STORY

in #novel6 years ago

မိုက်💝🤡

image

The Legend of Joker by Heath Ledger
(ကျွန်တော့်ရဲ့ Heath Ledger အတွက် ကိုယ်ပိုင် Memorial Tribute လေးတစ်ခု)
image

လွန်ခဲ့တဲ့ 11 နှစ်ခန့် လောက်ကဖြစ်မယ်ထင်တယ်။ Christopher Nolan ဆိုတဲ့ လူသိနည်းသေးတဲ့ Director လေးတစ်ယောက်ဟာ Batman ရုပ်ရှင်တွေကို အသစ်ပြန်လည်အသက်သွင်းဖို့  ကြိုးစားနေတဲ့အချိန်ပေါ့။ ထို Batman ဆိုတဲ့ ဇာတ်ကောင်ဆိုတဲ့နေရာမှာလည်း သရုပ်ဆောင်ဖို့ မင်းသားတွေကို အသည်းအသန်ရှာဖွေနေရတဲ့အချိန်။ သူလိုချင်ခဲ့တဲ့ မင်းသားက Heath Ledger တဲ့။ Heath Ledger ဆိုတဲ့ မင်းသားက ထိုအချိန်လောက်က အောင်မြင်မှုဆိုတဲ့ နယ်ပယ်ထဲကို ခြေလှမ်းတစ်လှမ်းခန့် လောက် ဝင်လာခါစပေါ့။ ဒီအချိန်မှာ Christopher Nolan က Heath Ledger ကို Batman နေရာမှ သရုပ်ဆောင်ရန် ကမ်းလှမ်းတော့ သူယဉ်ကျေးစွာပြန်ဖြေလိုက်တဲ့ အဖြေက ကျွန်တော် ထိုကဲ့သို့ သော ရုပ်ရှင်တွေဘယ်တော့မှ မရိုက်ပါဘူး တဲ့။ ထို့ နောက်တော့ ထို Batman Begins ဆိုတဲ့ ဇာတ်ကားအတွက် Batman နေရာမှာ သရုပ်ဆောင်ဖို့ Christian Bale ရရှိသွားတယ်။

ဒီလိုနဲ့ 2006 ခုနှစ်လောက်မှာ Batman Begins ရဲ့ Sequel ကိုရိုက်ဖို့ Director ဖြစ်သူ Christopher Nolan က ကြော်ငြာတော့ ထိုဇာတ်ကားအတွက် Joker နေရာကို Heath Ledger နဲ့ ရိုက်ကူးမယ်လို့ ဆိုခဲ့တယ်။ ထိုအချိန်ဟာ Internet တစ်ခုလုံးသာမက Comics ချစ်သူတေ၊ွ ရုပ်ရှင်ပရိသတ်တေ၊ွ ဝေဖန်ရေးသမားတွေကြားမှာ ဒေါသဖြစ်စေခဲ့တာပေါ့။ ထိုအချိန်က ရုပ်ရှင်ချစ်သူတွေဟာ Joker အဖြစ် Heath Ledger ကို လုံးဝလက်မခံခဲ့ကြဘူး။ သံသယလည်း ဝင်ခဲ့ကြတယ်။ သို့ သော် သို့ သော် ထိုလူတွေ အားလုံးရဲ့ သံသယစိတ်တွေ မေးခွန်းတွေ အကုန်လုံးကို 2008 ခုနှစ် နှစ်ဝက်လောက်မှာ Heath Ledger တိကျသေချာတဲ့ အဖြေတွေ ပေးသွားတော့တယ်။

“သူဟာ ထိုအရာကို လုပ်ကိုင်ဖို့ ခိုင်မာတဲ့ ဆုံးဖြတ်ချက် ချမှတ်ခဲ့တယ်။ ထိုတစ်ခုခုအတွက် သူ့ မှာ အမြင်ရှိခဲ့ပုံရတယ်။ ထိုအချိန်က သူ ကျွန်တော့်ကိုထိုအရာနဲ့ ပတ်သက်ပြီးပြောခဲ့တဲ့ပုံအရဆိုရင် သူဟာ အလုပ်အလွန်အကျွံ လုပ်ရတာ နှစ်သက်ခဲ့တဲ့ပုံမရဘူး။ သူဟာ ဇာတ်ကောင်တစ်ယောက်ကို ဝင်စံစားမယ်။ ထို့ နောက်တော့ ရပ်တန့် ပြီးအချိန်ကာလတစ်ခုကို သယ်ဆောင်သွားစေခဲ့တဲ့ပုံမျိုး။ ထိုအရာအတွက်လည်း သူ့ ကိုယ်သူ ဆာလောင်တပ်မက်စေချင်တယ်။ သူ ကျွန်တော့်ဆီကို လာခဲ့တဲ့အချိန်တုန်းက သူ့ ပုံစံဟာ ဆန္ဒပြင်းပြနေတဲ့ပုံပဲ။ ထိုအရာကို လုပ်ဆောင်ဖို့ လည်း အဆင့်သင့်ဖြစ်နေကာ ထိုအရာကို ပိုင်ဆိုင်တဲ့ အနေအထားမျိုးပေါ့။ ထိုပုံစံအတိုင်းလည်း သူ လုပ်ဆောင်ခဲ့တာပဲလေ။”
2012 လောက်က the Film Society of Lincoln Center မှာကျင်းပခဲ့တဲ့ အမေးအဖြေတစ်ခုမှာ Christopher Nolan က Heath Ledger တစ်ယောက် Joker ဇာတ်ကောင်ကို ရွေးချယ်ခဲ့ပုံကို ဖြေကြားခဲ့တဲ့ စကားတွေပဲဖြစ်ပါတယ်။


ဇာတ်ညွှန်းတောင် ရေးလို့ မပြီးဆုံးခင်ကတည်းက သရုပ်ဆောင်ဖို့ အတည်ပြုခဲ့တဲ့အတွက် Heath Ledger အနေနဲ့ ထိုဇာတ်ကောင်ကို လေ့လာကာ စီးမျောဖို့ အချိန်တွေ ပိုရရှိခဲ့တယ်လို့ ဆိုနိုင်တယ်။ ထို့ အပြင် Heath ဟာ Method Actor တစ်ယောက် ဖြစ်တဲ့အတိုင်း သူအနေနဲ့ ဇာတ်ကောင်ကို နားလည်ဖို့ Christopher Nolan ဖတ်ခိုင်းတဲ့ Anthony Burgess ရေးသားခဲ့သော A Clockwork Orange စာအုပ်ကို ဖတ်ခဲ့ရသလို Francis Bacon ရဲ့ ပန်းချီကားတွေကိုလည်း လေ့လာခဲ့ရတယ်။ Director ကြီး Stanley Kubrick ရိုက်ကူးခဲ့တဲ့ ထို A Clockwork Orange ဇာတ်ကားကိုကြည့်ခဲ့ကာ Joker ဇာတ်ကောင်ပါဝင်ခဲ့တဲ့ Comics တွေအကုန်လုံးကို ဖတ်ပြီးလေ့လာခဲ့တယ်။

“London မြို့ ရဲ့ Hotel တစ်ခုမှာ ကျွန်တော် 1 လခန့် တံခါးပိတ်ကာ နေခဲ့တယ်။ အပြင်လောကနဲ့ အဆက်အသွယ်ဖြတ်ကာ ကိုယ်ပိုင် Diary မှတ်စုကျမ်းလေးတစ်ခု ထားလိုက်တယ်။ ပြီးတော့ အသံတွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော် မျိုးစုံလေ့ကျင့်စမ်းသပ်ခဲ့တယ်။ ဒီလို နာမည်ကျော်တဲ့ အသံနဲ့ ရယ်မောသံကို ဖန်တီးဖို့ ဆိုတာ ကျွန်တော့်အတွက် အရေးကြီးတယ်လေ။ နောက်ဆုံးမှာ ကျွန်တော်ဟာ စိတ်ရောဂါဝေဒနာရှင်တစ်ယောက်ရဲ့ တွေးခေါ်မှုနယ်ပယ်ထဲကို ကျော်လွန်စွာရောက်ရှိခဲ့တယ်။ ဘယ်လိုမျိုးလည်းဆိုတော့ သူ့ ရဲ့ လုပ်ရပ်တွေအတွက် ဝေဖန်ပိုင်းခြားနိုင်မှု အားနည်းလာတဲ့ သူမျိုးပေါ့။”
2007 လောက်က EMPIRE Magazine က Heath Ledger ကို ရိုက်ကွင်းတစ်ခုမှ အမေးအဖြေလုပ်တုန်းက သူဖြေကြားခဲ့တဲ့ စကားတစ်ခွန်း။

ရိုက်ကွင်းက လူတွေပြောကြားချက်အရဆိုရင် Heath ဟာ ရိုက်ကွင်းမှာ နေ့ တိုင်း ထို Joker ဝတ်စုံကြီးကိုဝတ်ဆင်ကာ Joker မိတ်ကပ်အပြည့်နဲ့ အမြဲရှိနေတယ်တဲ့။ ဒါပေမဲ့ သူ့ ရဲ့ ဇာတ်ဝင်ခန်းတွေ ရိုက်ကူးတဲ့အချိန်မှ သူဟာ Joker ဇာတ်ကောင်တစ်ယောက်အဖြစ် အသွင်ပြောင်းလဲ သရုပ်ဆောင်ခဲ့တယ်။ ကျန်အချိန်တွေမှာ သူဟာ Skateboard စီးလိုက် Cigarette သောက်လိုက် ကျန်ရုပ်ရှင်အဖွဲ့ သားတွေကို ပွေ့ ဖက်နှုတ်ဆက်နေလိုက်နဲ့ ပဲ ရှိနေတတ်ပါတယ်တဲ့။ ထို ရိုက်ကူးရေးကာလ တစ်လျှောက်လုံးနီးပါးခန့် ကလည်း သူဟာ ညတိုင်း 2 နာရီခန့် လောက်ပဲ အိပ်စက်ခဲ့တယ်လို့ သိရတယ်။ သူ့ ခန္ဓာကိုယ်ဟာ မောပန်းနေပေမဲ့ သူ့ ရဲ့ စိတ်တွေကတော့ အမြဲရှေ့ ကိုရွေ့ လျားသွားလာနေခဲ့တယ်။
image

ထိုဇာတ်ကားထဲတွင် တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Michael Caine ရဲ့ ပြောကြားချက်အရဆိုရင် Heath Ledger တစ်ယောက် ရိုက်ကွင်းမှာ Joker အဖြစ် သရုပ်ဆောင်တဲ့အခန်းကို စတင်တွေ့ မြင်လိုက်ရတဲ့အခါ ထိုဇာတ်ဝင်ခန်းထဲတွင် သူ ပြောရမဲ့ စကားတွေကိုတောင် မေ့လျော့စေခဲ့သည်အထိ အံ့သြစရာ ကောင်းခဲ့တယ်တဲ့။ ထို့ အပြင် Batman အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Christian Bale ကိုယ်တိုင်ကလည်း Heath Ledger ကို သူ Joker အဖြစ် စတွေ့ လိုက်တဲ့အခါ သူ့ အစီအစဉ်တွေ အကုန် ပျက်စီးသွားခဲ့ရတယ်။ ဘာကြောင့်လဲဆိုရင် သူဟာ ကျွန်တော်လုပ်ကိုင်နေတာရော ကျွန်တော်ထက်ရော ပိုပြီး စိတ်ဝင်စားစရာ ကောင်းနေခဲ့လို့ ပဲတဲ့။


ထို The Dark Knight ဇာတ်ကား မထွက်ခင် 6 လခန့် လောက်ကပေါ့။
January 22, 2008 နေ့ မှာတော့ …
သူ့ ရဲ့ Manhattan မြို့ကအိမ်လေးထဲမှာ Heath Ledger ကို သေဆုံးနေခဲ့တာကို တွေ့ ခဲ့ကြရတော့တယ်။ ဆေးစစ်ချက်အရတော့ များပြားတဲ့ဆေးဝါးတွေကို အလွန်အကျွံ သုံးစွဲမှုဆိုတဲ့ အကြောင်းပြချက်နဲ့ သတင်းထုတ်ပြန်ခဲ့တယ်။ ဒါပေမဲ့ ကောလဟာလတွေကတော့ ထုံးစံအတိုင်းရှိခဲ့တယ်။ The Joker ဆိုတဲ့ ဇာတ်ကောင်ဟာ သူ့ ရဲ့ သေခြင်းတရား နောက်ခံအကြောင်းအရင်းပဲဖြစ်တယ်ဆိုတဲ့ ကောလဟာလတွေလေ။ 1989 ခုနှစ်က Batman ဆိုတဲ့ ဇာတ်ကားမှာ Joker အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Jack Nicholson က ထိုသတင်းကြားရတဲ့အခါ ရုတ်တရက်ပြောလိုက်တာကတော့ “ငါ သူ့ ကိုသတိပေးခဲ့တယ်။” တဲ့။ Heath Ledger ဟာ သေဆုံးသွားပြီးတဲ့နောက်မှာ ထို Joker ဇာတ်ကောင်ကို သရုပ်ဖော်နိုင်မှု အလွန်တရာကောင်းမွန်ခဲ့တာကြောင့် Oscar ပေးပွဲတွင် Posthumous ဆိုတဲ့ဆုကို ရရှိခဲ့ပါတယ်။ သူရတဲ့ဆုဖြစ်ပေမဲ့ သူကတော့ တက်ရောက်ယူနိုင်ခွင့် မရှိခဲ့ဘူးလေ။ အဘယ်ကြောင့်ဆိုသော် သူဟာ လောကကြီးမှာမှ မရှိတော့တာလေ။

အဆိုပါဆုဟာ Oscar သက်တမ်းတစ်လျှောက် Comics တွေကိုအခြေခံပြီး ရိုက်ကူးတဲ့ ဇာတ်ကားတွေထဲက သရုပ်ဆောင်အနေနဲ့ ပထမဆုံးဆွတ်ခူးနိုင်ခဲ့တဲ့ ဆုတစ်ခုဖြစ်သလို ယနေ့ အချိန်ထိလည်း တစ်ခြားသရုပ်ဆောင် တစ်ဦးတစ်ယောက်ကမျှ အဆိုပါဆုကို အဆိုပါရုပ်ရှင်များမှ ဆွတ်ခူးနိုင်စွမ်းမရှိသေးပေ။


ကျွန်တော် ဒီနေရာကနေစပြီးတင်ပြမဲ့ အကြောင်းအရာတွေကတော့ Heath Ledger ဟာ ဘာကြောင့် အကောင်းဆုံး Joker တစ်ယောက်ဖြစ်ခဲ့ရသလဲဆိုတဲ့ အချက်တွေပါပဲ။ ကိုယ်ပိုင်ခံစား စဉ်စားမိခဲ့တဲ့အချက်တွေရှိသလို internet မှ တစ်ခြားသူများရဲ့ အဆိုတွေကိုလည်း reference သဘောမျိုးလုပ်ကာ ပြန်လည် ရေးသားထားတဲ့အချက်တွေလည်း ပါဝင်ပါတယ်။

ကဲ.. စလိုက်ကြရအောင်…

ပထမဆုံးစတင်ပြချင်တဲ့ အချက်တစ်ခုက Make up။ Make up အနုပညာရှင်တစ်ယောက်အနေနဲ့  ဆိုရင်တော့ သူ့ မျက်နှာပေါ်က သုတ်လိမ်းထားတဲ့ မိတ်ကပ်ပုံစံဟာ အညံ့ဖျင်းဆုံး အဆိုးရွားဆုံး သွင်ပြင်လို့ သတ်မှတ်လို့ ရတယ်။ အထူအပါး မညီညာတဲ့ မိတ်ကပ်တွေ၊ ဖြစ်ချင်တိုင်းဖြစ် သုတ်လိမ်းထားချင်တဲ့ဟန်တိုင်း သုတ်လိမ်းထားတဲ့ ထိုမိတ်ကပ်သွင်ပြင်ဟာ ထိုဇာတ်ကားရဲ့ မိတ်ကပ်ဆရာ John Caglione Jr အဖို့ သူ့ ရဲ့ အလုပ်နဲ့ ဆိုင်တဲ့ဘဝဟာ ပြီးဆုံးသွားတော့မှာပဲလို့ တောင် စိတ်ပူခဲ့တယ်တဲ့။ ထို မိတ်ကပ်သွင်ပြင်ဟန်ကို မင်းသား Heath Ledger ကိုယ်တိုင်ရဲ့ အကြံပေးမှုတွေနဲ့ သူတို့  ဖန်တီးခဲ့ကြတယ်။ Perfect ဖြစ်နေတဲ့ မိတ်ကပ်ဟန်ကို သူ မလိုချင်ခဲ့ဘူး။ Imperfect ဖြစ်နေတဲ့ဟန်ကို သူလိုချင်ခဲ့တယ်။ ထို့ နောက် ကျွန်တော်တို့ ထိုရုပ်ရှင်ဇာတ်ကားတွင် Joker ဇာတ်ကောင်ရဲ့ လက်ဖဝါးတွေ လက်ဖမိုးတွေကို သေချာကြည့်မိပါက ဖြူဖွေးနေတာကို တွေ့ နိုင်တယ်။ ဒါက မင်းသား Heath ရဲ့စိတ်ကူး။ ထိုဖြူဖွေးနေတဲ့ လက်တွေဟာ မိတ်ကပ်တွေ ပေနေခြင်းကြောင့်ပဲ။ ထိုဇာတ်ကောင်ဟာ သူ့ မျက်နှာပေါ်က မိတ်ကပ်တွေကို သူကိုယ်တိုင်ခြယ်သုတ်လိမ်းခဲ့စေခြင်းကို ပေါ်လွင်အောင်ဆိုတဲ့ ရည်ရွယ်ချက်ပဲ။ ဥပမာပြောရရင် ပန်းချီဆရာတစ်ယောက်ရဲ့ လက်မှာ ပန်းချီဆေးရောင်တွေ ပေကျံနေသလိုမျိုးပေါ့။ ထိုအထိ Heath ဟာ လက်တွေ့ ကျခဲ့တယ်။


Character ကို သရုပ်ဖော်ဆောင်ခြင်း

ဒီဘက်ခေတ်ရဲ့ ရုပ်ရှင်အများစုမှာ ကျဆင်းလာတဲ့ အရည်အသွေးတစ်ခုက ဇာတ်ကောင်စရိုက်ကို ပေါ်လွင်အောင် သရုပ်ဖော်နိုင်ခြင်းပဲ။ ရုပ်ရှင်တွေမှာ ဇာတ်ကောင်တွေထက် ပိုမိုအရေးပါတဲ့အရာတွေ ရှိတယ်ဆိုတာ ကျွန်တော်ဝန်ခံပါတယ်။ ဥပမာ ဇာတ်လမ်းတို့  တည်းဖြတ်ခြင်းတို့  ဇာတ်ညွှန်းတို့  အစရှိသည်ဖြင့်တို့ ပေါ့ဗျာ။ ဒါပေမဲ့ ဒါပေမဲ့ပေါ့ဗျာ။ ဘာပဲဖြစ်ဖြစ် ထိုအရာတွေအားလုံးဟာ အခြေခံသဘောတရားအရ ဆက်စပ်နေတာက ဇာတ်ကောင်တွေပေါ်မှာပဲ။ ဇာတ်ကောင်တွေပေါ်မှာပဲ ဇာတ်လမ်းကို ဖန်တီးလို့ ရတယ်။ ဇာတ်လမ်းတွေပေါ်မှာ ဇာတ်ကောင်တွေကို ဖန်တီးလို့ မရပါ။ ပရိသတ်တွေ ချစ်သလို ပရိသတ်တွေ မုန်းတီးစေခဲ့တာတွေလည်း ထိုဇာတ်ကောင်တွေပါပဲလေ။

The Dark Knight ရုပ်ရှင်ကားရဲ့ ဇာတ်လမ်းအခြေခံဟာ Batman နဲ့ Joker တို့ ရဲ့ ကြောင်နှင့်ကြွက် လိုက်တန်းပြေးတန်းကစားနေတဲ့ ကစားပွဲလေးတစ်ခုပေါ့။ ဘယ်သူက ကြောင်ဖြစ်ပြီး ဘယ်သူက ကြွက်ဖြစ်တယ်ဆိုတာကိုတော့ စာဖတ်သူတို့ အလွယ်တကူပဲ ခန့် မှန်းနိုင်ကြမှာပါ။ Batman ရဲ့ ဇာတ်ကောင် ထိုဇာတ်ကားတွင်လေးနက်စေခဲ့တာ Joker ဇာတ်ကောင်ကြောင့်ဖြစ်သလို Joker ဇာတ်ကောင်ဟာလည်း ပိုမိုလေးနက်စေခဲ့တာ Batman ဇာတ်ကောင်ကြောင့်ပဲ။ ထိုဇာတ်ကားတွင် ထိုဇာတ်ကောင် နှစ်ယောက်အနက်မှ ကျန်တစ်ယောက်ကို ဆွဲနှုတ်ယူလိုက်ပါက ယခုကဲ့သို့ ရလာဒ်မျိုး ရနိုင်မည်မဟုတ်ပေ။ ထိုဇာတ်ကားထဲတွင် သူတို့ ပြောခဲ့သည့်အတိုင်း ထိုဇာတ်ကောင်နှစ်ယောက်ဟာ an unstoppable force and an immovable object တို့ ပဲဖြစ်ကြတယ်။ မရပ်တန့် နိုင်တဲ့ အားတစ်ခုနဲ့ မရွေ့ လျားနိုင်တဲ့ အရာဝတ္ထုတစ်ခုတို့ တွေ့ ကြတဲ့အခါ ဘာဖြစ်မလဲ။ Joker သည် ပျက်စီးယိုယွင်းခြင်းများနှင့် အစီအစဉ်တကျမရှိခြင်း သဘောတရားကို ယုံကြည်ကာ Batman ကတော့ တရားခြင်း မျှတခြင်း ဥပဒေဆိုတဲ့အရာကို ယုံကြည်တယ်။ တစ်ယောက်က အလင်းဘက်မှာနေပြီး ကျန်တစ်ယောက်က အမှောင်ခြမ်းမှာနေတယ်။ ဆန့် ကျင်ဘက်ဇာတ်ကောင် နှစ်ယောက်ဆိုပေမဲ့ အမှန်တော့ တစ်ယောက်တည်းကပဲ နှစ်ကိုယ်ခွဲသွားသလိုပဲ ကျွန်တော်မြင်မိတယ်။

Joker ရဲ့ ရည်ရွယ်ချက်နဲ့ သူ့ ရဲ့ Motivation ဟာဘာလဲ။ Dark Knight ထဲမှ Joker ဟာ လက်စားချေလိုစိတ်မရှိသူတစ်ယောက်။ အဖွဲ့ အစည်းတစ်ခုနှင့် သက်တော်စောင့်တွေ သစ္စာတော်ခံနောက်လိုက်တွေနဲ့ သွားလာနေသူတစ်ယောက်မဟုတ်။ ထို့ အပြင်သူဟာ ကမ္ဘာကြီးကို လွှမ်းမိုးရမယ်တို့ ဘာတို့ ဆိုတဲ့ ရည်ရွယ်ချက်တွေရှိတဲ့ လူဆိုးတစ်ယောက်လည်း မဟုတ်ပြန်။ ဒီတော့ ကျွန်တော်လည်း Alfred ပြောခဲ့တဲ့စကားကိုပဲ ပြန်ပြောရတော့မှာပေါ့။ "Some men just want to watch the world burn." ဟုတ်တယ်။ သူ့ မှာတိကျသေချာတဲ့ ရည်ရွယ်ချက်မရှိဘူး။ Batman ဟာ Joker ကိုရင်ဆိုင်ဖို့ သူ့ ရဲ့ အားနည်းချက်ကို သိမှဖြစ်မှာလေ။ အားနည်းချက်ဆိုတာကလည်း ရည်ရွယ်ချက်ကနေပဲ အလွယ်တကူရှာနိုင်မှာ မဟုတ်လား။ ဒီတော့ Batman အတွက် အခက်တွေ့ ခဲ့တယ်။ ဘာကြောင့်ဆို Joker ဟာ ရည်ရွယ်ချက်မရှိ အပျက်သဘောတရားတွေကိုပဲ တွေ့ ချင်လို့ ဆောင်ရွက်နေခြင်းဆိုတာကြောင့် သူ့ မှာ အားနည်းချက်မရှိခဲ့ဘူး။ ဇာတ်ကားပြီးဆုံးသွားခဲ့သည်အထိ Batman ဟာ Joker ရဲ့ အားနည်းချက်ကို ရှာမတွေ့ ခဲ့ဘူး။ ရုပ်ရှင်သမိုင်းမှာရော စာပေနယ်ပယ် အနုပညာသမိုင်းမှာ ယခုကဲ့သို့ အားနည်းချက်တစ်ခုမှ မရှိခဲ့တဲ့ အတွက် ကျွန်တော့်အတွက် အကောင်းဆုံး Villain ဟာ The Dark Knight ဇာတ်ကားထဲက Heath Ledger ပုံဖော်ပေးခဲ့တဲ့ Joker ပဲ။ ထိုအချက်ကြောင့်လည်း ဒီ Joker ဟာ အကောင်းဆုံး Joker ဖြစ်လာရခြင်းပဲ။
Batman ဟာ Joker ကိုရပ်တန့် ဖို့ အစွမ်းအစမရှိခဲ့ဘူး။ The Dark Knight Rises ထဲတွင် Bane က Batman ရဲ့ ခါးကိုချိုးခဲ့ကာ ကိုယ်ခန္ဓာကိုပဲ ပျက်စီးအောင် စွမ်းဆောင်နိုင်ခဲ့ပေမဲ့ Joker ကတော့ Batman ကို စိတ်ဓာတ်ကိုပါ တင်းကြပ်ဖိအားတွေ ပေးလာစေတဲ့အထိ ကျရှုံးအောင် ဆောင်ရွက်နိုင်ခဲ့တယ်။ ဒါကို ထိုဇာတ်ကားထဲက Batman နဲ့ Joker တို့ ရဲ့ စစ်ဆေးမေးမြန်းခြင်းဇာတ်ဝင်ခန်းတွင် အလွယ်တကူတွေ့ နိုင်တယ်။ Batman ဟာ လုံးဝကို ကျရှုံးသူတစ်ယောက်ဖြစ်နေခဲ့တယ်။

Joker သည် ထိုကဲ့သို့ အနိုင်ကျင့်လို့ လည်းမရသလို လာဘ်ပေးလို့ လည်း မရတဲ့သူတစ်ယောက်။ ထိုအရာကိုတော့ ငွေစက္ကူပုံကြီးကို အလွယ်တကူ မီးရှိ့ လိုက်တဲ့အခန်းမှာ သိသာစေခဲ့တယ်။ မည်သူဟာ ဘာပဲလုပ်လုပ် Joker ကိုတော့ အရှုံးပေးခဲ့ကြရတယ်။ ထိုအရာတွေက ဘာကိုဦးတည်သွားစေသလဲဆိုတော့ Batman ဟာ တဖြည်းဖြည်းနဲ့ အသွင်ပြောင်းလာရတော့တယ်။ သူဟာ Hero နဲ့ Villain ကြားက အလွှာခြားလေးထဲမှာ လမ်းပျောက်လာရတယ်။ သူကိုယ်တိုင်လည်း Joker နေရာကို ဝင်ရောက်လာတဲ့အထိ ဖြစ်စေခဲ့တယ်။

သူဟာ Batman နဲ့ ပြေးတန်းလိုက်တန်း ဥာဏ်ရည်ယှဉ်ပွဲကျင်းပနေတဲ့အချိန်မှာတောင် လူသားတွေရဲ့ စိတ်ဓာတ်အမှန်တွေကို ပြသနိုင်ခဲ့တယ်။ သူဟာ သူ့ ကြောင့် သူဖြစ်လာတာမဟုတ်ဘူးတဲ့။ Batman ဟာ သူ့ ကိုပြီးပြည့်စုံစေခဲ့တယ်။ သူအခုလို ဖြစ်လာရတာ Batman ရဲ့ ကျေးဇူးတွေပဲဆိုတာကိုလည်း အကျိုးနဲ့ အကြောင်းသင့်လျှော်စွာ ပြောဆိုခဲ့သေးတယ်။ ဇာတ်လမ်းရဲ့ အဆုံးမှာ Batman ပြောသွားခဲ့သလိုပဲ ထိုဇာတ်တွင် Joker အနိုင်ရရှိခဲ့တယ်။


Joker ရဲ့ အတိတ်ဆိုတာ လူတိုင်းစိတ်ဝင်စားစေတဲ့အရာ။ The Killing Joke တောင် သူ့ ရဲ့အတိတ်ကို ဖွင့်ဟလှစ်ပြခဲ့လို အောင်မြင်ခဲ့တယ်။ ထိုကဲ့သို့ ပင် Joker ရဲ့ အတိတ်ကို Joker ဒီဇာတ်ကားထဲမှာ ပြောပြသွားတယ်။ ဒါပေမဲ့ သေချာတိကျရောရာတဲ့ အဖြစ်အပျက်တွေတော့မဟုတ်။ သူပြောတဲ့အတိတ်ဆိုတာက သူ့ မျက်နှာပေါ်ကရရှိခဲ့တဲ့ အမာရွတ်တွေရဲ့ ဇစ်မြစ်တွေကို ပြောပြတာ။ ဒါတောင် တစ်ယောက်ကိုပြောတာနဲ့ တစ်ခြားတစ်ယောက်ကို ပြောခဲ့တာ မတူညီခဲ့။ ဒါဟာ သူလိမ်နေခဲ့တာ။ သူ မျက်မှောက်ကာလက ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေနဲ့ သက်ဆိုင်သလို ထိုအတိတ်ကို သူလိမ်လိုက်တယ်။ အမှန်တော့သူဟာ အတိတ်ကိုပြောပြချင်တာမဟုတ်ဘူး။ ပစ္စုပ္ပန်မှာ ဖြစ်နေတာကို ပြောချင်လို့ ကိုးကားလိုက်တာပဲဖြစ်တယ်။

ငယ်စဉ်က အဖေကြောင့် ထိုအမာရွတ်ရခဲ့တယ်လို့ လည်း ပြောသလို မိန်းမကြောင့်ရတယ်လို့ လည်း ပြောတယ်။ ဒီနေရာမှာ Christopher Nolan ပုံဖော်ပေးလိုက်တဲ့ Heath Ledger ရဲ့ Joker ဟာ အတိတ်ကို ကျော်ပစ်ခဲ့ကြတယ်။ မည်သူမှ သူ့ အတိတ်ကိုဇာတ်လမ်းထဲတွင် မသိခဲ့။ ပရိသတ်တွေလည်း ယနေ့ တိုင် မသိခဲ့ရပေ။ တစ်ခြားရုပ်ရှင်တွေက Jokers တွေရဲ့ အတိတ်ကို မှန်းလို့ ရနိုင်ပေမဲ့ Heath သရုပ်ဖော်ခဲ့တဲ့ Joker ကတော့ မည်သူမှ မှန်းဆလို့ မရနိုင်ခဲ့။ အချို့ ကထင်ကြေးပေးကြတယ်။ စစ်သားဟောင်းတစ်ယောက် ဖြစ်နိုင်တယ်တဲ့။ ဘာကြောင့်လည်းဆိုတော့ "if, tomorrow, I tell the press that … a truckload of soldiers will be blown up, nobody panics, because it’s all part of the plan" လို့ ပြောခဲ့လို့ ပဲ။ လူ့ ဘောင်အဖွဲ့ အစည်းရဲ့ စစ်သားတွေအပေါ်ထားရှိတဲ့ စိတ်ဓာတ်ကို သူနာကျင်ခဲ့သည့်ဟန်ပြောခဲ့လို့ ပဲ။ ဟုတ်တယ်လေ။ အသိဥာဏ်တရား ခေါင်းပါးကြတဲ့ သူတစ်ချို့ ပြောနေကြသလိုပေါ့.. စစ်သားသေတာ ဘာဆန်းလို့ လဲ ဆိုတဲ့ စကားတွေပြောတဲ့လူတွေ ကျွန်တော် ကိုယ်တိုင်ကြားခဲ့ဖူးတာပဲ။ သူဟာ စစ်သားတစ်ယောက် ဖြစ်ခဲ့လို့  လူ့ အဖွဲ့ အစည်းကြီးကို မုန်းတီးနေတယ်လို့ ထင်စရာဖြစ်လာခဲ့တာပဲ။ သို့ မဟုတ် Scarecrow လို့ လူသိများလှတဲ့ Dr. Jonathan Crane ဖျက်ဆီးခြင်းကို ခံခဲ့ရတဲ့ စိတ်ရောဂါဝေဒနာရှင်တစ်ယောက်ဖြစ်ခဲ့တယ်လို့ လည်း ဆိုကြတယ်။ စောစောက ပြောခဲ့တဲ့ အမာရွက်ရခဲ့တဲ့ အကြောင်းအရင်းတွေထဲက ဆိုးသွမ်းတဲ့ဖခင်တစ်ကယ်လည်း ရှိခဲ့ပုံရတယ်။ နောက်ဆုံး Theory ကိုတော့ ကျွန်တော်ကြိုက်တယ်။ ဘာလဲဆိုတော့ သူကိုယ်တိုင် တစ်ကယ်လည်း မမှတ်မိလို့ ဖြစ်နိုင်တယ် ဆိုတာပဲ။

သို့ သော် သူကို ရူးသွပ်ခြင်းကို ဖြစ်စေခဲ့တာ သူ့ ဘဝရဲ့ ကံဆုံးမိုးမှောင်ကျခဲ့တဲ့ နေ့ ရက်တစ်ရက်ကြောင့်ဆိုတာတော့ ပြောနိုင်တယ်။ သူစကားတွေမှာ အရာအားလုံးကို ပျက်စီးသွားစေဖို့ တို့ လူတစ်ယောက်ကို ရူးသွပ်ခြင်းဆိုတာ အတည်ပြုပေးဖို့ တို့ ကို တစ်ရက်ပဲလိုအပ်တယ်လို့ အမြဲပြောခဲ့တာကြောင့်ပဲ။ ထို့ အပြင် နောက်ဆုံးခန်းတွင် Batman ကို သူပြောပြခဲ့တဲ့ ရူးသွပ်ခြင်းဆိုတာ ကမ္ဘာ့ ဆွဲအားလိုပဲတဲ့။ တစ်ချက်လောက် တွန်းချလိုက်ရုံပဲလိုအပ်တယ်ဆိုတာ လူသားတွေ ဘယ်လောက်ထိ လွယ်ကူစွာ ရူးသွပ်ခြင်းကို ဖြစ်စေသလဲဆိုတာ သိလာခဲ့ရတယ်။

သူ့ အတိတ်ကို မတင်ပြသွားခဲ့တဲ့အတွက်လည်း ထိုဇာတ်ကောင်ဟာ Iconic ဖြစ်ခဲ့တယ်လို့ ကျွန်တော်ထင်မိတယ်။ သူ့ အတိတ်ကို ကျွန်တော်တို့ သိခဲ့ရရင် သူ့ အပေါ်စာနာစိတ်တွေ သနားစိတ်တွေ နားလည်မှုတွေ ရှိလာခဲ့နိုင်တယ်။ ဒါဆိုရင် Villain ဟာ အားနည်းသွားနိုင်တယ်။ သူ့ မှာ လူသားဆန်တဲ့ စိတ်ဆိုတာ လုံးဝကို ကုန်ဆုံးနေပြီဆိုတာ The Dark Knight ရဲ့ ဇာတ်အဖွင့်ခန်းတစ်ခုတည်းနဲ့ တင် ကျွန်တော်တို့ သိခဲ့ရပြီလေ။ ထိုအတိတ်တို့ ဘာတို့ ကိုပြသခဲ့ခြင်းကြောင့် The Dark Knight Rises ရဲ့ Bane ဟာ Joker နဲ့ ယှဉ်လိုက်တဲ့အခါ အလိုလို ပျော့ညံ့တဲ့ လူဆိုးတစ်ယောက်အဖြစ် ကျန်ရစ်ခဲ့ရတယ်။ အမှန်တော့ The Dark Knight Rises ဇာတ်ကားတွင် Joker ဇာတ်ကောင်ကို ပြန်လည်အသုံးပြုရန် Christopher Nolan စဉ်းစားခဲ့တယ်။ ဒါပေမဲ့ 2008 ခုနှစ် နှစ်ဆန်းပိုင်းလောက်မှာ Heath Ledger သေဆုံးသွားခဲ့ရခြင်းကြောင့် ထိုဇာတ်ကောင်ကို ထည့်သွင်းဖို့ မဆုံးဖြတ်ခဲ့တော့ပေ။ ထိုအချက်ကြောင့်လည်း ထို Joker သည် Legendary ဆန်ခဲ့တယ်ဆိုရင် မမှားနိုင်ပေ။ Heath Ledger ရဲ့ သရုပ်ဆောင်ကောင်းမွန်ခြင်းဆိုတဲ့ အချက်တွေသာမက ထိုဇာတ်ကောင်ကို လေးနက်တဲ့တစ်နေရာထိ အချိန်ယူရေးသားခဲ့ကြတဲ့ ဇာတ်ညွှန်းရေးဆရာတွေကြောင့်ပါ ထိုဇာတ်ကောင်ဟာ အကောင်းဆုံးဖြစ်ခဲ့တယ်လို့ ကျွန်တော်ထင်တယ်။

ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ Heath Ledger နောက်ပိုင်း ထို Joker ဇာတ်ကောင်ကို ယခုရော နောင်အနာဂတ်မှာရော သရုပ်ဆောင်မဲ့ မင်းသားတွေအကုန်လုံးသည် Heath Ledger နဲ့ နှိုင်းယှဉ်ခံရမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။ ကျွန်တော့်အမြင်မှာတော့ ဒါဟာ တရားတဲ့ နှိုင်းယှဉ်ခြင်းပဲ။


The Dark Knight ဇာတ်ကားရုံတင်ပြီး နှစ်ပတ်ခဲ့ကြာပြီးနောက် Internet မှာ video တစ်ခုပေါ်လာခဲ့တယ်။ ထို Video လေးက ထိုအချိန်ကဆိုရင် အနှစ် 30 ခန့် အိုဟောင်းနေပြီ။ ဘာလဲဆိုတော့ rocker တစ်ယောက်ဖြစ်ခဲ့တဲ့ အဆိုတော် Tom Waits ကို The Don Lane Show လို့ အမည်ရတဲ့ Australian talk ရဲ့အမေးအဖြေ Video လေးပဲ။ ထို Video လေးကို ကြည့်လိုက်မှ Heath Ledger ရဲ့ Joker စကားပြောဟန် အသံနေအသံထားတွေဟာ Tom Waits ကို Inspiration ယူထားတယ်ဆိုတာ သိလာခဲ့ရတယ်။ ဒါပေမဲ့ Heath ရဲ့ သရုပ်ဆောင်ခြင်းကတော့ ထို့ ထက်ပိုခဲ့တာပေါ့။ ဘဲသွား သွားခြင်းတို့ လျှာကို မကြာခဏ ထုတ်ကာ သူ့ ရဲ့ နှုတ်ခမ်းတွေကို လျက်ခြင်းအစရှိတဲ့ သွင်ပြင်ဟန်တွေဟာ Heath ကိုယ်ပိုင် ဖန်တီးခဲ့တဲ့ သွင်ပြင်တွေပဲ။ ဒီနေရာမှာ လျှာကိုသူမကြာခဏထုတ်ခြင်းဟာ လူတစ်ချို့ ပြောဆိုချက်အရဆိုရင် Tardive dyskinesia ဆိုတဲ့ရောဂါရှိတဲ့ လက္ခဏာတွေပဲဖြစ်တယ်တဲ့။ စိတ်ရောဂါဝေဒနာရှင်တစ်ချို့ ထိုရောဂါကို တိုက်ထုတ်ဖို့ အတွက် အချိန်ကာလ ကြာမြင့်စွာ သောက်သုံးလာရတဲ့ဆေးတွေရဲ့ Side Effects တွေပဲဖြစ်တယ်လို့ သုံးသပ်ကြတယ်။ ဒါဟာ တစ်ကယ်လည်း ဖြစ်နိုင်တယ်။

တစ်ခြား ရုပ်ရှင်တွေရဲ့ Jokers တွေဟာ ဇာတ်ဝင်ခန်းနည်းပါးလို့ ဘာတို့ ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ပရိသတ်တစ်ချို့ ဟာ ဖုံးကွယ်ပေးကြပေမဲ့ Heath Ledger ရဲ့ Joker ကို The Dark Knight ဇာတ်ကားရဲ့ ပထမဆုံး ဘဏ်ဓားပြတိုက်တဲ့ဇာတ်ဝင်ခန်းလေးတစ်ခုမှာတင် သူဟာ အကောင်းဆုံးလို့ သတ်မှတ်ဖို့ လုံလောက်သွားခဲ့တယ်။ “What doesn’t kill you, make you … stranger.” လို့ သူ မျက်နှာဖုံးကို ဆွဲချွတ်ပြီး ပြောခဲ့တဲ့သရုပ်ဆောင်ချက်ဟာ ပရိသတ်ကို တုန်လှုပ်စေခဲ့တယ်။

Heath Ledger ဟာ ထိုဇာတ်ကောင်ကို ဘယ်လောက်ထိနှစ်မြှပ်ပြီး နေခဲ့သလဲဆိုတာ The Dark Knight ဇာတ်ကားထဲက Joker ရဲ့ Videos အခန်းတွေကို ကြည့်ရင် သိနိုင်ပြီ။ မှတ်မိကြတယ် မဟုတ်လား။ လူတစ်ယောက်ကို Batman costume ပေးဝတ်လိုက်ပြီး နှိပ်စက်နေတာကို မှတ်တမ်းတင်သဘောမျိုးရိုက်ကူးထားတဲ့ Videos လေးတွေလေ။ ထို Videos တွေကို Christopher Nolan ရိုက်ခဲ့တာမဟုတ်ပဲ Heath Ledger ကိုယ်တိုင်ရိုက်ကူးခဲ့တာလေ။

ဇာတ်ညွှန်းထဲမှာ မပါဝင်တဲ့တစ်ချို့ သရုပ်ဆောင်မှုတွေ Director ရဲ့ သင်ကြားပေးမှုမပါတဲ့ သရုပ်ဆောင်ခြင်းတွေကိုလည်း Heath Ledger ဖန်တီးခဲ့တယ်။ ဥပမာ .. Gordon ကို Commissioner အဖြစ် ရာထူးတိုးပေးလိုက်တယ်လို့ ပြောတဲ့အချိန်မှာ ထိုစကားတွေကို ထောင်အကျဉ်းစံထဲက ထိုင်နေတဲ့ Joker တစ်ယောက် ထပြီး လက်ခုတ်တွေ တီးပေးလိုက်တာပဲ။ သူတီးတဲ့ပုံစံကလည်း အားပေးတာမျိုးတော့မဟုတ်။ ထိုလက်ခုတ်ထတီးလိုက်တာ ဇာတ်ညွှန်းထဲမှာလည်း မပါဝင်ခဲ့ဘူး။ တိုက်ဆိုင်တဲ့အချိန်မှာ Heath Ledger တစ်ယောက် ရုတ်တရက်ထလုပ်လိုက်တဲ့ အပြုအမူပဲ။ မှန်တယ်လေ။ Joker ဆိုတဲ့ ဇာတ်ကောင်ဟာ အပြင်လောကမှာ တစ်ကယ်သာ ရှိပါက ထိုကဲ့သို့ ပင် ပြုမူမည် ဖြစ်ပေသည်။ နောက်ထပ် ထူးခြားတဲ့အခန်းတစ်ခုက ဆေးရုံကို ဗုံးဖောက်ခွဲတဲ့အခန်း။ ဇာတ်ညွှန်းထဲမှာ ပေါက်ကွဲမဲ့ဗုံးက အချိန်အနည်းငယ်ခန့် နောက်ကျမယ်လို့ ရေးသားထားပေမဲ့ ဗုံးမပေါက်ကွဲသေးလို့ ထိုဗုံးခလုတ်တွေကို ကစားနေပြီး တစ်ကယ်ထပေါက်တဲ့အခါ ကြောက်လန့် တကြားပြေးပြီး ကားပေါ်တက်တဲ့ ပုံစံသရုပ်ဆောင်ပြတာ Heath Ledger ရဲ့ ကိုယ်ပိုင် ဖန်တီးလိုက်တဲ့ သရုပ်ဆောင်ခန်းပဲ။ တစ်ကယ်ပါ။ တစ်ကယ်ကို အံ့သြစရာကောင်းလောက်အောင်ကို တော်လွန်းတဲ့ သရုပ်ဆောင်တစ်ယောက်ပေါ့။

Brokeback Mountain ဆိုတဲ့ဇာတ်ကားမှာ သူမရဲ့ မောင်ဖြစ်သူ Jake Gyllenhaal နဲ့ အတူတွဲသရုပ်ဆောင်ခဲ့ဖူးတာကြောင့် Maggie Gyllenhaal ဟာ Heath Ledger ကိုအပြင်မှာ မြင်ဖူးခဲ့ပါတယ်။ သို့ သော် The Dark Knight ဇာတ်ကားအတွက်တော့ သူမဟာ Heath Ledger ကို စတွေ့ တဲ့အချိန်က Bruce Wayne ရဲ့ Penthouse မှာ ကျင်းပနေတဲ့ Party ပွဲကို Joker တစ်ယောက် လာရောက် ဖျက်ဆီးတဲ့အခန်းပဲ။ ထိုအခန်းမှာ Joker က Rachel အဖြစ်သရုပ်ဆောင်ခဲ့သော ထို Maggie Gyllenhaal မင်းသမီးကို "Look at me!" လို့ ပြောခဲ့တာ မှတ်မိကြမှာပါ။ ဘာကြောင့် အဲ့လိုပြောခဲ့ရသလဲဆိုရင် Maggie ကိုယ်တိုင်ဟာ Heath Ledger သရုပ်ဆောင်နေတဲ့ Joker ကို တစ်ကယ် မကြည့်ရဲလောက်အောင် ကြောက်ရွံ့ နေခဲ့လို့ တဲ့။ ထိုအရာကို သူမရဲ့ Interviews တွေမှာ ဝန်ခံခဲ့တယ်။ သူမဟာ သူ့ မျက်နှာကို ကြည့်ရမှာ ကြောက်နေခဲ့လို့ တစ်ခြားတစ်နေရာကိုပဲ မျက်နှာကိုပဲ လွှဲကြည့်နေခဲ့တယ်တဲ့။

The Dark Knight ဇာတ်ကားတစ်ကားလုံးကို ယေဘုယျခြုံကြည့်မိတဲ့အခါ Joker တစ်ယောက် သူ့ ရဲ့ Victims တွေကို သတ်ဖြတ်သည်ဖြစ်စေ၊ တစ်စုံတစ်ရာ ပြုလုပ်တဲ့အခါ ထိုလူတွေရဲ့ မျက်လုံးတွေကို သူကြည့်မနေခဲ့ဘူး။ ဥပမာ Rachel ကို တိုက်ပေါ်ကပစ်ချလိုက်တဲ့အခန်းမှာ သူဟာ Rachel ရဲ့ မျက်နှာကိုလှည့်မကြည့်ပဲ ပစ်ချခဲ့တယ်။ ထို့ နောက် အထပ်လိုက်ပုံထားတဲ့ ပိုက်ဆံပုံကြီးကို သူမီးရှို့ လိုက်တဲ့အခန်းမှာလည်း သူဟာမီးစကို လှည့်မကြည့်ပဲ နောက်ပြန်ပစ်ခဲ့တာပဲ။ ပထမဆုံးခန်းမှာလည်း Bus ပေါ်က တစ်ခြားဓားပြအဖော်တစ်ယောက်ကို သေနတ်နဲ့ ပစ်တော့လည်း လှည့်မကြည့်ပဲ ပစ်သတ်ခဲ့တာ။ ဒါဟာ ထူးခြားတဲ့အရာတစ်ခုလို့ မဆိုနိုင်ပေမဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ခဲ့ကြတဲ့ Villains တွေထဲမှာတော့ တစ်ခါမှမမြင်ဖူးသေးတဲ့ အပြုအမူပဲ။ ထိုမျက်ဝန်းတွေကို သူမကြည့်ခဲ့တာ အကြောင်းအရင်းတစ်ခု Heath Ledger မှာ ရှိခဲ့တယ်လို့ ကျွန်တော်ထင်တယ်။ ထို့ အပြင် သူ ဓားကိုအသုံးပြုခြင်းကို ကျွန်တော်အရမ်းသဘောကျတယ်။ သူ ဓားကိုလက်နက်အဖြစ်ဘာကြောင့် အသုံးပြုရသလဲဆိုရင် လူသားတွေရဲ့ နောက်ဆုံးအချိန်ကို သေချာ အလေးထားပြီးကြည့်ချင်တာ။ လူတွေက သေခါနီးနောက်ဆုံးချိန်မှာ သူတို့ ဟာ ဘယ်လိုလူမျိုးလဲဆ

Coin Marketplace

STEEM 0.15
TRX 0.12
JST 0.025
BTC 56556.00
ETH 2492.21
USDT 1.00
SBD 2.22