ကမ္ဘာတစ်လွှားမှ ခမ်းနားထည်ဝါလှပသော သမ္မတအိမ်တော်များ အပိုင်း-၁

in #president6 years ago

ကမ္ဘာတစ်လွှားရှိ နိုင်ငံတိုင်းလိုလိုတွင် နိုင်ငံ့ခေါင်းဆောင် သမ္မတများ ဘုရင်များ စံအိမ်တော်များကို ခမ်းနားထည်ဝါစွာတည်ဆောက်ထားသောကြောင့် ဒေသခံပြည်သူလူထုများ ကမ္ဘာလှည့်ခရီးသွားဧည့်သည်များက စိတ်ဝိတ်စားစွာ လာရောက်လေ့လာကြသည်...အဆိုပါသမ္မတ စံအိမ်တော်များမှ တစ်မူထူးခြားသော ဗိသုကာလက်ရာများမှာ အလွန်ခံ့ညားထည်ဝါလှသောကြောင့် နိုင်ငံ့ဂုဏ်ဆောင် အဆောက်အအုံကြီးများအဖြစ် ကမ္ဘာတစ်လွားထင်ရှားကျော်ကြားသည်...အဆိုပါ သမ္မတစံအိမ်တော်များအထဲမှ ကြီးကျယ်ခမ်းနား အထည်ဝါဆုံး သမ္မတစံအိမ်တော်များကို ဖော်ပြလိုက်ပါသည်...
(၁)အမေရိကန်သမ္မတအိမ်ဖြူတော်
images_1509711812913.jpg
အမေရိကန်သမ္မတ အိမ်ဖြူတော်သည် ဝါရှင်တန်ဒီစီမြို့ တွင်တည်ရှိပြီး အမေရိကန်သမ္မတရုံးစိုက်ရာ နှင့် နေထိုင်ရာ တရားဝင်နေအိမ်ဖြစ်သည်...အဆိုပါ အိမ်ဖြူတော် သမ္မတ စံအိမ်တော်မှာ ၁၈၀၀ပြည့်နှစ်မှစ၍ အမေရိကန်သမ္မတ ဂျွန်အက်ဒမ်စ် စတင်နေထိုင်ခဲ့ပြီး အမေရိကန် သမ္မတ အဆက်ဆက်နေထိုင်ခဲ့ကြသည်...အိမ်ဖြူတော်ဟုခေါ်ဆိုရခြင်းမှာ အမေရိကန်ကို အင်္ဂလိပ်တို့သိမ်းပိုက်ပြီးနောက် မီးရှို့ခဲ့သဖြင့် ဆေးဖြူသုတ်ခဲ့သည်အချိန်မှစ၍ အိမ်ဖြူတော်ဟု ခေါ်ဆိုခဲ့ကြသည်...အိမ်ဖြူတော်ကို အက်ကွီးယားခရိခ်စ်စကျင်ကျောက်ဖြင့် တည်ဆောက်ထားကာ ဗိသုကာလက်ရာများမှာ ရှေးဟောင်း ဂရိ နှင့် ရောမ ဂန္တဝင်လက်ရာများဖြစ်သည်...
(၂)ရုရှားနိုင်ငံမှ ကရင်မလင်နန်းတော်
download_1509711938729.jpgdownload (1)_1509711938683.jpg
ရုရှားနိုင်ငံမှ ကရင်မလင်နန်းတော်ကြီးကို ၁၈၃၇ ခုနှစ်မှ ၁၈၄၉ခုနှစ်အထိ မော်စကိုမြို့တွင် တည်ဆောက်ခဲ့သည်...ငုင်းကို ရုရှားနိုင်ငံ၏ သက်ဦးဆံပိုင်အုပ်ချုပ်ရေး၏ အရေးပါ အရာရောက် မှု့ပုံရိပ်ကို ထင်ဟပ်စေရန်အတွက် ဖော်ပြထားခြင်းဖြစ်သည်...ရှေးအခါက အဆိုပါကရင်မလင်နန်းတော်တွင် ဇာဘုရင်တို့ စံမြန်းခဲ့ပြသည်...ကရင်မလင်နန်းတော်ကြီးသည် မော်စကိုမြို့တွင်တည်ရှိကာ သမိုင်းဝင်ခံတပ်ကြီး တစ်ခုလည်းဖြစ်ပြီး၂၇၅၀၀၀စတုရန်းမီတာ ရှိပြီး ရှေးဟောင်းနန်းတော် အဆောက်အအုံငါးခုနှင့် ကတ်သီဒရယ်လ်ခရစ်ယာန် ဘုရားရှိခိုးကျောင်း လေးခုပါရှိသည်...
(၃)တာဂျစ်ကစ္စတန်သမ္မတစံအိမ်တော်
download_1509712057721.jpgdownload (1)_1509712057682.jpg
တာဂျစ်ကစ္စတန်နိုင်ငံမှ တာဂျစ်ကစ္စတန်သမ္မစံအိမ်တော် သည်
မြို့တော်ဒူရှန်ဘီ တွင်ရှိသည်....အဆိုပါ စံအိမ်တော်များတွင် တာဂျစ်ကစ္စတန် သမ္မတနေထိုင်သည်.အဆိုပါစံအိမ်တော်သည် ယခင်က Palace of Unity နှင့် Vahdat Palce နန်းတော်အဖြစ် ထင်ရှားကျော်ကြားသည်...ထိုတာဂျစ်သမ္မတစံအိမ်တော်သည် လက်ရှိအာဏာရပါတီဖြစ်သော ပြည်သူ့ ဒီမိုကရက်ပါတီ၏ ဌာနချုပ်လည်းဖြစ်သည်.
(၄)ကာဇက်စတန်နိုင်ငံအက်စ်အော့ဒါသမ္မတနန်းတော်
download_1509712228551.jpg
download (1)_1509712228508.jpg
ကာဇက်စတန်နိုင်ငံမှ အက်စ်အော့ဒါသမ္မတနန်းတော်သည် ကာဇက်ကစ္စတန်နိုင်ငံ၏ မြို့တော် အက်စ်တာနာမြို့တွင် တည်ရှိသည်...ငုင်းကို ၂၀၀၁ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၀၄ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည်...အဆိုပါအဆောက်အအုံ့ကြီး၏ အမိုးမှာ အပြာရောင်အမိုးလုံးကြီးဖြစ်ပြီး ရွှေရောင်အစင်းကြောင်းများဖြင့် အလှဆင်ထားသည်...အက်ခ်အော့ဒါ အဆောက်အအုံကြီး၏ အမြင့်မှာ ၈၀ မီတာ (၂၆၂ပေ)မြင့်သည်...ထိုအဆောက်အအုံကြီးသည် နိုင်ငံသမ္မတ ၏ ရုံးစိုက်ရာနေရာဖြစ်ပြီး သမ္မတနေထိုင်ရာအဆောက်အအုံမဟုတ်ချေ...အဆိုပါအဆောက်အအုံကြီးတစ်ခုလုံးတွင် ကြမ်းပြင် အကွက်ပုံစံမျညးအတွက် စကျင်ကျောက်အမျိုးအစား ၂၁မျိုးဖြင့်တည်ဆောက်ထားသည်...

(၅)ယူအေအီးသမ္မတစံအိမ်နန်းတော်
download_1509712339178.jpgPresidential-Palace1.jpg
အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နိုင်ငံမှ သမ္မတစံအိမ်နန်းတော်ကြီးသည် မြို့တော် အဘူဒါဘီမြို့တွင် တည်ရှိပြီး ဟက်တာ ၁၅၀ မြေဧရိယာအကျယ်အဝန်းပေါ်တွင် တည်ဆောက်ထားသည်...အဆိုပါအဆောက်အအုံကြီးတွင် သမ္မတ ၊ အိမ်ရှေ့မင်းသား နှင့် ဝန်ကြီးများ၏ ရုံးခန်းများပါရှိသည်...အဆိုပါ သမ္မတစံအိမ်နန်းတော်ကြီး၏ အရန်အဆောက်အအုံများမှာ ဝန်ထမ်းအိမ်ရာများ ၊ စစ်သည်တော် အိမ်ရာများ ၊ ပြည်သူ့အစည်းအဝေးခန်းမများ နှင့် မျှော်စင်ကြီးများပါဝင်သည်...ယူအေအီးနိုင်ငံရှိ သမ္မတစံအိမ်နန်းတော်ကြီးမှာ ကမ္ဘာပေါ်တွင် ကုန်ကျစရိတ်အကြီးမားဆုံးနန်းတော်ကြီးတစ်ခုဖြစ်သည်...
အပိုင်း-၂ဆက်ရန်....
MSU-006
Translate & Writing-Htetlinnaung
Ref Link-http://www.theestle.net/2015/08/09/top-10-most-beautiful-presidential-palaces-in-the-world
#msu

Sort:  

စိတ်​ဝင်​စားစရာပဲ​နော်

ဗဟုသုတရစေပါတယ် bro

good knowledge

Nice knowledge

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 62205.55
ETH 2397.85
USDT 1.00
SBD 2.50