Poem

in #poem6 years ago

အေးစက်​စက်​​နေ့ရက်​များ
စက္ကန့်​​တွေ ဒရ​ဟောထွက်​ကျ​နေခဲ့ပြီ
စက္ကန့်​​တွေ...စက္ကန့်​​တွေ...မြို့လုံးအနှံ့ ဖုံးလွှမ်းပြည့်​နှက်​လို့
လူ​တွေကို အိုမင်း​စေဖို့ အရာဝတ္ထု ​တွေကို ​ဆွေး​မြည့်​​စေဖို့
ကမ္ဘာကြီးကို ပိုပြီး ရူးသွပ်​​စေဖို့
စက္ကန့်​​တွေ တဖွဲဖွဲ ကြဲပက်​သွန်​ချ​နေခဲ့သည်​။
သင်္ချို င်း​မြေကို သိပ်​သည်း​စေဖို့
မြစ်​များကို တွန့်​​ကောက်​​စေဖို့နဲ့
ကြယ်​တာရာ​တွေကို ပိုပြီးအထီးကျန်​​စေဖို့ ​အေးစက်​စက်​ စက္ကန့်​များ
တဖွဲဖွဲ တသဲသဲ နှင့်​ မြို့လုံးအနှံ့
ဖုံးလွှမ်းပြည့်​နှက်​လာခဲ့​ပေါ့
ကျွန်​​တော်​က စက္ကန့်​​တွေကို ​ဂေါ်တစ်​လက်​နဲ့ ကြုံးပြီး အ​အေးခန်း​လေးထဲ ထည့်​​နေခဲ့တယ်
ပြီး​နောက်
အခန်းတံခါး​တွေ တဂျို င်းဂျို င်းပိတ်​ပိတ်​လိုက်​​တော့ ​အေး​သောစက္ကန့်​များထဲမှာ နာရီအိုကြီးက ညည်းညူလိုက်​သည်​ ငါ အကြီးအကြယ်​ အ​အေးမိ​တော့မှာပဲ​ဟေ့...တဲ့။
လေယာဉ်​တစ်​စင်း စက္က​န့်​​တွေထဲ တိုးဝင်​ ပျံသန်းသွားသည်​။
ဆွေးမြည့်​​နေ​သော အင်​ဂျင်​စက်​သံများက သမိုင်းစာအုပ်​ထဲမှာ
အက္ခရာ​တွေအဖြစ်​​ပေါ်လာ​ပေါ့...
မြို့ကြီးက ​မေးချင်းတဂတ်​ဂတ်​ရိုက်​လို့..
ရေ​နွေး​ငွေ့ ရထားကြီးက စက္ကန့်​​တွေတက်​​ဆောင်​ကာ မနက်​ဖြန်​မြို့များဆီ ခုတ်​​မောင်းသွားပြီ..
စားသူမဲ့ ​ပေါင်​မုန့်​များကိုတင်​​ဆောင်​ကာ မြည်းလှည်းတစ်​စီး မြို့ထဲကိုဝင်​လာသည်​။
စက္ကန့်​​တွေထဲမှာ လူငယ်​​တေ​လေဂျပိုးတစ်​​ယောက်​ အသားတုံးတစ်​တုံးကို မြိုချ​နေခဲ့ ဖန်​ခွက်​ထဲမှာလည်း
စက္ကန့်​​အေး​အေး​လေး​တွေ
အဖိုးအိုတစ်​​ယောက်​ရဲ့ စုဗူးထဲမှားလည်း စက္ကန့်​​တွေ​အေးစက်​လို့
ဥတစ်​လုံးကွဲအက်​ ငှက်​တစ်​​ကောင်
ထွက်​လာ ပျံသန်းသွား..
မျြို့ကြီး​ပေါ်မှာ နားပြီးတွန်​ကျူးလိုက်​​ပေါ့ ...
မြို့ကြီးရဲ့ ကိုယ်​ပိုင်​အဘိဓမ္မာ​တွေ
အ​ရေခွံလဲကြ..
မြို့ကြီးရဲ့ ကိုယ်​ပိုင်​ရက်​စွဲ​တွေ အ​ရေခွံလဲကြ..
မြို့ကြီးရဲ့ ကိုယ်​ပိုင်​အိမ်​မက်​​တွေ အ​ရေခွံလဲကြ....
နေ့နဲ့ ညက ​ခြေခြင်းလိမ်​လို့ လမ်း​ပေါ်မှာ..
ဘတ်​စ်​ကားတစ်​စီးက တ​ယောသံကို လမ်း​မကြီးအထိ ဆွဲဆန့်​လိုက်​တယ်​...
image
အဖိုးအိုတစ်​​ယောက်​ သူ့​ခြေ​ထောက်​ထဲက ဆူး​တွေ တစ်​​ချောင်းပြီး တစ်​​ချောင်း နူတ်​လို့...
ဝန်​ချီစက်​​တွေက ​လေးလံတဲ့​မေးခွန်းများကိုတဖြည်းဖြည်းမ ယူလိုက်​ကြပြီ..
နာရီအိုကြီးက နို့ပူပူတစ်​ခွက်​ကို ​သောက်​ကာ အခန်း​ထောင့်​မှာထိုင်​လို့ ..
image
ဆံသဆရာရဲ့ စက်​ကတ်​​ကြေးက ကျွန်​​တော့်​အခန်းထဲမှာ တဒီးဒီးပျံဝဲလို့ ..
လမ်းမ​ပေါ် စက္ကန့်​​တွေထဲမှာ သစ်​ပင်​​တွေက မုတ်​ဆိတ်​​မွှေး ရှည်​ရှည်​​တွေထွက်​လာကြတယ်​...
ယူစရာ သံ​ဝေဂ ဘာမှလက်​ကျန်​မရှိ​တော့တဲ့ ၃၂ ​ကောဌာသကြီးက ခုန်​ဆွခုန်​ဆွနဲ့...
ကောင်းကင်​တီးဝိုင်းက ကျယ်​​လောင်​​လောင်​ ​တောက်​​တောက်​ပပ ဒရမ်​ကြီးကလည်း တုန်​ခါလို့....
ပင်​လယ်​ထဲမှာလည်း စက္ကန့်​​တွေ ​အေးစက်​ စီးဆင်း​နေ..
image
အ​ဝေးက သ​င်္ဘောတစ်​စီး ခုတ်​​မောင်းလာ၊ သံလိုက်​အိမ်​​မြှောင်​မှာ ​တောင့်​တင်း​အေးခဲလို့..
ကျွန်​​တော့်​ရဲ့ ကပ္ပတိန်​ဟာ စက္ကန့်​​တွေခွာချဖို့ အမိန့်​​ပေးရင်း ကမ်းကပ်​ဖို့
ချဉ်းနင်းဝင်​​ရောက်​လာခဲ့ပြီ...။

Coin Marketplace

STEEM 0.20
TRX 0.14
JST 0.030
BTC 64155.87
ETH 3422.91
USDT 1.00
SBD 2.59