အားမာန်

in #poem7 years ago

တက္ကသိုလ်မြိုင်နန်းက တေးတစ်ပုဒ်

ကျူးရင့်ကာ လွမ်းသီဖွဲ့၊ငုဝါနဲ့ အပြိုင်ပွင့်ရှာတဲ့ ခရေ

အမိမြေကိုအလှဆင်၊ရဂုဏ်မြောက်၍ ပီပြင်စေသလား။

အိုဘယ့်သခင် ...

ခွန်အားကိုမွေးပါလို့ ရတုကဗျာ စပ်ဆိုလောက်အောင် 

နွေနှောင်းဂိမ္မာန် အလွမ်းသင့်၍နေရော့လား။

ရင်ခွင်ပိုက် ကျွမ်းဝေဒနာ မချိတင် ခံစားပါလို့၊

ဝန်းအိမ်မှာ သိမ်းပါတဲ့ ရွှေပုလဲရည် ၊ မြေခကာ ရွက်ကြွေနဲ့ရော။

 အထီးကျန် အိုလူသား...

အောင်မြင်မှုတံခါးဖွင့်ပါလို့တူရှု၊ သင့်ခံစားချက်ရှေ့တန်းတင်

ရေစုံမှာ မျော၍ နေမှာလား။

ခဏတာပျော်ရွှင်မှုအောက်၊ တိုးဝင်ကာ ချော်လဲ

ပူဆွေးကာနောင်တ ၊ကြီးရင့်ချိန်ခါမှ သိလေမယ်။

အိုဘယ့်လူငယ်...

သင့်ရှေ့လက်ဝယ် အောင်မြင်မှုပန်းတိုင်လွှင့်ထူစိုက်ပါလို့

ဇွဲနဲ့မာန် မလျှော့စတမ်း ၊အမိမြေ ပရဝုဏ်မှ ယွန်းလိုက်စို့လား။

Own Creater

@tamuthar

Sort:  

Fantastic post Thank you for sharing

This is a poem about university.

တော်လှပါလား တမူးတို့

ဝါသနာပါလို့ ရေးတာပါ ကိုယ့်ဟာကိုယ် အားမရသေးဘူး ကို ဒွန်းလေးရေ

ဒိုမီလေး ပါဟာ online အလုပ်လုပ်ရတာအဆင်ပြေအောင်ပေးထားတာ ဒီလိုစာရေးရမယ်မှန်သိ shnvera ဘဲပေးပါတဟ်

ဒွန်းလေးပဲ ကောင်းပါတယ်...ခ်

like and vote

အိုကေ..ကျေးဇူး

ကျောင်းတော်ကြီးတောင် ပြန်လွမ်းလာသလိုပဲ

လွမ်းရမယ်လေ အကိုရယ်

Yes,bro .Thanks

တမူးရေ vote နောက်ကျတာ ဆော်တီး :)

Coin Marketplace

STEEM 0.16
TRX 0.13
JST 0.027
BTC 58394.86
ETH 2618.86
USDT 1.00
SBD 2.39