Nokia2 Oreo Update
Nokia ကနေ ထုတ်လုပ်ထားတဲ့ Nokia 2 စမတ်ဖုန်းက မြန်မာနိုင်ငံမှာလည်း ရောင်းချနေတဲ့စမတ်ဖုန်းတစ်ခုဖြစ်ပြီးတော့ Budget ဖုန်းတစ်ခုဖြစ်တဲ့အတွက် ဈေးနှုန်းကလည်း ၁ သိန်းကျော်ပဲရှိသေးတာဖြစ်ပါတယ်။
အခုလိုမျိုး Budget ဖုန်းဖြစ်ပြီးတော့ ဈေးနှုန်းအနေနဲ့လည်း ၁ သိန်းကျော့်ပဲ ရှိနေပေမယ့် Nokia က ပြီးခဲ့တဲ့အချိန်တုန်းက Nokia 2 စမတ်ဖုန်းကို Android Oreo Update ပေးမယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
အခုလိုမျိုး အနိမ့်ဆုံး Budget ဖုန်းတစ်လုံးကို Android 8.1 Update ပေးတယ်ဆိုတာက တခြားသောစမတ်ဖုန်းတွေအတွက်တော့ မဖြစ်နိုင်ပေမယ့် အခုအချိန်မှာတော့ Nokia 2 ကိုင်ဆောင်သူတွေအနေနဲ့ Android 8.1 Update ကို Update တင်လို့ရပြီပဲဖြစ်ပါတယ်။
အခု Nokia 2 အတွက် Android 8.1 Oreo Update ကို အသုံးပြုချင်တယ်ဆိုရင်တော့ Nokia Website မှာ Beta Tester အနေနဲ့ Register ပြုလုပ်လို့ရမှာဖြစ်ပါတယ်။
source