The exam

in #partiko5 years ago

စဉ်းစားချိန် တန်ပြီ
——————

ဝမ်းနည်းစရာ​ကောင်းတဲ့သတင်းတစ်​ပုဒ်​ဂုဏ်​ပြု စရာ​ကောင်းတဲ့စာ​အောင်​သံဃာများ။
ဘာလို့ဝမ်းနည်းစရာ​ကောင်းလဲဆိုတာ ​ပြောပြမယ်

စာချတန်းကို၂၂၈၄၄ပါး
ဖြေဆို​ပေမဲ့
အောင်​တာက၃၀၅၄ပါးထဲ​အောင်​တယ်​။
၁၈၀၀၀​ကျော်​က ကျစားရင်း။
အောင်​ချက်​ရာခိုင်​နူန်းက ၁၃။
ဘာလို့အ​လောက်​​တောင်​နည်းလဲဆိုတာစဉ်းစားမရဘူး။

ပထမပြန်​ကြည့်​ပြန်​​တော့
ပထမကြီးတန်း​ဖြေဘ၁၄၁၁၀
အောင်​၁၂၁၇ပါး။
၁၂၀၈၃ပါး​တောင်​ကျ တယ်​။

အောင်​ချက်​က
ဆယ်​ရာခိုင်​နူန်း​တောင်​မပြည့်

ပထမလတ်​တန်​​ဖြေ ၁၃၉၂၃ပါး
အောင်​၂၁၃၃ပါးပဲ​အောင်​တယ်​။၁၁၀၀၀​ကျော်​ကျတယ်​။အ
အောင်​ချက်​ ၁၄ပဲရှိတယ်​။

ပထမငယ်​တန်း​ဖြေ ၂၃၅၉၈ပါး​ဖြေ။
အောင်​၃၄၂၅ပါးပဲ​အောင်​တယ်
ဒါလည်းတကယ်​​တော့နည်းလွန်းတယ်​။
ဘာပဲ​ပြော​ပြောဒီအတိုင်းသာ
လုပ်​​နေလို့က​တော့ 
နောက်​ဆယ်​နှစ်​ဆိုတာအများဆုံးပဲ။
စာသင်​သားဆိုတာ
ရှိ​တော့မှာမဟုတ်​ မိမိအရင်​တုန်းက စာသင်​တိုက်​​နေဖို့ကို
ဘယ်​လို​ရှောက်​​ရှောက်
သံဃာပြည့်​​နေလို့လက်​မခံတာများတယ်​။အခုသုံးနှစ်​​လောက်​ရှိသွားပြီ။ စာသင်​သားက 
ရှောက်​စရာသိက်​မလို​တော့ဘူး။စာသင်​တိုက်​​တွေကကိုက
ပစ္စည်း​လေးပါး ပြည့်​စုံ​အောင်
ထားယေးမ်​ စာကြိုးစားဖို့ပဲလိုတာပါစသည်​ဖြင့်​​ခေါ်​နေရပြီ။

စာ​မေးပွဲ ကျလိုက်​လူထွက်​လိုက်​နဲ့ လက်​ရှိသံဃာက ​နည်းပါးလာ​နေတာဝမ်းနည်းစရာ​ကောင်းတယ်​။အဓိကက ဘုန်းကြီး ပညာ​ရေးစနစ်​ပြင်​ဖို့လိုတာ လူ​တွေက ပညာ​ရေးပြင်​မှဘုန်းကြီး​တွေက လိုက်​ပြင်​ဖို့လုပ်​​နေတာ ရှက်​စရာ​ကောင်းတယ်​...။

အခုလဲ သာသနာ​ရေးဝန်​ကြီးက
ထုတ်​တဲ့စာအုပ်​ပဲကိုင်​ရမယ်​ဆိုတဲ့ အာဏာနဲ့ထုတ်​ပြန်​လာတဲ့
ဇာတက စာအုပ်​​တွေဟာ ​ဈေးက ကြီးလွန်း​နေတယ်​။ အရင်​အကြီးတန်းစာအုပ်​တစ်​အုပ်​မှ
၂၀၀၀ပဲ​ပေးရတာ အခုကလုပ်​စား​ခေတ်​က ပြန်​​ရောက်​လာ​နေပြီ။ဒီလိုသာဆက်​သွား​နေရင်​...
နောက်​ဘယ်​နှစ်​နှစ်​ခံမလဲဆိုတာ စဉ်းစားစရာပဲ။

ကျတဲ့စာသင်​သား​တွေအတွက်​ ၀မ်းနည်း​ပေမဲ့​အောင်​တဲ့သံဃာ​တွေအတွက်​၀မ်းသာဂုဏ်​ယူပါတယ်​။သောင်း​ကျော်
ဖြေတာမှ​ထောင်​​ကျော်​​လောက်​​အောင်​တဲ့စာသင်​သား​တွေ
အတွက်​သိပ်​ဂုဏ်စရာ​ကောင်းတယ်​။ဒီလို ရာခို​င်​နူံးနည်းနည်း​လေး ထဲ ပါဖို့ဆိုတာ နည်းတဲ့
အရည်​ချင်းမဟုတ်​တဲ့အတွက်​ ၀မ်းသာပါတယ်​။
ကိုးဆယ်​ရာခိုင်​နူန်းကျတဲ့အထဲ ပါတဲ့သူ​တွေအတွက်​​တော့ ၀မ်းနည်းပါ၏ဘုရား...။
ယုန်​မရ ​တော​ကြေ ဆိုသလိုပါပဲဘုရား....။

Posted using Partiko Android

Sort:  

Thank you so much for being an awesome Partiko user! You have received a 11.74% upvote from us for your 1384 Partiko Points! Together, let's change the world!

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 63877.55
ETH 3143.56
USDT 1.00
SBD 3.97