ကျွန်တော်တို့ရွာမှာဗျာ(အပိုင်း ၁) original content by author @apana

in #photo6 years ago

တကယ်တော့ ကျွန်တော်က တောသားမဟုတ်ပါဘူး။တောမကျ မြို့မကျ တောမြို့လေးတစ်မြို့က တောမြို့သားတစ်ယောက်ပါ။(အယ်လဲ့)။ဒါပေမယ့် ရွာသူတစ်ယောက်နဲ့ ဖူးစာဆုံပြီး ဆံထုံးနောက်ယောင်ပါပြီး သူ့အလိုလို ရွာသားဖြစ်လာရပါတယ်။

maxresdefault.jpg
#photo credit to image source.

ရွာမှာနေကာစကတော့ ရွာဓလေ့စရိုက်အားလုံးဟာ ကျွန်တော့်အတွက်တော့ အတော်လေးကို အထူးအဆန်းဖြစ်ခဲ့ရပါတယ်။ရွာသူရွာသားတွေရဲ့ ရိုးသားဖြူစင်မှု၊ရင်းနှီးဖော်ရွေမှုတွေကလည်း အတော်လေးနှစ်သက်သဘောကျစရာ ကောင်းပါတယ်။

56803448.jpg
#photo credit to image source.

အခု ကျွန်တော်ပြောပြမှာတွေက ကျွန်တော်တို့ရွာရဲ့ ရိုးရာဓလေ့စရိုက်အကြောင်းတွေထဲက နှစ်သက်သဘောကျစရာကောင်းမယ့် တချို့တဝက်ပဲဖြစ်ပါတယ်။ကျွန်တော်တို့ရွာက ရွာ(၁၀)လောက် ထိစပ်စုပေါင်းနေတဲ့ တိုက်နယ်အဆင့်ရွာကြီးတစ်ရွာပါ။ကျွန်တော်တို့ရွာကြီးရဲ့ ဘေးနားတဝိုက်မှာလည်း တစ်ရွာချင်းလေးတွေ ရှိနေတဲ့ ရွာတွေကလည်း အများကြီးပါပဲ။

maxresdefault (1).jpg
#photo credit to image source.

ပထမဦးဆုံးပြောပြချင်တာက ကျွန်တော်တို့ရွာနားတဝိုက်က ရွာတစ်ရွာရဲ့ နာမည်အခေါ်အဝေါ်အကြောင်းပဲ ဖြစ်ပါတယ်။ကျွန်တော်တို့ရွာနားလေးက ရွာတစ်ရွာကတော့ နာမည်ခေါ်တာထူးဆန်းသဗျ။

maxresdefault (2).jpg
#photo credit to image source.

မိန်းကလေးတွေရဲ့ နာမည်ရှေ့မှာ မ,တပ်ပြီးခေါ်တာက ပုံမှန်ပါပဲ။ဒါပေမယ့် အဲဒီရွာမှာ မ,ကို မိန်းကလေးတွေ နာမည်ရဲ့ အဆုံးမှာတပ်ခေါ်လေ့ရှိတယ်။ဥပမာ မိန်းကလေးနာမည်က သိန်းကြည်ဆိုပါစို့။အဲဒီမိန်းကလေးကို အဲဒီရွာမှာ မသိန်းကြည်လို့ မခေါ်ဘူးဗျ။သိန်းကြည်မလို့ ခေါ်ကြတယ်။မိန်းမကြီးတွေကိုလည်း ဒေါ်တယ်ပြီး မခေါ်ဘူးဗျ။မသိန်းကြည် အသက်ကြီးသွားရင်လည်း ဒေါ်သိန်းကြည်လို့ မခေါ်ပြဘူးဗျ။သိန်းကြည်မ လို့ပဲခေါ်ကြတယ်။

hqdefault.jpg
#photo credit to image source.

ယောက်ျားလေးတွေကျပြန်တော့လည်း ရှေ့ကနေမောင်တို့ ကိုတို့ ထည့်မခေါ်ဘူး။ရှေ့ကနေ င,ထည့်ပြီးတော့ခေါ်တယ်။ဥပမာ ယောက်ျားလေးတစ်ယောက်နာမည်က ကြည်လင်းဆိုပါစို့။အဲဒီကောင်လေးကို အဲ့ဒီရွာမှာ ''ငကြည်'' လို့ ခေါ်ကြတယ်။အဲဒီတော့ အဲဒီရွာက ကောင်လေးတွေ နာမည် အများစုက ''ငကြည်တို့၊ငလင်းတို့၊ငစောတို့၊ငပုတို့၊ငအောင်တို့'' အဲဒီလိုနာမည်မျိုးတွေ ဖြစ်နေကြတယ်။အဲဒီနာမည်တွေက အသက်ကြီးသွားလည်း ဒီအတိုင်းပဲ။ကျွန်တော်နဲ့ သိတဲ့ အဲဒီရွာက ဦးလေးကြီးတစ်ယောက်ကို သူ့တူလေးတွေက ခေါ်တာ ''ဦးလေးငကြည်''တဲ့။

3_danu_tribe_family_between_kalaw_and_pindaya.jpg
#photo credit to image source.

အပိုင်း ၂ ဆက်ရေးပါဦးမည်။
author - @apana

Sort:  

ဆက်ရေးပါဗျာ အားပေးနေပါတယ်ဗျ

ဟုတ်တယ်နော် တချို့ ဓလေ့လေးတွေက ထူးဆန်းတယ်ဗျ

Congratulations @apana! You received a personal award!

1 Year on Steemit

Click here to view your Board

Support SteemitBoard's project! Vote for its witness and get one more award!

Congratulations @apana! You received a personal award!

Happy Birthday! - You are on the Steem blockchain for 2 years!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.028
BTC 61436.95
ETH 3388.33
USDT 1.00
SBD 2.49