ကစားသူရယ်နားသူရယ်

in #nextcolony6 years ago

y4njjukjc3.jpg

https://nextcolony.io

အာကာသဂိမ်းကြီးမှာ လက်ရှိကစားသူတွေနဲ့ နားသွားသူတွေဟာ အချိုးတူလောက်ဖြစ်သွားခဲ့ပါပြီ အရင်ကတော့ စတင်းမရသေးလို့ စောင့်ပြီးကစားကြပေမယ့် တကယ်တမ်းသူပေးလာတဲ့ အကျိုးအမြတ်ခွဲဝေမှုမှာတော့ မျှော်လင့်တာတွေအကုန် ပျောက်ပျက်သွားကြတယ်ဆိုတာတော့ သေချာပါတယ် ထင်သလို ဖြစ်မလာခဲ့ကြပါဘူး ပေးပုံပေးနည်းက တော်တော်လေးကို ပညာသားပါလွန်းလှပါတယ် မပေးတာလည်းမဟုတ် သို့သော်လည်း ရကမရ ဖြစ်နေခဲ့ပါတယ် ဒါကို နားလည်စပြုလာတဲ့ ကစားသူတွေအတော်များများ နောက်ပြန်ပြေးကြတော့တာပါဘဲ မပြေးလို့လည်း အချိန်ကုန်တာဘဲ အဖက်တင်တော့မယ်လေ ကစားနိုင်သူတွေတောင် ခေါင်းအတော်စားရတဲ့ ကစားနည်းဖြစ်နေခဲ့ပါပြီ
နောက်တစ်ချက်ကတော့ မကြာခင်က ထွက်ရှိလာတဲ့ စပိန်ဂိမ်းသ်စ်လေးကြောင့် ကစားသူတွေ အာရုံများသွားစေပါတယ် ဂိမ်းအသစ်ဆိုတော့ သူလည်း ကစားချင် ကိုယ်လည်း ကစားချင် စတင်းတွေကိုလည်း လွယ်လွယ်ပြန်ပေးမယ့် အခြေအနေဆိုတော့ အာကာသ၈ိမ်းလို မျှော်နေစရာမလို မသေချာတာနဲ့ သေချာတာဆိုတော့ေ၇ွးတက်ရပါပြီ
ကစားလို့လည်း ကောင်းမယ့်အခြေအနေဆိုတော့ ဂိမ်းမှာ တခြားရွေးစရာမရှိတုန်းက ကစားခဲ့သော်လည်း အခုလို ရွေးစရာရှိလာတောု့ယှဉ်ရပြိလေ
တကယ့်ကို ကစားအားကောင်းသူတွေတောင် ပြောင်းပြေးကြပါပြီ မျှတကစားဖို့ကလည်း တော်တော်မလွယ်တော့ဘူး အချိန်က ပေးရမှာဆိုတော့ နောက်ဂိမ်းကိုဘဲ လူတွေအာရုံပိုစိုက်လာပါတယ် အခုဂြိုလ်ရှာတဲ့နယ်မြေတွေမှာ ဂြိုလ်မီးရှို့တာတွေ များစွာ တွေ့နေရပါတယ် ရှိတာတွေ ရောင်းပြီး နားကြပြီလို့ ဆိုနိုင်ပါတယ်
ကိုယ်တွေလည်း သိပ်တော့ မပျော်နိုင်ပါဘူး ကစားသူတွေနည်းသွားတော့ တိုက်ခိုက်မှုတွေလည်း နည်းသွားတယ်လေ ဒိဗတာ့အေးအေးဆေးဆေး ဂြိုလ်ရှာလို့ ရမှာပါ ဒါကြောင့် အရင်ထက်ပိုပြီး အားစိုက်ရှာကြည့်နေယတ် အဲ့သလို အားစိုက်ရှာတာကိုဘဲ ဂြိုလ်အသစ်က တော်တော်နဲ့ မတွေ့နိုင်သေးဘူး တော်တော်လေးရှားပါးစပြုနေပါပြီ
ဂြိုလ်တွေက တန်ဖိုးရှိလာတော့ ရှာနေဦးမှာပါ တစ်လုံးရလည်း မနည်းပါဘူး
@bobokyaw

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.098
BTC 64696.50
ETH 1922.51
USDT 1.00
SBD 0.39