ယူဇနာ

in #partiko7 years ago (edited)

ယူဇနာ
++++++
ယူဇနာအသုံးအနှုန်းသည် “ယေယာဇန” ဟူသော ပါဠိမှ ဆင်းသက်ခေါ်ဝေါ်သော အသုံးအနှုန်းဖြစ်သည်။ ယူဇနာ၏အကွာအဝေးကို ရှေးဆရာတို့က တစ်ယူဇနာတွင် တစ်ဆယ့်နှစ်မိုင်ရှိ၏။ တစ်ဆယ့်သုံးမိုင်ရှိ၏ စသည်ဖြင့် အမျိုးမျိုးပြဆို ရေးသားခဲ့ဖူးပါသည်။
“ဗြဟ္မဇာလသုတ် အဋ္ဌကထာ၌ နာလန္ဒာနှင့် ရာဇဂြိုဟ် တစ်ယူဇနာ ဝေးကွာ၏။” ဟု အဆိုရှိခဲ့သည့်အတိုင်း ခုမီးရထားလမ်းမိုင်တိုင် အမှတ်အသားများလည်း ရှစ်မိုင်အတိအကျ ရှိနေသောကြောင့် တစ်ယူဇနာမှာ ရှစ်မိုင် ရှိမည်ဟု ဗုဒ္ဓသာသနိက ပထဝီဝင်ကျမ်းတွင် ကိုယ်တွေ့လေ့လာရေးသားထားသည်ကို တွေ့ရပါသည်။
သီတဂူဆရာတော် အရှင်ဉာဏိဿရက ပိဋကတ်ကျမ်းလာ မြို့အကွာအဝေးအတိုင်း အိန္ဒိယတွင်ရောက်ရှိစဉ် ခန့်မှန်းတွက်ချက်ရာ အငြင်းပွားဖွယ် အဆိုပြုချက်သစ်များ ထွက်ပေါ်ခဲ့သည်။
20180624_115620.jpg
အတိုင်းအတာ ဝေါဟာရ ၁၂-မျိုးလင်္ကာ

လက်သစ်တောင်သာ ယူဇနာတိုင်အောင်သော မြန်မာတို့၏အတိုင်းအတာနည်းလင်္ကာ

  1. ၁၀-ဆံခြည်မျှင် တစ်နှမ်း၊
  2. ၆-နှမ်း တစ်မုယော၊
  3. ၄-မုယော တစ်လက်သစ်၊
  4. ၈ လက်သစ် တစ်မိုက်၊
  5. ၃-မိုက် တစ်တောင်၊
  6. ၄-တောင် တစ်လံ၊
  7. ၇-တောင် တစ်တာ၊
  8. ၂၀-တာ တစ်ဥသဘ၊
  9. ၂၀-ဥသဘ တစ်ကောသ၊
  10. ၄-ကောသ တစ်ဂါဝုတ်၊
  11. ၄-ဂါဝုတ် တစ်ယူဇနာ၊
  12. တာ(၁၀၀၀)တစ်ထောင် တစ်တိုင်။ • မှတ်ချက်။ ။ မြန်မာဆယ်တိုင်ကို ခရီးတစ်သောင်း ဟုခေါ်သည်။ တာပေါင်း(၁၀၀၀၀)တစ်သောင်း ရှိသောကြောင့်ဖြစ်၏။

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.075
BTC 64523.10
ETH 1681.01
USDT 1.00
SBD 0.42