ကျွန်တော်နှင့် ဘုရားပေါ်က ဘိုးဘိုးကြီးများsteemCreated with Sketch.

in #religion7 years ago

ကျွန်တော်နှင့် ဘုရားပေါ်က ဘိုးဘိုးကြီးများ

ငယ်စဉ်တည်းက ဘုရားဖူးရာတွင် ရင်ပြင်ပေါ်ရှိ ဘိုးဘိုးကြီး ရုပ်တုကြီးများကို သတိထားမိခဲ့သည်။
.
သို့သော် အမူမဲ့ အမှတ်မဲ့သာ ... ။
.
အခုတလော စဉ်းစားမိလာသည့် မေးခွန်းတစ်ရပ် ရှိလာသည်။
ဘုရားရင်ပြင်ပေါ်တွင် တခြားသော် ရုပ်ထုများ မရှိဘဲနှင့်
.
မည်သည့်အတွက်ကြောင့် ဘိုးဘိုးကြီးရုပ်တုများကို တခုတ်တရ နေရာပေး
ထားကြသနည်း။
မည်သည့်ထူးခြားမှု ရှိလို့ လူတွေ ပူဇော်နေကြသနည်းဆိုသော် မေးခွန်း နှစ်ရပ် ရှိလာသည်။
.
ဝိဇ္ဖာစကားတွင် `ရုပ်ရှိလျှင် နာမ်ရှိသည်´ ဟု စကားလာရှိသည်။
.
ထိုဘိုးဘိုးကြီးများသည် မည်သူများဖြစ်၍
မည်သည့်အတွက်ကြောင့် ဘုရားရင်ပြင်ပေါ်တွင်
ရှိနေရသနည်း ...။

18813280_1843256672667963_2890676517903707957_n.jpg

ထိုမေးခွန်းကို မဖြေခင် ထင်ပေါ်ကျော်ကြား ဘိုးဘိုးကြီးများအကြောင်းကို
အနည်းငယ် စနည်းနာ၍ ဖော်ပြရလျှင်
၁။ ဆုတောင်းပြည့် မှော်ဘီ ဘိုးဘိုးကြီး
၂။ ဗိုလ်တထောင် ဘိုးဘိုးကြီး (ခေါ်) ရောဟဏီ ဘိုးဘိုးကြီး
၃။ ရွှေတိဂုံ ဘိုးဘိုးကြီး
၎။ ရန်ကုန် ဘိုးဘိုးကြီး
၅။ ရွှေညောင်ပင် ဘိုးဘိုးကြီး
၆။ ကိုးမြို့ရှင် ဘိုးဘိုးကြီး
၇။ ဆူးလေ ဘိုးဘိုးကြီး
၈။ သင်္ဃန်းကျွန်း ဘိုးဘိုးကြီး
.
တို့ပင် ဖြစ်သည်။ ထိုစာရင်းမှာ ကျွန်ုပ်၏ အထင်အမြင်အရ
အကျော်ကြားဆုံးဟုသာ သတ်မှတ်ထားခြင်း ဖြစ်ပေသည်။
.
တခြားသော ဘိုးဘိုးကြီးများလည်း ရှိကြသည်။
၁။ ရွှေဘုန်းပွင့် ဘိုးဘိုးကြီး
၂။ မိုးကောင်း ဘိုးဘိုးကြီး
၃။ နတ်ဘုန်းရှိန် ဘိုးဘိုးကြီး
၃။ ကျိက္ကဆံ ဘိုးဘိုးကြီး
နှင့် တခြားသော ဘိုးဘိုးကြီးများစွာ ကျန်ရှိနေပါသေးသည်။
.
ကျွန်ုပ်၏ အမြင်အရ အကျော်ကြားဆုံးသော ဘိုးဘိုးကြီး စာရင်းတွင်
ဗိုလ်တထောင် ဘိုးဘိုးကြီးကို နံပါတ်တစ် ထားလိုပါသည်။
အကြောင်းမှာ ဗိုလ်တထောင်ဘိုးဘိုးကြီးသည်
မြန်မာနိုင်ငံရှိ မြန်မာနိုင်ငံသားများသာမက
တရုတ်၊ ထိုင်း၊ ကိုရီးယား၊ ဂျပန် စသည့်နိုင်ငံသားများပါ
လာရောက် ပူဇော်ကြသည်ကို တွေ့ရသည်။
အထူးသဖြင့် ထိုင်းနိုင်ငံသားများအနေဖြင့်
ဗိုလ်တထောင်ဘိုးဘိုးကြီးကို အထူးပူဇော်ကြသည်ကို တွေ့ရသည်။
.
သို့သော် ဗိုလ်တထောင်ဘိုးဘိုးကြီးမှာ ဘိုးဘိုးကြီးများစာရင်းတွင်
သက်တော် အရှည်ဆုံး မဟုတ်သဖြင့် နောက်ချန်ထားရခြင်းသာ ဖြစ်သည်။
.
ဆူးလေဘိုးဘိုးကြီး၊ မှော်ဘီ ဘိုးဘိုးကြီး၊ ဗိုလ်တထောင်ဘိုးဘိုးကြီး၊ သင်္ဃန်းကျွန်းဘိုးဘိုးကြီး တို့မှာ
ဘိုးဘိုးကြီးများအားလုံးတွင် ပိုထင်ရှားပြီး ပိုသြဇာကိတ္တိမကြီးသည်ဟု ယူဆရဖွယ် ရှိသည်။
အကြောင်းမှာ
.
ထိုဘိုးဘိုးကြီး လေးပါးစလုံးသည် ရွှေတိဂုံဘုရားတည်ရန် အတွက်
ကုန်သည်ညီနောင်မှ သိင်္ဂုတရကုန်းတော်အား ရှာဖွေရာတွင်
မတွေ့၊ သိကြားမင်းလည်း သက်တမ်းနုသည့်အတွက် ရှာမတွေ့သဖြင့်
ဘုရားရှင်အဆက်ဆက်ကို မှီခဲ့သည့် သက်တော်ရှည် ကမ္ဘာ့နတ်ကြီး ငါးပါးကို ပင့်၍ မေးလေ၏။
ထို ကမ္ဘာ့နတ်ကြီး ငါးပါးမှာ အောက်ပါအတိုင်း ဖြစ်သည်။
.
၁။ အမြိတ္တ ရုက္ခဒေ၀နတ်
၂။ ဝေဠုသုမန ရုက္ခဒေ၀နတ်
၃။ ဥဒုမ္ဗရ ရုက္ခ ဒေ၀နတ်
၎။ ခေပသွယ် ရုက္ခဒေ၀နတ်
၅။ သော်က ရုက္ခဒေ၀နတ်
.
ထိုကမ္ဘာနတ်ကြီး ဖြစ်လာပုံမှာလည်း စိတ်ဝင်စားဖွယ်ရာ ကောင်းသည်။
ကနဦး အတိတ်ကာလတွင် ထိုကမ္ဘာနတ်ကြီးတို့မှာ နတ်မဟုတ်ဘဲ
ဘီလူးဘ၀သာ ရှိပြီး ဘုရားရှင်ကို အစာမှတ်ပြီး စားသောက်ရန် အားထုတ်ရန် ကြိုးစားရာမှ
အကျွတ်တရား ရပြီး ကမ္ဘာ့နတ်ကြီး ငါးပါးတို့ ဖြစ်လာကြသည်။
ထိုနောက် ဘုရားအဆူဆူတွင် ဘိုးဘိုးကြီးများအဖြစ် ရုပ်ထုလုပ် ကိုးကွယ်လာကြသည်။
.
ထိုနတ်ကြီး ငါးပါးတွင်
၁။ အမြိတ္တနတ်မှာ ယခုအခါတွင် မှော်ဘီ ဘိုးဘိုးကြီး ဖြစ်လာသည်။
မှော်ဘီ ဘိုးဘိုးကြီးသည် ဘိုးဘိုးအားလုံးထဲတွင် သက်တော်အရှည်ဆုံးဟု သိရပြီး ဘုရားဓာတ်တော်အများဆုံး ရရှိပြီး ရွှေတိဂုံမတည်ခင်
သိဂုင်္တရကုန်းတော်ရှိ ကညင်ပင်အောက်တွင် အများဆုံး မြုပ်နှံထားသော သူဟူလည်း ဆိုသည်။
.
၂။ ဝေဠုသုမန ရုက္ခဒေ၀နတ်မှာ နောက်အခါတွင် ဆူးလေ ဘိုးဘိုးကြီး ဖြစ်လာသည်။ဆူးလေဘိုးဘိုးကြီးကိုသက်တော်အရှည်ဆုံးဘိုးဘိုးကြီးဟု
လည်း တစ်ချို့ကျမ်းများတွင် ဆိုကြသည်။
.
၃။ ဥဒုမ္ဗရနတ်မှာ နောက်အခါတွင် သင်္ဃန်းကျွန်း ဘိုးဘိုးကြီး ဖြစ်လာသည်။
.
ဤကား ဘုရားရင်ပြင်တော်ရှိ ဘိုးဘိုးကြီးများအကြောင်း အကျဉ်းမျှသာတည်း။

Coin Marketplace

STEEM 0.17
TRX 0.14
JST 0.028
BTC 59631.75
ETH 2622.60
USDT 1.00
SBD 2.41