AI & Programmer Developer

in #novel6 years ago

[2] ဘာလို.လူငယ်တွေ IT, programming, AI တွေ လေ့လာသင့်သလဲပေါ့။ဘာတွေလို မလဲပေါ့။(ဒီစာက ကလေးတွေဖတ်ဖို.ရည်ရွယ်တာပါ တတ်နိုင်သလောက် နားလည်အောင်ရေးထားတာပါ)။လောလောဆယ် ဒီနီုင်ငံမှာရော ကမ္ဘာပေါ်မှာပါ programmer တွေ computer ပညာရှင် တွေ AI သုတေသီတွေ အတော်လိုနေပါတယ်။
image

[3] အဲ့တော့ ဘာပဲပြောပြော demand ကောင်းတဲ့အလုပ် career အနေနဲ.လစာကောင်းတယ်။အသက်ကြီးတဲ့အထိ အလုပ်လုပ်လို.ရတဲ့ အလုပ်လို.ပြောရမယ်ပေါ့။နောက်ပြီး လောလောဆယ် မြန်မာပြည် အနေအထားနဲ.ကြည့်ရင် IT ကို basic operational level လောက်တောင် အဆင်ပြေအောင် မသုံးနိုင်သေးဘူး။

[4] ဆိုချင်တာက POS လောက် အဆင့်တောင် အဆင်အကုန်မပြေနိုင်သေးဘူး။နေ.စဉ်လုပ်နေရတဲ့ Banking လိုကောင်မျိုးမှာတောင် လကုန်ရင် mobile app ကြီးက hang နေတာ မြင်ရမှာပါ။ဒါကဘာကိုပြသလဲဆိုရင် daily operational အလုပ်လောက်မှာတောင် IT ကို မနိုင်သေးဘူး။အဲ့တော့ decision making level, management level တွေလုပ်ဖို.
image

[5] အများကြီးလိုုသေးတယ်။နောက် စလုံးလို smart nation လုပ်မယ်ဆိုရင် ( ဒီမှာလုပ်မယ်လဲအသံကြားတာပဲ အတော်နောက်တဲ့သူတွေ မီးဖြင့်မမှန်သေးပဲနဲ.) ဘာတွေလိုလာမလဲဆိုတော့ daily operation တွေမှာ အကုန် online ချိတ်ပြီး IT နဲ.run နေဖို.လိုသလို.(ဥပမာ ဆေးရုံ ဆေးခန်းမှာ ကိုက မဥက္ကလာ ဆေးရုံမှာ ဆေးကုဖူးတယ် ဒါဆို ပြည်သူ.
[6] ဆေးရုံကြီးမှာ ဆေးသွးကုရင် မဥက္ကလာ ဆေးရုံကမှတ်တမ်းတွေကို ပြည့်သူ.ဆေးရုံကြီးမှာ ကြည့်လို.ရအောင်မျိုး) goverment process တွေ အကုန်လုံးကိုလဲ အွန်လိုင်းပေါ်ချိတ်ဆက်ပြီး အဆင်ပြေပြေ run လို.ရအောင် လိုပါတယ်။တခြား IoT(internet of thing) တွေနဲ.ချိတ်ဆက်ပြီး sensor တွေ ဆီကနေ data ယူပြီး processing လုပ်ဖို.

[7] လိုပါတယ်။ခုဒီမှာ e-government တော့အသံကြားတာပဲ။(လေးဖြူသီချင်း ဘယ်ဆီကိုမင်းရောက်နေသလဲ) အဲ့မတိုင်ခင် government တခုခြင်း ဆိုင်ရာ ဆိုင်ရာ စနစ်တွေ ရှိရပါမယ်။နောက် သူတို.ဋ္ဌာန ကနေ တခြား ဋ္ဌာနတခုကို ချိတ်ဆက်ဆောင်ရွက်ဖို.software တွေ infrasturcture တွေ ရှိရပါမယ်။အဲ့အတွက် လိုအပ်ချက် demand တွေလဲအများကြီးရှိတယ်။

[8] ဒါ local မှာကိုပြောတာ။ခုနက smart city လောက် ကို ဆောက်မယ်ဆိုရင် AI, big data, IOT အဲ့ကောင်တွေပါလာမယ်။အဆင့်မြင်တဲ့ software တွေလိုလာမယ်။ဒီမှာ ခုထိ ဒါကို သေချာမလုပ်နိုင်သေးဘူး။အဲ့အတွက်လဲ နေရာရှိပါတယ်။India က သူ.နိုင်ငံကို IT ဘက်မှာ ကောင်းအောင် အင်တာနက်တွေ infrastructure တွေ လုပ်ပေးလိုက်တာ သူ.တို.
image
[9] ဆို အတော်ဟုတ်နေပြီ။Google, Microsoft က CEO တွေက India တွေ။နောက် အပေါ်က programing, AI စတာတွေ လေ့လာဖို.လူငယ်တွေ ဘာတွေလိုမလဲဆိုရင် အဓိက ကတော့ logical thinking skill, mathematics ကောင်းဖို.လိုပါတယ်။AI လိုကောင်မျိုးမှာ သချာၤကို ညံ့ရင် အဆင်မပြေပါဘူး။တခြား Computer Science ဘက်မှာလဲ သချာၤက လိုတာပါပဲ။

[10] နောက် တခုက အင်္ဂလိပ်ကတော့ သေစာရှင်စာလောက် ဖတ်တတ်အောင် လုပ်ထားရမှာပါ။ဒါဆို လေ့လာလို.ရပါပြီ။

Coin Marketplace

STEEM 0.17
TRX 0.16
JST 0.031
BTC 60840.29
ETH 2577.70
USDT 1.00
SBD 2.57