဝါ များပြားလာအောင် လုပ်ဆောင်မယ်လို့တော့ စိတ်ကူးရှီပါတယ် ဒီစိတ်ကူးကို သေချာ အကောင်အထည်ဖေါ်ဆောင်နိုင်ဖို့ကိုတော့ ၀ီ၇ိယ အားစိုက်ရမယ်ြဖစ်ပါတယ် အရင်ကထက် ပိုပြီး အားစိုက်လုပ်ဆောင်မှုတွေကို လုပ်ရပါဦးမယ် အချိန်ပေးနိုင်ရင် ပေးနိုင်သလောက် ရည်မှန်းချက်နဲ့ ပိုမို နီးကပ်လာမှာဖြစ်တယ်ဆိုတာတော့ ယုံမှားသံသယဖြစ်ဖွယ်မရှိပါဘူး
နောက်ထပ် အသစ်တစ်ဖန် ထွက်ပေါ်လာဖွယ်ရှိနေသော အရာတွေကလည်း တန်းစီနေတယ်လို့ သိရပါတယ် ဘယ်လောက်ထိ ပါဝင်ပါတ်သက်နိုင်မလဲဆိုတာကလည်း အတိအကျ မသိနိုင်ခဲ့ပါဘူး
အသစ်ထွက်တိုင်းတော့ နောက်မကျအောင် လုပ်ဆောင်ဖြစ်ပါတယ်အောင်မြင်မှုရတဲ့ အခြေအနေတွေနဲ့ ကြုံရသလိုဘဲ ဆုံးရှုံးမှုတွေနဲ့လည်း ကြုံနိုင်တာမို့ သတိတော့ ထားလုပ်ဆောင်ရပါလိမ့်မယ်
ဘယ်လိုပြောပြောပါ ဂိမ်းတွေက အကျိုးအမြတ် ထုတ်ယူနိုင်တာကိုတော့ လက်ခံရပါလိမ့်မယ် ဂိမ်းတွေကြောင့် စတီးမစ်မှာ အချိန်ကြာကြာ ရှင်သန်နေနိုင်ခဲ့ပါပြီ
@bobokyaw

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.102
BTC 64721.82
ETH 1871.10
USDT 1.00
SBD 0.39