KnowledgesteemCreated with Sketch.

in #news6 years ago

ကိုယ်ကောင်းနေဖို့ သာ လိုအပ်ပါတယ်


လူတွေမှာ ကြောက်စရာအကောင်းဆုံး လက်နက်က
ဘာလည်း
မသိရင်မှတ်ထား
👉 လူတဖက်သားအပေါ် မနာလိုစိတ်
ဒီစိတ်ကြောင့် လူတဖက်သားပေါ် မကောင်းစိတ်ထားရင်
ဘယ်သူစပြီး ပူလောင်ရလည်း
ကိုယ်ပဲ စပြီး ပူလောင်ရတာ
ကိုယ်ပဲ စပြီး ဒုက္ခတွေ့ တာ
ကိုယ်ပဲ လူမုန်းခံရတာ
အကုသိုလ်တွေ ကိုယ်ပဲ ရိတ်သိမ်းရတာ
လူတစ်ယောက် ရှေးရေစက်ကြောင့် ကြုံဆုံလာခဲ့ပြီ
ဆက်ဆံခဲ့ ရပြီဆိုရင် ကိုယ့်ထက် သာနေသူဖြစ်ပါစေ
ကိုယ့်ထက် နိမ့်ကျသူဖြစ်ပါစေ ဘယ်သောအခါမှ
မလိုစိတ်မထားပါနဲ့  ။

နိမ့်ကျသူဖြစ်နေရင် လက်တွဲခေါ်ယူပါ " ကိုယ့်ထက်သာသူ
ဖြစ်နေရင် အတုယူတတ်တဲ့ အကျင့်လုပ်ပါ ။
လူတချို့ ရှိတယ် ကိုယ့်ထက်နိမ့်ကျနေရင် နိုင်ထက်စီးနင်း
ဆက်ဆံတယ် ။
ကိုယ့်ထက်သာရင် ရှေ့ တင်ကျ ခခယယ ပြုံးပြုံးလေး
ဆက်ဆံပြပြီး နောက်ကွယ်ကျ မကောင်းကြောင်းတွေပြော
ချောက်ချဖို့  တဖက်လူရဲ့ဟာကွက်ကို ချောင်းမြောင်းနေ
တတ်ကြတယ် ။

ကျမ မိဘဆုံးမခဲ့တဲ့စကားရှိတယ်
👉 ဘယ်သူ့ အပေါ်မှ မနာလိုစိတ်မထားနဲ့  ကိုယ်လည်း
သူလို့ ဖြစ်အောင်ကြိုးစားပါ …
👉 သူမကောင်းလည်း ကိုယ့်မေတ္တာမပျက်နဲ့ 
သူ့ စရိတ်နဲ့  သူသွားလိမ့်မယ် …
👉 ဒုက္ခရောက်နေသူတွေကိုလည်း မျက်နှာမလွဲနဲ့ 
ကုသိုလ်ယူတယ်ဆိုတာ ယူတတ်တဲ့သူအပေါ်မှာဘဲရှိတယ် …
👉 ကိုယ်ကူညီခဲ့တာ အမှတ်မထားနဲ့ 
ဘယ်က တစ်ပြည် ထွက်ရင် ညာကတစ်တင်းဝင်လိမ့်မယ် …
👉 အောင်မြင်မှုကို လုပ်မယူနဲ့ 
ရေတပွက်စာအချိန်နဲ့  အဆုံးသတ်လိမ့်မယ် …
👉 ရန်ကိုရန်ချင်း မတုန့် နှင်းနဲ့ 
အနိုင်လိုသူကို နှုတ်ဆိတ်နေခြင်းနဲ့ အနိုင်ယူပါ …
ဒီဆုံး စကားတွေအားလုံးကို အသက်ထက်မက
တန်ဖိုးထားတယ် လိုက်နာကျင့်သုံးခဲ့ပါတယ် …။

မေတ္တာဆိုတာ ပေးပြီးကတည်းက အတုန့် အလှည့်ကို
မျှော်စရာ မလိုပါဘူး ။
ဒီလူ့ ကိုပေးလိုက်တယ် သူ့ ဆီက ရောင်ပြန်မလာလည်း
တခြားလူတွေက ထပ်တူညီတဲ့ မေတ္တာတွေ ကိုယ့်အပေါ်
ကျရောက်လာမှာပါ ။

မနာလိုစိတ်ကြီးတဲ့ သူတွေတိုင်းကြည့်လိုက်
အောင်မြင်လည်း ခဏတာဘဲ ဘာလို့ လည်းဆိုရင်
သူများကို တက်နင်း အသုံးချပြီးမှ သူတို့ အောင်မြင်
လာတာလေ ။
အခြေခံ မသိတော့ ဘယ်လိုလုပ် အုတ်မြစ်ခိုင်မာပါ့မလည်း
မနာလိုစိတ်တစ်ခုထဲနဲ့  အတင်းလုပ်ယူခဲ့တာ
လူတွေသိလာတဲ့နေ့  အရှုံးနဲ့  နိဂုံးချုပ်သွားရတာပါဘဲ ။

လူတိုင်းမှာကိုယ်စီ ဘဝ အခက်ခဲတွေရှိလို့ 
ပျော်အောင်နေပါလို့ တော့ မပြောချင်ဘူး ဒါပေမဲ့
စိတ်ကိုသန့် အောင်ထားပါလို့  တိုက်တွန်းချင်တယ် ။
မလိုစိတ်ဆိုတဲ့ အညစ်အကြေးတွေကို အဝင်မခံပါနဲ့ ။

ကိုယ့်ထက်သာသူကို မနာလိုစိတ်ထားနေမဲ့အစား
အဲ့ဒီလူ ဒီနေရာကို ဘယ်လိုရောက်လာတာလည်း
အခြေခံက အစလိုက်နာ ကျင့်သုံးပါ ။
သူဘယ်လိုရပ်တည်နေလည်း အတုယူပါ ။
အောင်မြင်မှုကို မလိုရှုစိမ့်နဲ့  ဖျက်လိုဖျက်စီးလုပ်ပါနဲ့ 
ကိုယ်ချင်းစာစိတ်မွေးပါ ။
ဘယ်သူကောင်း၏ မကောင်း၏သိဖို့ ထက်
ကိုယ့်ကိုကိုယ်သာ အကုသိုလ်နည်းပြီး ကောင်အောင်
နေပါ ။

လောကကြီးမှာ ခွေးချင်းတူတာတောင် သူဌေးမွေးတဲ့ခွေးမှ
တန်ဖိုးရှိတယ်ထင်တဲ့ လူတွေကြားထဲ
လူတဖက်သားအပေါ် မလိုစိတ်နဲ့  တိုက်ခိုက်နေမဲ့အစား
ကိုယ့်ဘဝကို အကောင်းဆုံးဖန်တီးရင် လူပီသစွာ
အသက်ရှင်သန်ဖို့ နဲ့  ကိုယ်ကောင်းနေဖို့ သာ အရေးကြီးပါတယ် ။

#MayNoe (27/6/2017)
စာကိုနှစ်သက်ရင် လွတ်လပ်စွာ share နိုင်ပါတယ်ရှင်
copy ယူလျှင် ရေးသူကို credit ပေးပေးပါ ။ image

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.030
BTC 63476.83
ETH 3413.43
USDT 1.00
SBD 2.50