ကိုဟင်နရီအောင်၏ မေးခွန်းများကိုဖြေကြားခြင်း

in #partiko5 years ago (edited)

image
@kachinhenry သို့ဖြေကြားခြင်း
၁ ။ MSC စည်းကမ်းတင်းကျပ်လွန်းသောကြောင့် အဖွဲ့ဝင် တဖြေးဖြေး နည်းသွားရသည်ဆိုလျင် စည်းကမ်းမတင်းကျပ်သော HSF , RSM , MSU တို့တွင် အဖွဲ့ဝင်အရေအတွက်များ တိုးပွားလာနေပါသလား..?
ဖြေ-steemit platform ပေါ်တွင် အားလုံးလျော့နည်းသွားသည်မှာမှန်ပါသည်။ msc တွင် စည်းကမ်းအချို့ကြောင့်အမှန် တကယ်၊ထွက်သွားသူ၊ ဝင်မည်ပြုပြီးမဝင်တော့သူ အချို့ရှိခဲ့သည်။

၂။ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် အဘယ်ကြောင့် စည်းကမ်း လျော့ပေါ့ပေးဖို့ လိုအပ်ပါသနည်း ။ မိမိကိုယ်၌ ကကော စည်းကမ်းလိုက်နာ၍ အဖွဲ့အစည်းနှင့် တစည်းတလုံး တည်း အဘယ့်ကြောင့် မနေနိုင်ရပါသနည်း။
ဖြေ-steemit တွင်ငွေရှာသည့်အခါ မည်သူမဆို sp တိုးစေမည့်နည်းလမ်းမှန်သမျှကိုအ သုံးပြုလို သည်သာဖြစ်ပါသည်။ သို့အတွက် actifit, partiko,steemhunt စသည်တို့ကိုအသုံးပြု ကြသည်မှာမလွဲပါ။ actifit သည် user rank ကိုကြည့်၍ upvote ပေးသည့်အတွက် user rank သည်လည်း sp delegate လုပ်မှရ သည့်အတွက် အစည်းအဝေးတွင် တင်ပြခဲ့ပါ သည်။ promotion မှ ရသည့် sp ကို delegate မလုပ်ပဲဝယ်ထည့်မည်လည်းပြောခဲ့ပါသည်။ မတတ်သာသည့်အတွက် ထွက်ခဲ့ရပါသည်၊

MSC Promotion ဟူသည် steemit platform ပေါ်မှာ upvote ရစေနိုင်သည့် နည်းလမ်းများစွာထဲက တစ်ခုသာဖြစ်ပါသည်။ တစ်ခုတစ်မျိုးတစ်နည်းတစ်လမ်းတည်းဖြင့် ကိုယ့်ဘာသာပိတ်ဆို့ထားမိသလားထင်မိ၍ နည်းလမ်းသစ်များရှိရာ လျှောက်လမ်းခဲ့ပေသည်။

ယခုလည်း @mmunited ၏အကြံဉာဏ်ကြောင့်သာ ရေးသားခဲ့ခြင်းဖြစ်ပြီး မိမိအနေဖြင့် အရင်ကတည်းက အစွမ်းကုန်ကြိုးစားခဲ့ပြီးဖြစ်၍ မပြောင်းလဲနိုင်ကြမည်မှန်းသိထားပြီးဖြစ်ပါသည် ။

၂၀၀၈ စာအုပ်စိမ်းသည် လိုအပ်၍ ပြောင်းရသည်ကို နားလည်နိုင်ပါသည်။ MSC စည်းကမ်းသည် စာအုပ်စိမ်း ဥပမာဆိုလျင် စာအုပ်စိမ်းအား ပြင်ဆင်လိုသော NLD တို့သည် မည်သည့် စည်းကမ်းမျှ လိုက်နာစရာမလိုသော သူများအတွက် စာအုပ်စိမ်းအား ပြင်ဆင်ပေးရာ ရောက်နေပါသည်။
နမူနာမျှသာဖြစ်၍ အတိအကျ စာအုပ်စိမ်း နှင့်တူသည်ဟုဆိုလိုသည်မဟုတ်ပါ။မပြင်ဆင်လို သောသဘောကိုသာဆိုပါသည်။ စည်းကမ်းအားလုံးဖြုတ်ပစ်ရန်လည်းမတောင်းဆိုပါ။ ကျွန်တော်၏အမြင်အရ steem power down မည့်သူမရှိနိုင်တော့၍ delegate ကိုအား လုံးမဟုတ်အချို့အဝက်မျှကိုခွင့်ပြုသင့်ပြီဟုယူဆရ၍ရေးသားခြင်းသာဖြစ်ပါသည်။
msc မှ Upvote ရယူခြင်း
esteem မှ upvote ရယူခြင်း
actifit မှ upvote ရယူခြင်း
Steemhunt မှ upvote ရယူခြင်း
Steempress မှ upvote ရယူခြင်း စသည်တို့သည် upvote ရယူနိုင်ရေးနည်းလမ်း များကွဲပြားနေမှုသာဖြစ်သည်၊တစ်ခုနှင့်တစ်ခု conflict ဖြစ်နေရန်မသင့်ဟုယူဆမိပါသည်

Posted using Partiko Android

Sort:  

Thank you so much for being an awesome Partiko user! You have received a 20.69% upvote from us for your 2715 Partiko Points! Together, let's change the world!

Hi, @minsoenaing!

You just got a 0.18% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.

အရင်တုန်းကတော့ ပရိုမှ မရရင် ဘာမှ မရတော့ဘူးကိုး။ အခုကတော့ မတူတော့ပါဘူး။ Steempress, esteem စတာတွေကနေ ပံ့ပိုးပေးနေသလို လုပ်နိုင်မယ်ဆိုရင် fundition, adsactly, promo-steem တို့ဆီကနေလဲ အကူအညီရနိုင်ပါသေးတယ်။ ကိုစိုးပြောသလိုပါပဲ ဒါကလဲ ရနိုင်တဲ့ အခွင့်အလမ်းတွေထဲက တစ်ခုပါပဲ။ အသုံးချလို့ရနေတာကို သုံးမှာလား မသုံးဘူးလား။ ဒါပဲကွာတာပါ။ ကျွန်တော်သိသလောက် ပိုက်ဆံရနိုင်တဲ့ နည်းတွေ အကုန်ပြောပြလို့ရပါတယ်။ ကူညီပေးလို့လဲရပါတယ်။

အင်း...ကျွန်တော်သိပါတယ်။ တကယ်တော့ ကိုဟင်က အသက်ငယ်ပေမယ့် steemit မှာတော့ ကျွန်တော့ဆရာဆိုလည်းမမှားပါဘူး။ ပို့စ်တွေတင်တတ်အောင် ၊ အကောင့်ဖောက်တာ ကအစသင်ပေးခဲ့တဲ့လက်ဦးဆရာပါ။ ဒါပေမယ့် Promotion ယူပေးနေတာကလွဲရင် နောက်ထပ် အဖွဲ့တွေအတွက် SP တိုးစေနိုင်မယ့် နည်းတွေကို ထပ်ပြီးရှာမပေးတော့ပါဘူး။ တစ်ခါ အဖွဲ့ဝင်တွေ ကကိုယ့်ဘာသာရှာတဲ့အခါ msc စည်းကမ်းနဲ့ငြိ နေလို့ ပြောပြပြန်တော့လည်း မရဘူးမို့။ မတတ် သာပဲ ခွဲလိုက်ရတာပါ၊ တကယ်သာ သူက နည်းလမ်းသစ်တွေရှာပေးပြီး actifit ကတော့ လောလောဆယ်အသုံးမပြုကြစေချင်သေးဘူး ။နောင်အခါ SP အားလုံးကိုယ်စီ 10000 ရမှသုံးကြတာပေါ့ ။စသည်ဖြင့်ဆိုရင် ကျွန်တော် လည်းလက်ခံမှာပါ။ ခုဟာက msc တည်နေသ၍ သေသည်အထိလား၊ဘယ်သောအခါထိလား မသိရတဲ့အထိ ဆိုတော့ စိတ်မကောင်းပဲနှုတ်ထွက်လိုက်ရတာ

Posted using Partiko Android

steemit မှာစာရေးတာနဲသွားတာ crypto အခြေအနေမကောင်းတာနဲ့ အများကြီးဆိုင်ပါတယ် btc ဈေးကျတော့ steem လဲဈေးကျ အဲဒီကျတော့ စာသိပ်မရေးတာ မထူးဆန်းပါဘူး

မှန်ပါတယ်

Posted using Partiko Android

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.028
BTC 64294.34
ETH 3494.87
USDT 1.00
SBD 2.54