အချိန်တွေပိုထွက်လာအောင် မည်သို့လုပ်သင့်ပါလဲ?

in #partiko7 years ago

အချိန်တွေပိုထွက်လာအောင် မည်သို့လုပ်သင့်ပါလဲ? အိပ်စက်အနားယူချိန် ၈ နာရီမှ ၂ နာရီ လျော့ချကာ ၆ နာရီသာထားပါ။ ဘဝတစ်ခု တည်ငြိမ်ကာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်သောအခါ အပြည့်အဝ ဆက်အိပ်ပါ၊ ဘဝကို တည်ဆောက်ချိန် လောလောဆည်တော့ ခဏ လျော့အိပ်စေလိုပါသည်။ ကားစီးချိန်၊ တစ်ခုခုကို စောင့်ဆိုင်းရသည့်အချိန် စသော လေလွင့်သွားနိုင်သည့် အချိန်များကို အကျိုးရှိရှိ အသုံးချသင့်ပါသည်။ သွားလေရာကို မိမိအတွက် လိုအပ်သည့် ပညာရပ်ဆိုင်ရာ၊ ဗဟုသုတပြည့်စုံရာ စာအုပ်တစ်အုပ်ကို အမြဲတမ်းယူသွားပါ။ ကားစီးချိန်တွင် အကြောင်းမဲ့ ဟိုကြည့် ဒီကြည့်ဖြင့် အချိန်မကုန်ဆုံးစေဘဲ စာဖတ်ခြင်းဖြင့် လေလွင့်သွားနိုင်သည့် အချိန်ကို ကိုယ့်အတွက် အသုံးပြုနိုင်ပါလိမ့်မည်။ ကားပေါ်တွင်နေရာမရလျှင်၊ စာဖတ်ရန်အဆင်မပြေလျှင် တစ်နေ့တာ လုပ်ငန်းကိစ္စရပ်များ၊ ဆောင်ရွတ်ရန်ရှိသည်များ၊ ဖတ်ပြီးသောစာများ၊ သင်ခန်းစာများကို ပြန်လည် စဉ်းစားကာ ဦးနှောက်သွေးခြင်းဖြင့် အချိန်ယူနိုင်ပါသည်။
author:@heneyko61
photo:google images

Posted using Partiko Android

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.075
BTC 62642.23
ETH 1642.42
USDT 1.00
SBD 0.41