How to Make Paper Stepper Box

in #partiko6 years ago (edited)

Paper Stepper Box

img1535732708513.jpg

ဒီတစ်​ခါအနီ​ရောင်​ပန်းစက္ကူအသုံးပြုပြီး၊ကတ်​ထူအဆင့်​ဆင့်​ပါတဲ့paper stepper boxတစ်​ခုပြုလုပ်​လိုက်​ပါတယ်​။အဖွင့်​အပိတ်​ပြုလုပ်​နိုင်​တဲ့ပုံစံပြုလုပ်​လိုက်​ပါတယ်​။လိုအပ်​တဲ့ပစ္စည်း​တွေကကတ်​ထူ၊ပန်းစက္ကူ၊​ရောင်​စုံစက္ကူ၊ကတ်​​ကြေး၊​ကော်​ဘူး၊​ဘောလ်​ပင်​၊​ပေတံ၊double tapeစသဖြင့်​လိုအပ်​ပါတယ်​။ပြုလုပ်​ရမည့့်​အဆင့်​​တွေကစက်​၀ိုင်းပုံကတ်​ထူ​လေးခုဖြတ်​ရမယ်​။ပြီး​တော့အဲဒီကတ်​ထူ​လေးခုကိုအဆင့်​ဆင့်​ကပ်​ရန်​​နောက်​ကတ်​ထူတစ်​ခုပြုလုပ်​ရမယ်​။အဖုံးအတွက်​ကတ်​ထူတစ်​ခုထပ်​မံပြုလုပ်​ရမယ်​။ပြီး​တော့အနား​တွေမှာဖဲကြိုး​တွေနှင့်​ကပ်​ရမှာပါ။

IMG_20180831_144230.jpg

ပထမဆုံးအဆင့်​မှာ​တော့စက်​၀ိုင်းပုံကတ်​ထူ​လေးခုဖြတ်​ရပါ့မယ်​။နှစ်​ခုကို​တော့အ၀ိုင်းပုံစံအပြည့်​ဖြတ်​ပြီး၊ကျန်​နှစ်​ခုကို​ပုံပါအတိုင်းဖြတ်​လိုက်​ပါတယ်​။ပြီး​တော့ကတ်​ထူစက္ကူနှင့်​ပန်းစက္ကူကိုတွဲ၍​ကော်​ကပ်​ပြီး၊အလျားအတိုင်းအတာက​တော့ကတ်​ထူအ၀ိုင်းပုံနှင့်​တိုင်းတာ၍ဖြတ်​လိုက်​တယ်​။ပြီး​တော့double tapeကိုကတ်​ထူ​ပေါ်အကွာအ​ဝေးတူညီစွာကပ်​လိုက်​တယ်​။ကတ်​ထူ​လေးခုကိုလည်းtapeကပ်​ထားတဲ့အတိုင်းပုံမှာမြင်​ရတဲ့အတိုင်းကပ်​လိုက်​ပါတယ်​။

IMG_20180830_122836.jpg

IMG_20180830_123628.jpgIMG_20180831_134819.jpg

ပြီး​တော့အဖွင့်​၊အပိတ်​ပြုလုပ်​နိုင်​​အောင်​အဖုံးပြုလုပ်​ပါ့မယ်​။ကတ်​ထူနှင့်​ပန်းစက္ကူတွဲ၍​ကော်​ကပ်​ပြီး၊ခုနကပြုလုပ်​ထားတဲ့boxရဲ့အနားတစ်​ဘက်​မှာပထမဆုံးtapeနဲ့ညီညာစွာကပ်​လိုက်​တယ်​။tapeကပ်​ထားတဲ့အ​ပေါ်မှာထပ်​မံ၍ပန်းစက္ကူကပ်​လိုက်​ပါတယ်​။ပြီး​တော့အနားတ​လျောက်​ပုံမှာပြထားတဲ့အတိုင်းဖဲကြိုးနှင့်​double tapeသုံး၍ကပ်​လိုက်​ပါတယ်​။ရှေ့ဘက်​မှာ​တော့အဖုံးပိတ်​ပြီးလုံခြုံဖို့အတွက်​စက္ကူ​ဖောက်​စက်​နှင့်​တစ်​ဘက်​စီအ​ပေါက်​နှစ်​ခု​ဖောက်​ပြီး၊ဖဲကြိုးနှင့်​ချည်​လိုက်​ပါတယ်​။

IMG_20180830_130127.jpg

IMG_20180831_144246.jpg

IMG_20180831_144307.jpg

img1537852914542.jpg

Written by @asterkame
MSC-008
By my photos & made by me

Sort:  

Paper လေးတွေ အလှတင်တတ်သူကြီး
လုပ်ပြီး အလှချိတ်ထားသလား
လက်ဆောင်ပေးသလား

Posted using Partiko Android

အလှချိတ်​ထားတာလည်းရှိသလို၊က​လေး​တွေကို​ပေးလိုက်​တာလည်းရှိပါတယ်​...

Posted using Partiko Android

Good အိုင်​ဒီယာ

Posted using Partiko Android

ကျေးဇူးပါ....ဘဘကြည်​😊

Posted using Partiko Android

အဆင့်​​လေး​တွေနဲ့ ချစ်​စရာ​လေး😍

Posted using Partiko Android

ဟုတ်​တယ်​...ဒါလည်းအဆင့်​ဆင့်​များနှင့်​တမျိုး​လေးပြုလုပ်​ထားတာပါ...

Posted using Partiko Android

ဟုတ်​တယ်​ တစ်​မျိုး​လေး ဆန်းဆန်း​လေး😊

Posted using Partiko Android

ဒီလိုအဖွင့်​အပိတ်​လုပ်​လို့ရတဲ့boxပုံစံမလုပ်​ကြည့်​​သေး​တော့စမ်းပြီးဆန်းသစ်​တာလည်းပါချင်​လို့....😊😊

Posted using Partiko Android

အဆမ်း​လေး​တွေ များများထွင်​ပါ မမ😊😊

Posted using Partiko Android

ဟုတ်​ကဲ့...ဆက်​ကြိုးစားပါ့မယ်
ကျေးဇူးပါ....

Posted using Partiko Android

Congratulations @asterkame! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

Award for the number of comments received

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

Support SteemitBoard's project! Vote for its witness and get one more award!

Thank you so much

Posted using Partiko Android

ဖန်တီးနိုင်သူရဲ့ လက်ထဲကြတော့လည်း စက္ကူဖြစ်ဖြစ် ဗူးခွံလေးဖြစ်ဖြစ် အသုံးတည့်တဲ့ပစ္စည်းလေးတွေကို ဖြစ်သွားရော နော်။

Posted using Partiko Android

ဝါသနာ​လေ...အဟီး
ခုလည်းသွားတိုက်​​ဆေးဘူးခွံ​ခြောက်​ခုရ​အောင်​စု​နေတာ...နုတ်​ခမ်းနီထည့်​တဲ့box​လေးလုပ်​မို့....

Posted using Partiko Android

အယ် ပြောတာတောင်နောက်ကျပါပေါ့ ။ :D

Posted using Partiko Android

ထည့်ချင်ရာထည့် လှနေရော😍

Posted using Partiko Android

ဟုတ်​တယ်​ကြည်​...ထည့်​ချင်​တာ​လေး​တွေထည့်​လို့ရတယ်​...လှတယ်​ဆိုလို့​ကျေးဇူးပါ.. ..

Posted using Partiko Android

ဗီဒိုသေးသေးလေးကျနေတာပဲ
ချစ်စရာလေးပါ အမရယ် ကြိုက်တယ်ဗျ

ဟုတ်​ကဲ့...​အား​ပေးလို့​ကျေးဇူးပါ

Posted using Partiko Android

အနီရောင် ရဲရင့်ခြင်း ပြတ်သားခြင်း

ဟုတ်​ကဲ့...အနီ​ရောင်​ရဲ့အဓိပ္ပါယ်​သ​ဘောကျတယ်​...😊

Posted using Partiko Android

ဗီဒိုသေးသေးလေးနဲ့တူတယ်

အင်း...ဟုတ်​တယ်​😊😊

Posted using Partiko Android

Coin Marketplace

STEEM 0.16
TRX 0.17
JST 0.028
BTC 69231.75
ETH 2482.33
USDT 1.00
SBD 2.41