စာဖတ်မြန်နည်းနည်းလမ်းများsteemCreated with Sketch.

in #reading7 years ago

စာဖတ်မြန်နည်းနည်းလမ်းများ

reading.jpg

၁။စာစဖတ်တာနဲ့ ရပ်ဖို့ မလုပ်ပါနဲ့။တောက်လျှောက် ပြီးဆုံးအောင် ဖတ်သွားပါ။
မရှင်းတာ၊သိချင်တာ၊နားမလည်တာ ရှိရင် ပြီးသွားမှ တစ်ကျော့ပြန်ဖတ်ပါ။
.
၂။ကိုယ်နားမလည်တဲ့ စာ၊စကားလုံးတွေကို လိုင်းတားပေးထားပါ။
.
၃။ကိုဖတ်ပြီးသွားတဲ့ အခန်းတိုင်းရဲ့ အပေါ်စာမျက်နှာဘက်မှာ အကျဉ်းချုပ်လေးကို ကိုယ့်ဝါကျနဲ့ကိုယ် ၃-၄ကြောင်းခန့် ရေးသား ထားပေးပါ။ဒါမှ နောက်တစ်ခါ ပြန်
ဖတ်တဲ့အခါကျရင် အကျဉ်းချုပ်ကို ကြည့်ပြီး အလွယ်တကူ ပြန်မှတ်မိလာမှာ ဖြစ်ပါတယ်။
၎။တစ်ကြိမ်မှာ တစ်ခု၊တစ်အုပ်လောက်ပဲ ဖတ်ပါ။အားလုံးကို တစ်ကြိမ်တည်းမှာ
မဖတ်နိုင်ပါဘူး။အရေးကြီးလို့ အခုဖတ်မှဖြစ်တယ် ဆိုရင်တော့ ဖတ်လိုက်ပါ။
အရေးမကြီးဘူးဆိုရင်တော့ နောက်မှ ဖတ်ပါ။
.
၅။ခေါင်းစည်းနဲ့စာပိုဒ်ရဲ့ ပထမဆုံးစာကြောင်းတွေကို သေချာစွာ ဖတ်ပေးပါ။အဲဒီ့ဟာတွေဟာ အရေးကြီးတဲ့အချက်တွေကို ကိုယ်စား ပြုနေပါတယ်။
.
၆။တကယ်လို့ အခန်းနောက်ဆုံးမှာ အကျဉ်းချုပ်ပါရှိတယ်ဆိုရင် အဲဒီ့အကျဉ်းချုပ်ကိုလည်း ဖတ်ပေးပါ။
.
၇။ကိုယ်ဖတ်လိုက်တဲ့စာကို ဘယ်လိုမျိုး တင်ဆက်၊ဖွဲ့စည်းထားတယ်ဆိုတာ လေ့လာပါ။
.
၈။ဒီထက် ပိုပြီး နောက်ခံအကြောင်းအရာအချက်အလက်တွေကို သိချင်တယ်ဆို
ရင် ရင်းမြစ်ဇစ်မြစ်နောက်တစ်ခုကို ရှာဖတ်ပါ။
.
၉။ဘော့ပင်နဲ့စာရွက်ကို စာစမဖတ်ခင် အသင့်ဆောင်ထားတာ အကောင်းဆုံးဖြစ်ပါတယ်။စာဖတ်တဲ့အခါမှာ ဘော့ပင်နဲ့စာရွက်က အကူအညီအထောက်
အပံ့ဖြစ်စေပါတယ်။အသင့်ဆောင်ထားတဲ့အတွက် ထမရှာရတော့ဘဲ စာကို
တောက်လျှောက် ဖတ်လို့ ရစေပါတယ်။
.
၁၀။ကွန်ပြူတာနဲ့ စာဖတ်မယ်ဆိုရင် ကာဆာလေးကို စာကြောင်းတွေပေါ်မှာ
ချထားပြီး လက်ချောင်းလေးသဖွယ် ရွေ့ရွေ့ပြီး ဖတ်သွား ပေးပါ။ကိုယ့်မျက်စိက ကာဆာရွေ့သွားတဲ့အတိုင်း လိုက်ပြီး ရွေ့နေမှာ ဖြစ်တဲ့အတွက် တဖြည်းဖြည်း
စာဖတ်ပိုမြန်လာပါလိမ့်မယ်။
.
၁၁။အပေါ်က စာကြောင်းတွေကို ထပ်ပြီး ပြန်မဖတ်မိအောင် လက်ချောင်း၊ခဲတဲ့
၊ပေတံတို့နဲ့ အပေါ်ကစာကို အုပ်ပြီး ဖတ်ပေးသွားပါ။
.
၁၂။စာကို စိတ်နဲ့ပြန်ပြီး မတုံ့ပြန်မိဖို့ ကြိုးစားပါ။စကားလုံးတစ်လုံးကို မျက်စိ
ထဲမြင်ယောင်လာအောင် စိတ်က တုံ့ပြန်ကြိုးစား တတ်ပါတယ်။အဲဒီ့လို မဖတ်ဘဲ စာစု၊၀ါကျတစ်ကြောင်းနှစ်ကြောင်းခန့်ကို တစ်ကြိမ်မှာ တစ်ခါဖတ်ပေးသွားပါ။
.
၁၃။စာဖတ်တဲ့နေရာမှာ မကြာခဏဆိုသလို အရေးကြီးတဲ့အချက်အလက်တွေကို လိုင်းတာပေးတာ၊ Highlight လုပ်ပေးတာတို့ဟာ လိုအပ်ပါတယ်။
.
၁၄။အရေးကြီးတဲ့အချက်အလက်တွေကို မှတ်စုထုတ်မယ်ဆိုရင် မျဉ်းတားထားတဲ့ဟာတွေကို မှတ်စုထုတ်ပေးပါ။
.
၁၅။နည်းပညာဆိုင်ရာနယ်ပယ်အသုံးအနှုန်းဝေါဟာရတွေကိုလည်း မျဉ်းတားထားပါ။
.
၁၆။ဥပမာ၊ဥပမေယျတွေကိုလည်း မျဉ်းတားပေးပါ။
.
၁၇။အထူးပြုစကားလုံးတွေ၊စာစုတွေကို ကွင်းခတ်ပေးပါ။
.
၁၈။အရေးကြီးတဲ့ အိုင်ဒီယာ၊အချက်တွေကို နံပါတ်စဉ် ထိုးပေးပါ။
.
၁၉။လွတ်တဲ့နေရာမှာ ကိုယ်သိချင်တဲ့ မေးခွန်းတွေ၊အကျဉ်းချုပ်တွေ၊စာစုတွေ
ချရေးထားပါ။
.
စာဘာကြောင့် အဖတ်နှေးရသလဲ
.
လူတွေ ဘာကြောင့် စာဖတ်တာ နှေးရလည်းဆိုရင် အောက်က အချက်တွေ
ကြောင့် စာဖတ်တာ နှေးပြီး ကြန့်ကြာရတာ ဖြစ်ပါတယ်။အောက်မှာ ဖော်ပြထားတဲ့အကြောင်းရင်းတွေဟာ လူတွေ စာဖတ်နှေးရတဲ့ အချက်တွေ ဖြစ်တာမို့ မိမိတို့ ဘာကြောင့် စာဖတ်နှေးနေတယ်ဆိုတာ သိရှိနိုင်ဖို့ ဖော်ပြလိုက်ရပါတယ်။
.
၁။စာလုံးတစ်လုံးခြင်း ဖတ်ခြင်း။
.
၂။စာစုများကို ဖတ်ရာတွင် အချိန်အတော်ကြာယူခြင်း။
.
၃။ဖတ်ပြီးသားစာကြောင်းများအား တဖန် ပြန်ပြန်ပြီး ဖတ်မိနေခြင်း။
.
၎။ဖတ်နေသောစာအပေါ် ချက်ခြင်းနားမလည်နိုင်၍ ကြန့်ကြာနေခြင်း။
.
၅။ဝေါဟာရ ကြွယ်ဝမှုမရှိသဖြင့် ဖတ်နေတဲ့စာအပေါ် နားလည်ဖို့ ခဲယဉ်းနေခြင်း။
.
၆။မျက်လုံးရွေ့လျားပုံ မမှန်ကန်၍ ကြန့်ကြာရခြင်း။
.
၇။အရင်အတိတ်က စာကို ဖြည်းဖြည်းခြင်းပဲ ဖတ်တတ်တဲ့အကျင့်ကြောင့်
စာဖတ်နှေးနေခြင်း။
.
၈။စာဖတ်နေစဉ် အာရုံစူးစိုက်မှု အပြည့်အ၀မထားတဲ့အတွက် တောင်တောင်အီအီအတွေးများပျံ့ပြီး စာဖတ်နှေးနေခြင်း။
.
၉။စာဖတ်မြန်ဖို့ လေ့ကျင့်ခန်း လုပ်ရတာ စိတ်မ၀င်စားခြင်း၊စာဖတ်ခြင်းကို ၀ါသနာမပါခြင်းတို့ကြောင့် စာဖတ်နှေးနေရခြင်း။
.
၁၀။စကားလုံးတစ်လုံးနားလည်ဖို့အတွက် အဲဒီ့စကားလုံးမှာပဲ တစ်နေပြီး အချိန်များစွာ ပေးနေမိခြင်း။
.
၁၁။အဓိကနဲ့သာမည မခွဲခြားတတ်ဘဲ ဖတ်နေသည့်အတွက် စာဖတ်နှေးနေ
ရခြင်း။
.
၁၂။ဖတ်နေတဲ့စာအကုန်လုံးကို မှတ်မိနေအောင် ကြိုးစားနေသည့်အတွက်
ကြန့်ကြာနေခြင်း။
.
မှတ်ထားသင့်တဲ့အချက်ကတော့ အပေါ်ကအချက်တွေအားလုံးဟာ စာဖတ်နှုန်းကို နှေးကွေးစေရုံတင်မက နားလည်နိုင်စွမ်းကိုပါ နှေးကွေးစေပါတယ်။ဒါကြောင့်
ဒီအကြောင်းရင်းတွေနဲ့ ကိုယ်နဲ့ တိုက်တဲ့အချက်ကို ရှာပြီး ဖျောက်နိုင်အောင် ကြိုးစားကြသင့်ပါတယ်။

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 64724.35
ETH 3436.21
USDT 1.00
SBD 2.55