နေပြည်တော် ကျောက်စိမ်းမြို့တော်ဟိုတယ်ရှိ တရားမ၀င်အနှိပ်ခန်းနှင့် ကာရာအိုကေကို ဖမ်းဆီး

in #news7 years ago

နေပြည်တော် ကျောက်စိမ်းမြို့တော်ဟိုတယ်ရှိ
တရားမ၀င်အနှိပ်ခန်းနှင့် ကာရာအိုကေကို ဖမ်းဆီး


နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်ရှိ ကျောက်စိမ်းမြို့တော်ဟိုတယ်(Jade City Hotel)ရှိ တရားမ၀င်အနှိပ်ခန်း၊ ကာရာအိုကေနှင့် လိုင်စင်မဲ့အရက်ဘီယာရောင်းချခြင်းကို သက်ဆိုင်ရာနယ်မြေတာဝန်ရှိသူများက ၀င်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ဇူလိုင် ၃ ရက် ည ၁၁နာရီကျော်က ဥတ္တရသီရိမြို့နယ်၊ ဟိုတယ်ဇုန် ၂ ရှိ ကျောက်စိမ်းမြို့တော်ဟိုတယ်(Jade City Hotel)တွင် တရားမ၀င်အနှိပ်ခန်း၊ ကာရာအိုကေနှင့် လိုင်စင်မဲ့ အရက်ဘီယာရောင်းချခြင်းတို့ပြုလုပ်နေကြောင်း သတင်းရရှိသဖြင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များနှင့် ရဲတပ်ဖွဲ့ဝင်များပူးပေါင်းကာ ၀င်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ဝင်ရောက်ဖမ်းဆီးရာတွင် ကျောက်စိမ်းမြို့တော်ဟိုတယ်(Jade City Hotel)မန်နေဂျာ ထွန်းထွန်းဝင်း(၃၁ နှစ်) နှင့်အတူ ကာရာအိုကေ တွင်လုပ်ကိုင်သူ အမျိုးသမီး ၇ ဦး၊ အနှိပ်သမ ၈ ဦးတို့ကို ဖမ်းဆီးခဲ့ပြီး လိုင်စင်မဲ့ အရက်၊ ဘီယာများ၊ ကာရာအိုကေနှင့် ပတ်သက်ဆက်စပ်သည့် ပစ္စည်းများကို သိမ်းဆည်းခဲ့ကြောင်း သိရသည်။
ယခုအခါ တရားမ၀င်အနှိပ်ခန်း ဖွင့်လှစ်မှုနှင့် ပတ်သက်၍ မန်နေဂျာ ထွန်းထွန်းဝင်းနှင့် တရားမ၀င် ကာရာအိုကေနှင့် အနှိပ်ခန်းတွင် လုပ်ကိုင်သူအမျိုးသမီး ၁၅ ဦးအား ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၈၈ ဖြင့်လည်းကောင်း၊ သိမ်းဆည်းရမိသော အရက်၊ ဘီယာများကို ဘုရားကုန်းရဲစခန်းက (ပ)၃၁၉/၂၀၁၇ ယစ်မျိုးဥပဒေ ၃၀(ခ)အရလည်းကောင်း၊ ကာရာအိုကေနှင့် ပတ်သက်ဆက်စပ်သည့် ပစ္စည်းများကို (ပ)၃၂၀/၂၀၁၇ ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေ ၃၂ (က)အရ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ထွန်း(နေပြည်တော်)
news watch

Sort:  

Congratulations @sithuaung! You have completed some achievement on Steemit and have been rewarded with new badge(s) :

You made your First Vote
You published your First Post
You got a First Vote
Award for the number of upvotes
Award for the number of upvotes received
You made your First Comment

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.028
BTC 66052.74
ETH 3320.33
USDT 1.00
SBD 2.69