အရောင်မစုံတဲ့ စိတ်လေးနဲ့
လမ်းသွားရင်း တွေ့တာလေးတွေ ဖမ်းရိုက်ထားတယ် စာမရေးနိုင်ခင်တော့ ဒါလေးတွေဘဲ
လှည့်ပါတ်တင်နေရပါတယ် ရိုက်ပါများတော့ နေရာတွေတောက်ထပ်နေပြီ ထင်ပါရဲ့
ဒီနေ့ နေမပွင့်တော့ အရောင်အသွေးကသိပ်မရဘူးဖြစ်နေတယ်
ဘာဖြစ်ဖြစ် တင်တာတော့ တင်လိုက်ပါပြီ ညမှစာရေးပါတော့မယ်လေ
အချိန်တွေ နည်းပါးလွန်းတဲ့ကြားကနေဘဲ စတီးမစ်ကို ရူးသွပ်နေတာပါ
တစ်ချိန်မှာတော့ ဒီအသီးအပွင့်လေးတွေကို မြင်တွေ့ခွင့်ရမယ်လို့ယုံကြည်တယ်
ကိုယ်တိုင်ရိတ်သိမ်းခွင့်မရရင်တောင် စိုက်ပျိုးဖြစ်ထွန်းလာတာလေးကို
မြင်တွေ့ကြည်နူးအားရချင်မိတယ်လေ။ တဖြည်းဖြည်းချင်း တည်ဆောက်ယူရတာကို
စိတ်မပျက်ပါဘူး။ ပြန်လည် စောင်းငဲ့ကြည့်လေတိုင်း လှပတဲ့ ဖြစ်ထွန်းအောင်မြင်သော
စိုက်ခင်းလေးကို မြင်တွေ့ချင်တယ်လေ။
ဓါတ်ဆြာကြီးကတော့ လုပ်တယ်နော
မလုပ်လို့မရဘူးလေ တစ်ရက်တစ်ပုဒ်တော့ ဆွဲရမယ်
စိတ်မပျက်ပဲ အားတိုင်းယားတိုင်း စတီးမစ်နဲ့ပဲအချိန်ကုန်နေတာပါပဲဗျာ………
ဖြေးဖြေးနဲ့မှန်မှန်လေး လျှောက်နေရသော လမ်းဆိုတော့လည်း စိတ်မပျက်ပါဘူးဗျာ………
စိုက်ပျိုးခဲ့သလောက်ကတော့ တစ်ချိန်ချိန်မှာ ထိုအသီးပွင့်တွေကို ခူးဆွတ်ခွင့်ရမှာသေချာပါတယ်ဗျာ
ဒီလိုနဲ့ဘဲ သံသရာလည်နေတာပါဘဲလေ
တစ်နေ့ပြီးတစ်နေ့ တစ်ရက်ပြီးတစ်ရက်